မော်လမြိုင်ဘူတာ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 16°28′17″N 97°38′8″E / 16.47139°N 97.63556°E / 16.47139; 97.63556

မော်လမြိုင် ဘူတာ
Mawlamyine Railway Station
မော်လမြိုင်ဘူတာ
တည်နေရာမော်လမြိုင်မြို့
မွန်ပြည်နယ်မြန်မာနိုင်ငံ
ကိုဩဒိနိတ်16°28′17″N 97°38′8″E / 16.47139°N 97.63556°E / 16.47139; 97.63556
သမိုင်းကြောင်း
ပြန်လည်တည်ဆောက်၂၀၀၆

မော်လမြိုင် ဘူတာသည် မော်လမြိုင်မြို့မွန်ပြည်နယ် ပဲခူး-မော်လမြိုင်- ထားဝယ် လမ်းပိုင်းပေါ်တွင် တည်ရှိသည်။ နှစ်ထပ်ဘူတာရုံသည် ၂၉၀ ပေ (၈၈ မီတာ) ရှည်လျားကာ ၁၁၀ ပေ (၃၄ မီတာ) ကျယ်ဝန်းပြီး ကြမ်းပြင်ဧရိယာ စုစုပေါင်း ၆၃၈,၀၀၀ စတုရန်းပေ ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗြိတိသျှကိုလိုနီခေတ်တွင် မော်လမြိုင် ဘူတာ(Moulmein Railway Station)သည် တနင်္သာရီကမ်းရိုးတန်းတွင် မော်လမြိုင်-ရေး ရထားလမ်းပိုင်း၏ အစ သီးခြားဘူတာအဖြစ်သာ ရှိခဲ့ပြီး ပင်မရထားလမ်းနှင့် မဆက်ရသေးချေ။ ရန်ကုန်မှလာသော ရထားသည် မုတ္တမမြို့တွင်ရပ်ပြီး ခရီးသည်များသည် ကူးတို့လှေဖြင့် သံလွင်မြစ်ကို ဖြတ်ကာ မော်လမြိုင်သို့ ကူးရသည်။ ၂၀၀၆ ခုနှစ်တွင် သံလွင်တံတားတည်ဆောက်ပြီးသောအခါ ပင်မရထားလမ်းနှင့်ဆက်သွယ်ပြီး တိုက်ရိုက်သွားလာနိုင်ခဲ့သည်။ ဘူတာရုံသစ်ကို အများအပြောအရ "အာဆီယံအဆင့်မှီ ဘူတာရုံ"အဖြစ် တည်ဆောက်ခဲ့ပြီး ၁၇ ဧပြီ ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[၂] ဘူတာရုံ မြေနီကုန်း(Myenigon)အနီး မော်လမြိုင်မြို့မဈေးကြီး၏ အရှေ့ဘက် ၃ ကီလိုမီတာအကွာတွင် တည်ရှိသည်။[၃]

ဝန်ဆောင်မှု[ပြင်ဆင်ရန်]

ဘူတာရုံသည် နိုင်ငံ၏ ၅,၀၆၈-ကီလိုမီတာ (၃,၁၄၉-မိုင်) ရှည်လျားသော အမျိုးသားရထားကွန်ယက်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။[၄] မြန်မာ့မီးရထားမှ ရန်ကုန်နှင့် မော်လမြိုင်သို့ ရထားနှစ်စင်း ပြေးဆွဲရာ ပထမအစုန်ရထားသည် ရန်ကုန်မှ မနက် ၇ နာရီတွင် ထွက်ခွာခဲ့ပြီး မော်လမြိုင်သို့ ညနေ ၅ နာရီတွင် ရောက်ရှိသည်။ ဒုတိယအစုန်ရထားသည် ရန်ကုန်မှ ညနေ ၆ နာရီတွင် ထွက်ခွာခဲ့ပြီး မော်လမြိုင်သို့ နံနက် ၄ နာရီအချိန်တွင် ရောက်ရှိသည်။ မော်လမြိုင်မှ ပထမအဆန်ရထားသည် မနက် ၆ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီအချိန်တွင် ဆိုက်ရောက်သည်။ ဒုတိယ အဆန်ရထားသည် မော်လမြိုင်မှ ည ၉ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ မနက် ၈ နာရီတွင် ဆိုက်သည်။[၃]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

မော်လမြိုင် ရထားဘူတာရုံ Archived 19 February 2015 at the Wayback Machine.

ကိုးကား[ပြင်ဆင်ရန်]

  1. "Mawlamyine Railway Station, Thanlwin Bridge (Mawlamyine) rail bridge open"၊ The New Light of Myanmar၊ 2006-04-19။ 19 March 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 22 October 2007။ 
  2. Htar Htar Khin. "New shop houses near ‘ASEAN railway station’". The Myanmar Times.  မော်ကွန်းတင်ပြီးမိတ္တူ။ 11 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 March 2016 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Mawlamyine Train Station။ Mawlamyine.com။ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-28 တွင် ပြန်စစ်ပြီး။
  4. Dieter Hettler (2004-11-01). "Update from Myanmar". Railway Gazette.