မောက်တို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မောက်တိုဆောင်းထားသော မြန်မာရဲမက်များ ပန်းချီ
တပ်မတော် (ကြည်း) တံဆိပ် ဖြစ်သည့် မောက်တိုနှင့် ဓားလှံကြက်ခြေခတ်ပုံ

မောက်တိုသည် အင်းဝခေတ်မှသည် ကုန်းဘောင်ခေတ်အထိ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာတို့၏ စစ်သုံးဦးဆောင်း ဖြစ်သည်။ ထို့အတူမွန်ရှမ်းယိုးဒယားတို့လည်း အသုံးပြုသည်ကို တွေ့ရသည်။ ကျောင်းသုံးစာအုပ်တွင် မောက်တိုအား ထိပ်ဖူးတပ်ဦးဆောင်းတစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပုဂံခေတ်တွင် မောက်တိုဆောင်းသည်ကို မတွေ့ရချေ။ အင်းဝခေတ်မှ စတင်အသုံးပြုသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ အင်းဝခေတ်သည် ရှမ်းတို့ ကြီးစိုးသောခေတ်ဖြစ်ရာ မောက်တိုယဉ်ကျေးမှုသည် ရှမ်းတို့ထံမှ ဆင်းသက်သည်ဟု ယူဆရသည်။ မောက်တိုသည် အခြား တရုတ်၊ ရောမ၊ ဂရိတို့၏သံခမောက်များနှင့် ပုံစံမတူပါ။ အနားပတ်လည် ပါရှိသည်။ တပ်သားအဆင့်မှသည် ဗိုလ်အဆင့်အထိ မောက်တိုဆောင်းရသည်။ တပ်မှူးများအဆင့်တွင် မောက်ရှည် သို့မဟုတ် မောက်လူဟုခေါ်သော အလှဆင်ထားသည့် ဦးဆောင်းကို အသုံးပြုသည်။ ယခုခေတ်တွင် မောက်တိုကိုဂုဏ်ပြုသည့်အနေဖြင့် တပ်မတော်(ကြည်းတပ်) တံဆိပ်တွင် မောက်တိုပုံ၌ ဓားနှင့် လှံ ကြက်ခြေခတ်ထားသည့်ပုံကို အသုံးပြုသည်။ ဘုရားပွဲများတွင် ကလေးကစားစရာအဖြစ် စက္ကူဖြင့်ပြုလုပ်ထားသော မောက်တိုများ ရောင်းချသည်ကို တွေ့နိုင်သည်။ ဗန္ဓုလဦးထုပ်ဟု ခေါ်ကြသည်။

မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -