မိုးအောင်
ဗိုလ်ချုပ်ကြီး မိုးအောင် | |
---|---|
မိုးအောင် ၂၀၁၆ ခုနှစ်တွင် ရုရှားရေတပ် သင်္ဘောသို့ လာရောက်လည်ပတ်ခဲ့ | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၅ မေ ၂၀၂၄[၁] | |
ယခင်လူ | ကိုကိုလှိုင် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၂၄ – ၅ မေ ၂၀၂၄ [၂] | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | အောင်ကျော်ဟိုး |
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၈ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် |
ကာကွယ်ရေးဦးစီးချုပ်(ရေ) | |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် |
စစ်ဦးစီးအရာရှိချုပ်(ရေ) | |
တာဝန်သက်တမ်း ၂၀၁၅ – ၂၀၂၁ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် |
ကိုယ်ရေး အချက်အလက်များ | |
ကြင်ဖော်(များ) | အေးခိုင်ညွန့် |
ဖခင် | ဦးအောင်သောင်း |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ရေ) |
ရာထူး | ဗိုလ်ချုပ်ကြီး |
တပ် | ကက(ရေ) |
ဗိုလ်ချုပ်ကြီး မိုးအောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်သည်။[၃]ယင်းမတိုင်ခင် သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး[၄] နှင့် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် ဦးအောင်သောင်း၏ သားလည်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၈)မှဖြစ်ကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ယခင် - ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း)၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာစစ်ရေယာဉ်စုများ၊ ရေတပ်စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ရာထူး၌ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင် ၎င်း စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ) ရာထူးသို့ ခန့်အပ်ခံခဲ့ရသည်။[၅]၂၀၂၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကောင်စီဝင်သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာပိုင် ကိုကိုးကျွန်းနှင့်မဝေးသော အိန္ဒိယပိုင် ကပ္ပလီကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်တွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ကြေညာထားချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာခဲ့ရာ[၆][၇] ဤသည်မှာ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ရေ)၏ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အနားပေးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ။ MOI Myanmar (၁၉ မေ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄ ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၅ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ။ MOI Myanmar (၂၈ ဧပြီ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာ"။
- ↑ တပ်မတော်က ဘင်္ဂလားပင်လယ်အော်အတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်လေ့ကျင့်မှုများ ယနေ့စတင်မည် ဖြစ်ကြောင်း ထုတ်ပြန် (in my)။ Eleven Media Group (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု (in my) (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။