နှစ်ပေါင်း ၁၃.၈ ဘီလီယံအား တစ်နှစ်တည်းအဖြစ် ကားလ် ဆေဂန်မှ သရုပ်ပြထားပုံ၊ မဟာစကြဝဠာ ပေါက်ကွဲမှုကြီးသည် ဇန်နဝါရီ (၁) သန်ခေါင်ယံတွင်ဖြစ်ပြီး လက်ရှိအချိန်သည် ဒီဇင်ဘာ (၃၁) သန်ခေါင်ယံတွင်တည်ရှိသည်။ လူသားတို့၏သမိုင်းသည် မျက်စိတမှိတ်လောက်သာကြာမြင့်သည်၊ တစ်စက္ကန့်၏ လေးပုံတစ်ပုံစာမျှလောက်သာ ရှိသည်။
မဟာစကြဝဠာ ပြက္ခဒိန် (အင်္ဂလိပ်: Cosmic Calendar) သည် သက်တမ်း နှစ်ပေါင်း ၁၃.၈ ဘီလီယံရှိသော စကြဝဠာ၏သက်တမ်းအား တစ်နှစ်တည်းအဖြစ် ပုံဖော်ရန်
စီမံထားခြင်းဖြစ်သည်။ ဤသရုပ်ဖော်ပြချက်တွင် မဟာစကြဝဠာ ပေါက်ကွဲမှုကြီးသည် ဇန်နဝါရီလ (၁) ရက်နေ့ သန်ခေါင်ညံဖြစ်ပြီး ယခုလက်ရှိ
အချိန်သည် ဒီဇင်ဘာလ (၃၁) ရက်နေ့ သံခေါင်ယံအချိန်သို့ ပြီးဆုံးမည်ဖြစ်သည်။ ဤစကေးတွင် တစ်စက္ကန့်လျင် ၄၃၈ နှစ်၊ တစ်နာရီလျင် ၁.၅၈ မီလီယံနှစ်၊ တစ်ရက်လျင် ၃၇.၈ မီလီယံနှစ်နှုန်း အသီးသီးရှိကုန်ကြသည်။ ဤအတွေးအခေါ်အား ကားလ် ဆေဂန် (Carl Sagan) မှ သူ၏စာအုပ်ဖြစ်သော The Dragons of Eden နှင့် တီဗွီဇာတ်လမ်းတွဲ Cosmos တွင် ဖော်ပြခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် Neil deGrasse Tyson ဆိုသူမှ
Cosmos: A Spacetime Odyssey ဟုပြန်လည် ပြသခဲ့သည်။ ယင်းတီဗွီဇာတ်လမ်းတွင်လည်း မဟာစကြဝဠာ ပြက္ခဒိန်ဟု ရည်ညွန်းခဲ့လေသည်။ ဆေဂန်သည် မဟာစကြဝဠာ ပြက္ခဒိန်အား ဘောလုံးကွင်းတစ်ခုနှင့် နှိုင်းယှဉ်ပြကာ လူသားတို့၏သမိုင်းကိုမူ သူ့၏လက်ဖဝါးအရွယ်အစားဖြင့် နှိုင်းယှဉ်ပြခဲ့လေသည်။
နှစ်မှ ရက်သို့ပြောင်းရာတွင် အောက်ပါဖော်မျူလာဖြင့် တွက်ချက်ထားသည်။
နေ့ရက် (T) = ၃၆၅.၂၅*(၁-T_bya/၁၃.၈)
ကမ္ဘာမြေပေါ် သက်ရှိတို့ဆင့်ကဲ့ပြောင်းလဲမှု
[ပြင်ဆင်ရန်]
| ရက်စွဲ | ဘီလီယံနှစ် | ဖြစ်ရပ် |
| ၁၄ စက်တင်ဘာ | ၄.၁ | ဩစထရီလီယားအနောက်ဘက်ခြမ်းတွင် နှစ်ပေါင်း ၄.၁ ဘီလီယံ သက်တမ်းရှိသော ဇီဝသက်ရှိရုပ်ကြွင်းအား တွေ့ရှိ၊[၁][၂] |
| ၂၁ စက်တင်ဘာ | ၃.၈ | ပထမဆုံး သက်ရှိ (prokaryotes)[၃][၄][၅] |
| ၂၂ အောက်တိုဘာ | ၃.၄ | ဖိုတိုစင်းသစ်စစ် |
| ၂၉ အောက်တိုဘာ | ၂.၄ | လေထုတွင် အောက်ဆီဂျင် ဖြစ်တည် |
| ၉ နိုဝင်ဘာ | ၂ | ရှုပ်ထွေးသော ဆဲလ်များ (eukaryotes) |
| ၅ ဒီဇင်ဘာ | ၁ | ပထမဆုံး မာတီဆဲလ်လူလာ သက်ရှိ |
| ၇ ဒီဇင်ဘာ | ၀.၆၇ | ရိုးရှင်းသည့် သတ္တဝါ |
| ၁၄ ဒီဇင်ဘာ | ၀.၅၅ | အာထရိုပေါ့များ (အင်းဆက်တို့၏ ဘိုးဘေးများ) |
| ၁၇ ဒီဇင်ဘာ | ၀.၅ | ငါးများနှင့် ရှေးပြေး ကုန်းနေရေနေသတ္တဝါများ |
| ၂၀ ဒီဇင်ဘာ | ၀.၄၅ | ကုန်းနေအပင်များ၏ ဆင့်ကဲ့ပြောင်းလဲမှု |
| ၂၁ ဒီဇင်ဘာ | ၀.၄ | အင်းဆက်များနှင့် အစေ့များ |
| ၂၂ ဒီဇင်ဘာ | ၀.၃၆ | ကုန်းနေရေနေသတ္တဝါများ |
| ၂၃ ဒီဇင်ဘာ | ၀.၃ | တွားသွားသတ္တဝါများ |
| ၂၄ ဒီဇင်ဘာ | ၀.၂၅ |
ပါမီယမ်-ထရိုင်ယန်ဆစ် မျိုးသုဉ်းမှု (မျိုးစိပ်ပေါင်း ၉ဝ ရာခိုင်နှုန်း သေဆုံး) |
| ၂၅ ဒီဇင်ဘာ | ၀.၂၃ | ဒိုင်နိုဆောများ |
| ၂၆ ဒီဇင်ဘာ | ၀.၂ | နို့တိုက်သတ္တဝါများ |
| ၂၇ ဒီဇင်ဘာ | ၀.၁၅ | ငှက် |
| ၂၈ ဒီဇင်ဘာ | ၀.၁၃ | ပန်း |
| ၃၀ ဒီဇင်ဘာ ၀၆:၂၄ | ၀.၀၆၅ | ခရီတာစီယပ်-ပေလီယိုဂျင် မျိုးသုဉ်းမှု (ငှက်မျိုးနွယ်ဝင်မဟုတ်သော ဒိုင်နိုဆော့များ သေဆုံး)[၆] |
| ရက်စွဲ / အချိန် | မီလီယံနှစ် | ဖြစ်ရပ် |
| ၃၀ ဒီဇင်ဘာ | ၆၅ | ပရိုင်းမစ် |
| ၃၁ ဒီဇင်ဘာ ၀၆:၀၅ | ၁၅ | လူဝံ |
| ၃၁ ဒီဇင်ဘာ, ၁၄:၂၄ | ၁၂.၃ | ဟိုမင်နစ် |
| ၃၁ ဒီဇင်ဘာ ၂၂:၂၄ | ၂.၅ | ကျောက်ခေတ် |
| ၃၁ ဒီဇင်ဘာ ၂၃:၄၄ | ၀.၄ | မီးအား အလိုရှိသလို ထိန်းချုပ်နိုင်ခြင်း |
| ၃၁ ဒီဇင်ဘာ ၂၃:၅၂ | ၀.၂ | ခေတ်သစ် လူသားများ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၅ | ၀.၂၂ | ရေခဲခေတ်ကာလ စတင် |
| ၃၁ ဒီဇင်ဘာ ၂၃:၅၈ | ၀.၀၃၅ | ပန်းပု ပန်းချီများ ရေးဆွဲခြင်း |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၃၂ | ၀.၀၁၂ | စိုက်ပျိုးရေး |
| ရက်စွဲ / အချိန် | kya | ဖြစ်ရပ် |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၆ | ၆.၀ | ပထမဆုံး မြို့ပြများ တည်ဆောက်ခြင်း |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၇ | ၅.၅ | ကြေးခေတ် |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၈ | ၅.၀ | အီဂျစ်တွင် ပထမဆုံး မိသားစုဝင်အား ထိန်းသိမ်းခြင်း၊ နက္ခတ္တဗေဒ။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၉ | ၄.၅ | အက္ခရာ၊ အာကေဒီယန်း အင်ပါယာ၊ လှည်းဘီး။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၁ | ၄.၀ | ဟာမူရာဘီ ရာဇသတ်ပုဒ်မ၊ အီဂျစ် တိုင်းပြည် ခေတ်လယ်။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၂ | ၃.၅ | အရှေ့ဘက်ခြမ်းတွင် သံခေတ်သို့ရောက်ရှိ။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၃ | ၃.၀ | အစ္စရေးတိုင်းပြည်၊ ရှေ့ဟောင်း အိုလံပစ် အားကစား။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၄ | ၂.၅ | ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ အာရှိကန် အင်ပါယာ၊ ယူကလစ် ဂျီအော်မေထရီ၊ အာခီးမိဒီး ရူပဗေဒ၊ ရိုမန် သမ္မတနိုင်ငံတော်။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၅ | ၂.၀ | ပတိုလိမစ် နက္ခတ္တဗေဒ၊ ရိုမန် အင်ပါယာ၊ ယေရှု၊ ဂဏန်း သုညအား တီထွင်။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၆ | ၁.၅ | မိုဟာမက်၊ မာယာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၊ ဘိုင်ဇန်တိုင်း အင်ပါယာ။ |
| ၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၈ | ၁.၀ | မွန်ဂို အင်ပါယာ၊ ခရစ္စတိုဖာ ကိုလံဘတ်မှ အမေရိကားသို့ ခရီးစတင်။ |