အလင်းမှီစုဖွဲ့ခြင်း

ဝီကီပီးဒီးယား မှ
(ဖိုတိုစင်းသစ်စစ် မှ ပြန်ညွှန်းထားသည်)
အပင်၌ အလင်းမှီစုဖွဲ့ခြင်းပုံစံ

ဖိုတိုဆင်းသီးဆစ် ခေါ် အလင်းမှီစုဖွဲ့ခြင်း (အင်္ဂလိပ်: Photosynthesis ) သည် အပင်နှင့်အချို့သက်ရှိများ သုံးသည့် ဆဲအသက်ရှုနည်းဖြင့် အလင်းစွမ်းအင်မှ ဓာတုစွမ်းအင်သို့ ကူးပြောင်းသော နည်းစဉ်တခု ဖြစ်သည်။ [၁][၂][၃] ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ကို အလင်းစွမ်းအင်သုံးကာ သကြားဓာတ်ကဆီဓာတ် စသော ကာဘိုဟိုက်ဒရိတ်မော်လီကျူးများအဖြစ် ပြောင်းလဲပြီး ဓာတုစွမ်းအင်အဖြစ် သိုလှောင်ခြင်းတည်း။ ရသော ဓာတုစွမ်းအင်ကို ၎င်းတို့လုပ်ဆောင်ချက်များအတွက် လောင်စာအဖြစ် သုံးသည်။ ဖိုတိုဆင်းသဆစ်ဟူသောဝေါဟာရမှာ ဂရိစကား အလင်းဟု အဓိပ္ပာယ်ရသည့် ဖို (φῶς) နှင့် ပေါင်းစပ်ခြင်းဟု အဓိပ္ပာယ်ရသော ဆန်းသဆစ် (σύνθεσις) တို့ကို စုရုံးခေါ်ဝေါ်ခြင်း ဖြစ်၏။[၄][၅][၆] များသောအားဖြင့် စွန့်ပစ်ပစ္စည်းအဖြစ် အောက်ဆီဂျင်ကို ထုတ်ပေးသည်။ အပင်ရေညှိနှင့် ဆိုင်ယန်နိုဘက်တီးရီးယားတို့သည် ဤနည်းကိုသုံးကာ အစာချက်ကြသဖြင့် အလင်းသုံးအစာချက်သက်ရှိများ (photoautotrophs) ဟု ခေါ်သည်။ ဖိုတိုဆင်းသဆစ်သည် ကမ္ဘာ့လေထုရှိ အောက်ဆီဂျင်ပါဝင်မှုကို အဓိကဖြစ်စေတည်စေသော အကြောင်းခံဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ အဓိကလိုအပ်သောစွမ်းအင်ကို ထောက်ပံ့ပေးသည်။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုနေ (ရုက္ခ)။ "မြမြစိမ်းစိမ်း လန်းလန်းလှလှ စိုစိုပြေပြေ"။ ရတနာပုံနှစ်လည်မဂ္ဂဇင်း။ ၂၀၁၂-၁၃။ စာ ၁၅၃။
  2. မောင်တင်ဦး (ရုက္ခ)။ "ကာဗွန်နှင့်အောက်ဆီဂျင်သံသရာလည်ခြင်းများ"။ ရွှေသွေးဂျာနယ်။ ၂၀၁၃ မတ် ၂၃။ စာ ၅။
  3. သီတာချို၊ ဒေါက်တာ ဌေးဌေးလွင်။ "နဘဲခေါက်မှ ဆေးဘက်ဝင် Quercetin (Flavonoid) နှင့် ဆက်စပ်ဒြပ်ပေါင်းများကို တည်ဆောက်ပုံအားဖြင့် သီးခြားခွဲထုတ်ခြင်း"။ မိတ္ထီလာတက္ကသိုလ်။ ၂၀၁၁ ဖေဖော်ဝါရီ ၂၄။ စာ ၉။
  4. photosynthesisOnline Etymology Dictionary။ 2013-03-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-05-23 တွင် ပြန်စစ်ပြီး။
  5. φῶς. Liddell, Henry George; Scott, Robert; A Greek–English Lexicon at the Perseus Project
  6. σύνθεσις. Liddell, Henry George; Scott, Robert; A Greek–English Lexicon at the Perseus Project
  7. Bryant DA, Frigaard NU (Nov 2006). "Prokaryotic photosynthesis and phototrophy illuminated". Trends in Microbiology. 14 (11): 488–496.