နည်းပညာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

နည်းပညာဆိုသည်မှာ ကိရိယာ (tool) နှင့် အတတ်ပညာ (craft) များကို သိရှိနားလည်ခြင်း၊ သုံးစွဲခြင်းပင်ဖြစ်သည်။လူ့အဖွဲ့အစည်းတွင် နည်းပညာသည် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်များနှင့် ဆက်စပ်ဖြစ်ပေါ်လာပြီး အဆိုပါပညာရပ်နှစ်ခုမှ ဆင့်ပွား၍ နည်းပညာအမျိုးမျိုး ဖြစ်ပေါ်လာသည်။ နည်းပညာ(Technology )ဟူသောအသုံးအနှုန်း၏ မူလအစမှာ ဂရိစကား"Technologia" ဖြစ်သည်။

လူသားတို့၏ နည်းပညာအပြိုင်သုံးစွဲ မှုမှာ သဘာ၀ရင်းမြစ်များကို ရိုးရင်းသောကိရိယာများအဖြစ် ပြောင်းလဲခြင်းမှ စတင်သည်။ သမိုင်းမတင်မီခေတ်က မီးကိုထိန်းချုပ်နိုင်သော စွမ်းရည်ကို ရရှိလာသောကြောင့် စားစရာတို့ကို ပိုမိုကောင်းမွန်အောင် ပြုလုပ် နိုင်သကဲ့သို့ နောက်ပိုင်းတွင် ဘီး (Wheel) ကို တီထွင်မှုကြောင့် လူသားတို့၏ ခရီးသွားလာရေးတွင် ပိုမိုလွယ်ကူ လာခဲ့သည်။ သမိုင်းတလျှောက် တိုးတက်ပြောင်းလဲမှုများဖြစ်သည့် ပုံနှိပ်စက်၊ တယ်လီဖုန်း နှင့် အင်တာနက် တို့ကဲ့သို့သော နည်းပညာဖွံ့ဖြိုးမှုများကြောင့် ဆက်သွယ်ရေးတွင် ကြုံတွေ့ရသော ရုပ်ပိုင်းဆိုင်ရာအတားအဆီးများလျော့နည်းလာပြီး လူသားတို့အနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆက်သွယ်နိုင်ကြပြီဖြစ်သည်။ သို့သော် နည်းပညာအားလုံးကို ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက် အသုံးပြုကြသည်မဟုတ်ပေ။ တင်းပုတ်မှအစပြု၍ နျူးကလီးယားလက်နက်အထိ အဖျက်စွမ်းရည် တစ်စထက်တစ်စကြီးမားလာသောလက်နက်များသည် သမိုင်းတစ်လျှောက်တွင် ပိုမိုတိုးတက်လာခဲ့သည်။

နည်းပညာသည် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို နည်းလမ်းများစွာဖြင့် ဩဇာသက်ရောက်မှုရှိသည်။ အဖွဲ့အစည်းအများစုတွင် နည်းပညာသည် ပိုမိုဖွံ့ဖြိုးသော စီးပွားရေးဖြစ်ပေါ်လာစေရန် အကူအညီပေးပြီး သက်တောင့်သက်သာရှိသော အဆင့်အတန်းတစ်ရပ် ပေါ်ပေါက်လာစေသည်။ သို့သော် နည်းပညာဆိုင်ရာလုပ်ငန်းအများစုသည် လေထု၊မြေထု၊ရေထုညစ်ညမ်းမှု (pollution) ဖြစ်စေသည့် ဘေးထွက်ပစ္စည်းများကို ထုတ်လုပ်ပြီး သယံဇာတများကို ပျက်စီးစေသည်။

အမှန်အားဖြင့် လတ်တလောအချိန်အထိ နည်းပညာကိုဖွံ့ဖြိုးအောင် ပြုလုပ်နိုင်သူမှာ လူသားများသာ ဖြစ်သည်ဟု ယုံကြည်ရသည်။ သို့သော် မကြာသေးမီက သိပ္ပံနည်းကျလေ့လာမှုများအရ အခြားပရိုင်းမိတ်(Primate)များနှင့် ဝေလငါးအုပ်အချို့သည် ရိုးရှင်းသော ကိရိယာများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ မိမိတို့၏အသိပညာကို အခြားမျိုးဆက်များသို့ ဖြန့်ဝေရန် လေ့လာသင်ယူခြင်းများ ရှိကြောင်း အထောက်အထားတွေ့ရသည်။

သိပ္ပံ၊ အင်ဂျင်နီယာပညာရပ်နှင့် နည်းပညာ[ပြင်ဆင်ရန်]

Antoine Lavoisier conducting an experiment with combustion generated by amplified sun light

သိပ္ပံ၊ အင်ဂျင်နီယာပညာရပ်နှင့် နည်းပညာအကြား သီခြားဂုဏ်ရည်တို့သည် အမြဲ ရှင်းရှင်းလင်းလင်း မရှိချေ။ သိပ္ပံပညာသည် စောင့်ကြည့်လေ့လာခြင်းနှင့် လက်တွေ့လေ့လာခြင်းတို့မှ ရရှိလာသော ကမ္ဘာကြီး၏ သဘာဝနှင့် ရုပ်ဝတ္တုပိုင်းဆိုင်ရာတို့၏ စနစ်တကျတည်ရှိသော အသိပညာဖြစ်သည်။[၁]နည်းပညာများသည် သိပ္ပံပညာ၏ သီခြားထုတ်ကုန်တစ်ခုမဟုတ်ဘဲ နည်းပညာတို့သည် အသုံးချနိုင်မှု၊ အသုံးဝင်မှုနှင့် လုံခြုံစိတ်ချရမှုဟုသော ကျေနပ်ဖွယ်ရာ လိုအပ်ချက်များရှိရမည် ဖြစ်သည်။

အင်ဂျင်နီယာပညာရပ်သည် ရည်မှန်းချက်နှင့် ဒီဇိုင်းထုတ်ခြင်း၊ စနစ်များနှင့် ကိရိယာများပြုလုပ်ခြင်းဖြင့် သဘာဝတရား၏ဖြစ်စဉ်များကို လူသားတို့အတွက် အသုံးဝင်သော အရာများအဖြစ် အပြည့်အဝအသုံးချခြင်းဖြစ်ပြီး သိပ္ပံပညာမှ နည်းများနှင့် ရလာဒ်များကို (အမြဲတမ်းတော့ မဟုတ်)အသုံးပြုသည်။ နည်းပညာများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် များလှစွာသော အသိပညာဖြစ်သော သိပ္ပံပညာ၊ အင်ဂျင်နီယာ၊ သင်္ချာဘာသာစကားနှင့် သမိုင်း အစရှိသော အသိပညာတို့မှ လက်တွေ့အသုံးချနိုင်သော ရလာဒ်များ ရရှိလာခဲ့ခြင်းသာဖြစ်နိုင်သည်။

များသောအားဖြင့် နည်းပညာကို သိပ္ပံပညာနှင့် အင်ဂျင်နီယာပညာရပ်တို့၏ အကျိုးဆက်အဖြစ် မှတ်ယူနိုင်သော်လည်း လူသားတို့၏ ဆောင်ရွက်မှုကြောင့် ရရှိသောနည်းပညာတို့ ထိုနယ်ပယ်နှစ်ခုထက် စော၍နေတက်သည်။ ဥပမာအားဖြင့် သိပ္ပံပညာသည် အီလက်ထရွန်များစီးဆင်းမှုနှင့် လျှပ်စစ်ကွန်ဒက်တာများ(electrical conductor)ကို ယခင်ရှိနှင့်ပြီးသား ကိရိယာများနှင့် အသိပညာများကို အသုံးပြု၍ လေ့လာရခြင်းဖြစ်သည်။ အသစ်တွေ့ရှိလာသော အသိပညာများကို အသုံးပြု၍ အင်ဂျင်နီယာများသည် တပိုင်းလျှပ်ကူး(semiconductors)၊ ကွန်ပျူတာ ကဲ့သို့သော စက်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာအသစ်များ ဖန်တီးခြင်း၊ နည်းပညာများကို အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်သည်။ ထိုသည်တို့ကြောင့် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများကို နည်းပညာရှင်များဟု မှတ်ယူနိုင်ပြီး ထိုနယ်ပယ်သုံးခုသည် တစ်ခုနှင့်တစ်ခု သုတေသနေပြုလုပ်ခြင်းနှင့် ကိုးကားခြင်းတို့၏ အကြောင်းအချက်များ ဖြစ်နေသည်ဟု ဆိုနိုင်သည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

ကျောက်ခေတ်ဟောင်း (နှစ်ပေါင်း ၂.၅ ဘီလျံယံမှ ၁၀,၀၀၀ နှစ်အထိ)[ပြင်ဆင်ရန်]

A primitive chopper

အစောပိုင်းလူသားများ၏ လက်နက်ကရိယာများ အသုံးပြုခြင်းသည် စူးစမ်းရှာဖွေမှုနှင့် ဆင့်ကဲပြေောင်းလဲတိုးတက်မှုဖြစ်စဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ အစောပိုင်းလူသားများသည် foraging hominids မျိုးစိတ်မှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ရာ ခြေနှစ်ချောင်းထောက် သတ္တဝါများဖြစ်ပြီး[၃] ဦးနှောက်ထုထည်သည် ယနေ့ခေတ်လူသားများ၏ သုံးပုံပုံ တစ်ပုံခန့်ရှိသည်။[၄]

ကျောက်လက်နက်များ[ပြင်ဆင်ရန်]

Hand axes from the Acheulian period

ဟိုမိုနိုက်(Hominid)များသည် ရှေးဦး ကျောက်လက်နက်များကို လွန်ခဲ့သောနှစ်မီလီယံများစွာကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်။ အစောဆုံးသော ကျောက်လက်နက်များသည် ကျောက်ကျိုး၊ ကျောက်ပဲ့များထက် ပိုမိုသည်။[၅] သို့ပေမယ့် လွန်ခဲ့သော နှစ်ပေါင်း ၇၅,၀၀၀ ခန့်က ချွန်ထက်သောအရာများနှင့် ပွတ်တိုက်ခြင်းဖြင့် ကျောက်တုံးအချွန်းများအား ညှိခြင်း(pressure flaking]])ဖြင့် ကျောက်လက်နက်များအား ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့သည်။

မီး[ပြင်ဆင်ရန်]

အလွန်ရိုးရှင်းသော စွမ်းအင်ရင်းမြစ်ဖြစ်ပြီး များပြားကြီးကျယ်လှသော အသုံးဝင်မှုရှိသည့် မီးအား ရှာဖွေတွေ့ရှိခြင်းနှင့် အသုံးပြုတက်ခြင်းသည် လူသားမျိုးနွယ်တို့၏ နည်းပညာဆင့်ကဲပြောင်းလဲခြင်း၏ အရေးပါသော အလှည့်အပြောင်းတစ်ခုဖြစ်သည်။[၆] မီးအား မည့်သည့်အချိန်၌ ရှာဖွေတွေ့ရှိခဲ့သည်ကို အတိအကျမသိရှိရသေးသော်လည်း Cradle of Humankind ရှိ မီးလောင်ကျွမ်းနေသော တိရိစ္ဆာန်အရိုးများအရ မီးအား ယဉ်ပါးအောင်အသုံးပြုခြင်းသည် နှစ်ပေါင်း ၁ သန်း(1 Ma) မတိုင်မီကဟု ယူဆရပြီး[၇] ပညာရှင်များ၏ သဘောထားအရ Homo erectus များ မီးအား ထိန်းချုပ်အသုံးပြုနိုင်ခြင်းသည် နှစ်ပေါင်း 500 နှင့် 400 ka အကြားတွင် ဟုဆိုကြသည်။[၈][၉] သစ်များနှင့် မီးသွေးများအား လောင်ကျွမ်းစေခြင်းဖြင့် ရရှိလာသော မီးများသည် အစောပိုင်းလူသားများအား သူတို့၏ အစားအစာများအား ချက်ပြုတ်စားသောက်စေနိုင်ခြင်းသည် အစာချေချက်အားကို ကောင်းမွန်လာစေရုံမက အာဟာရဓါတ်များလည်း တိုးလာစေပြီး စားသုံးနိုင်သော အစာအစားအမျိုးအစားများ များပြားလာစေခဲ့သည်။[၁၀]

အဝတ်အထည်နှင့် အမိုးအကာများ[ပြင်ဆင်ရန်]

ကျောက်ခေတ်ဟောင်းတွင် အခြားသော တိုးတက်လာခဲ့သည် နည်းပညာများမှာ အဝတ်အထည်နှင့် အမိုးအကာများဖြစ်ပြီး ထိုသည်တို့ အသုံးပြုနိုင်ခဲ့သည် အချိန်ကို အတိအကျဖြင့် ဖော်ပြနိုင်ခြင်းမရှိပေ။ သို့သော် ဤသည်တို့မှာ လူသားတို့ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအချက်များ ဖြစ်ကြသည်။ ကျောက်ခေတ်ဟောင်း ဖွံ့ဖြိုးတိုးတက်မှုများတွင် လူသားများနေထိုင်ရာ အိမ်တို့သည် ပိုမိုခေတ်မီဆန်းပြားလာပြီး ပိုမိုအသေးစိတ်လာသည်။ အစောဆုံး နှစ်ပေါင်း 380 ka လောက်တွင် လူသားများသည် ယာယီအသုံးပြုနိုင်သော သစ်တဲများ ဆောက်လုပ်ခဲ့ကြသည်။[၁၁][၁၂] အဝတ်အထည်များသည် အမဲလိုက်၍ရသော တိရိစ္ဆာန်များ၏ သားမွေးနှင့် သားရေများကို လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ခြင်းမှ ရရှိလာခဲ့ပြီး အအေးပိုသောဒေသများသို့ လူသားများပျံနှံခြင်းကို အထောက်အကူပေးနိုင်ခဲ့သည်။ နှစ်ပေါင်း 200 ka လောက်တွင် လူသားများသည် အာဖရိကအပြင်ဘက်သို့ ပြောင်းရွေ့နေထိုင်ကြပြီး ယူရေးရှားကဲ့သို့သော တိုက်ကြီးများသို့ ပျံ့နှံ့သွားသည်။[၁၃]

ကျောက်ခေတ်သစ်မှသည် ရှေးဂရိ၊ ရောမခေတ်သို့[ပြင်ဆင်ရန်]

An array of Neolithic artifacts, including bracelets, axe heads, chisels, and polishing tools

လူသားတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် နီယိုလစ်သစ်ခေတ်ဟုခေါ်သည် ကျောက်ခေတ်သစ်တွင် ပိုမိုအား ကောင်းလာခဲ့သည်။ သွေးထားသော ကျောက်ပုဆိန်များ ပြုလုပ်နိုင်ခဲ့ခြင်းသည် တောများခုတ်ထွင်ရှင်းလင်းရာ၌ ပိုမိုတွင်ကျယ်စေကာ ပိုမိုကြီးမားကျယ်ပြန့်သော လယ်ယာစိုက်ပျိုးနိုင်သည့် မြေများရရှိခဲ့သည်။ လယ်ယာစိုက်ပျိုးရေးဖြင့် ပိုမိုများပြားလာသော လူဦးရေကို လောက်ငအောင်ကျွေးနိုင်သောအခါ အခြေချနေထိုင်သော လူနေမှုစနစ်(sedentism)သို့ ပြောင်းလဲလာခဲ့ပြီး ထိုသည်နှင့်တပြိုင်နက် ကလေးဦးရေ ပိုမိုတိုးတက်လာရာ ရွေ့ပြောင်းသွားလာသော လူနေမှုစနစ်(nomadic)တွင်ကဲ့သို့ ကလေးတွေကို သယ်ယူရန်မလိုအပ်တော့ချေ။ ထိုပြင် ကလေးများသည် အထွက်နှုန်းတိုးလာသော သီးနှံများအတွက် လုပ်အားကိုရရှိနိုင်ပြီး အမဲလိုက်ခြင်းနှင့် ကောတ်သိမ်းခြင်း လုပ်ကိုင်သူတို့စာလျှင် ပိုမို၍ အဆင်သင့်သည်။[၁၄][၁၅]

တိုးတက်လာသော လူဦးရေ၊ လုပ်သားရရှိနိုင်မှုနှင့်အတူ နယ်ပယ်အလိုက် ကျွမ်းကျင်မှုတွင် တိုးတက်လာသည်။[၁၆] မည်သည့်အကြောင်းများက နီယိုလစ်သစ်ကျေးရွာများမှ Uruk ကဲ့သို့ ပထမဆုံးမြို့တော်များ၊ ပထမဆုံးသော လူ့ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်သော ဆူမားရီးယန်းခေတ်ကဲ့သို လူ့ယဉ်ကျေးမှုအဖွဲ့အစည်းအဖြစ် တိုးတက်ပြောာင်းလဲစေရန် မည်သည့်အကြောင်းများကို အစပြုစေခဲ့သည်ကို တိတိပပ မသိရသေးချေ။ သို့ပေမယ့် ရာထူးအဆင့်လိုက်အုပ်ချုပ်သော လူ့အဖွဲ့အစည်းပုံသဏ္ဍာန်များနှင့် နယ်ပယ်အလိုက်ကျွမ်းကျင်သောလုပ်သားများ၊ အိမ်နီချင်းလူ့အဖွဲ့အစည်းအချင်းချင်း ကုန်သွယ်မှုနှင့် စစ်ပွဲများ၊ ပတ်ဝန်းကျင်ရာသီဥတု၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆည်မြောင်းစနစ်ကဲ့သို့ စုဆောင်းမှုလုပ်ငန်းများ အစရှိသော အကြောင်းအချက်တို့ အားလုံးသည်ပင်လျှင် အဓိကအကြေောင်းအရာများအဖြစ် ပါဝင်ခဲ့ကြသည်။[၁၇]

သတ္တုလက်နက်များ[ပြင်ဆင်ရန်]

တိုးတက်သောနည်းပညာများသည် မီးပြင်ဖိုများ၊ ဖားဖိုများပြုလုပ်နိုင်ခဲ့ပြီး သဘာဝအတိုင်းတွေ့ရှိရသောသတ္တုများ (သဘာဝအတိုင်း သန့်စင်သည့်အနေအထားဖြင့် တွေ့ရသော သတ္တုများ)ကို ကျိုခြင်းနှင့် သွင်းလောင်းခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ ရွှေ၊ ငွေ၊ ကြေးနီနှင့် ခဲတို့သည် အစောဆုံးတွေ့ရှိခဲ့ရသော သတ္တုများဖြစ်သည်။[၁၈] ကျောက်၊ အရိုး၊ သစ်တို့ဖြစ်လုပ်သော လက်နက်များထက်ပိုသော ကြေးလက်နက်များ၏ အကျိုးကျေးဇူးကို အစောပိုင်းလူသားများ နားလည်ခဲ့ကြပြီး သဘာဝအတိုင်းတွေ့ရသော ကြေးနီတို့ကို ကျောက်ခေတ်သစ်အစောပိုင်း (10 ka ခန့်)လောက်တွင် စတင်၍ အသုံးပြုခဲ့နိုင်သည်။[၁၉] သဘာဝအတိုင်းတွေ့ရသော ကြေးနီတို့ကို သဘာဝအတိုင်းအများအပြား မတွေ့နိုင်ပဲ ကြေးနီရိုင်းများကိုတော့ များပြားစွာတွေ့နိုင်ကာ အချို့ကို သစ်များ၊ မီးသွေးများလောင်ကျွမ်းခြင်းဖြင့်ပင် ရရှိနိုင်သည်။ နောက်ဆုံးတွင် သတ္တုများအသုံးပြုနိုင်ခြင်းဖြင့် သတ္တုစပ်များဖြစ်ကြသော ကြေးညိုနှင့် ကြေးဝါများကို ရှာဖွေတွေ့ရှိခဲ့သည်။(၄၀၀၀ ဘီစီခန့်) သံသတ္တုစပ်များဖြစ်သော သံမဏိကဲ့သို့သော သတ္တုစပ်များကို ၁၈၀၀ ဘီစီဝန်းကျင်တွင် ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။[၂၀][၂၁]

စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ဘီးကို ဘီစီ ၄၀၀၀ ခန့်တွင် တီထွင်အသုံးပြုနိုင်ခဲ့သည်။

ထိုအချိန်အတောအတွင်း လူသားတို့သည် အခြားသော စွမ်းအင်တို့ကို ထိန်းချုပ်အသုံးပြုနိုင်ရန် လေ့လာနေခဲ့ကြသည်။ အစောဆုံးသော လေစွမ်းအားရင်းမြစ်ကို သုံးစွဲခဲ့မှုသည် ရွက်လှေများအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းများအရ အစောဆုံးသော ရွက်လွင့်ခဲ့သော သင်္ဘောမှာ နိုင်းလှေ (Nile boat ) ဖြစ်ပြီး လွန်ခဲ့သော ဘီစီ ၈ မီလီယံလောက်တွင် ဖြစ်သည်။[၂၂] အီဂျစ်လူမျိုးတို့သည် နှစ်စဉ် နိုင်းမြစ်ရေလွှမ်းမိုးမှုအကျိုးကို အသုံးပြု၍ ရေသွင်းခြင်းများကို ပြုလုပ်နိုင်ခဲ့ပြီး တဖြည်းဖြည်းဖြင့် ဆည်မြောင်းများအား စနစ်တကျသွယ်တန်းပြီး ရေဝပ်မြေများ ပြုလုပ်ခဲ့ကြပေမည်။ ထိုအတူပင် မက်ဆိုပိုတေးမီးယားနှင့် ဆူမားရီးယန်းတို့သည်လည်း တိုက်ဂရစ်နှင့် ယူဖရေးတီးမြစ်များကို ထိုနည်းတူစွာပင် အသုံးချခဲ့ကြသည်။ သို့ပေမယ် လေနှင့် ရေတို့၏ စွမ်းအားကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရန်အတွက် အခြားသော တီထွင်မှုများလည်း လိုသေးသည်။

ရှေးဟောင်းသုတေသနပညာရှင်များ အလိုအရ ဘီးကို ဘီစီ ၄၀၀၀ ခန့်ဝန်းကျင်တွင် မက်ဆိုပိုတေးမီးယား၊ ကော့ကေးဆပ်မြောက်ပိုင်းနှင့် ဗဟိုဥရောပ အစရှိသော ဒေသတို့တွင် အမှီအခိုကင်းစွာဖြစ် ဆက်တိုက်ဆိုသလို အသီးသီး ပေါ်ပေါက် အသုံးပြုလာနိုင်ခဲ့ကြသည်။[၂၃] ခန့်မှန်းအားဖြင့် ဘီးကို ဘီစီ ၅၀၀၀ မှ ၃၀၀၀ အကြားကာလတွင် တီထွင်အသုံးပြုလာနိုင်ဖွယ် ရှိသည်။[၂၄] ရှေးအကျဆုံးသော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည့် ဘီးတပ်လှည်းတစ်စင်းအား ရေးဆွဲထားသော ပုံ၏သက်တမ်းကို ပြန်ကြည့်လျှင် လွန်ခဲ့သော ဘီစီ ၃၅၀၀ ခန့်က ဖြစ်နေပြီး[၂၅] ဘီးအသုံးပြုနိုင်မှုသည် ဤပုံမတိုင်မီ ရှေးကတည်းပင် ဖြစ်သည်။ အခြားသော ထင်ရှားသည့် သက်သေသာဓကမှာ ထိုကာလတွင် အိုးထိန်းစက်များကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ မကြာသေးမီက ကမ္ဘာပေါ်တွင် သိရှိခဲ့သမျှ၌ ရှေးအကျဆုံးဟု ဆိုနိုင်သည့် သစ်သားဘီးတစ်ခုကို ဆလိုဗေးနီးယားရှိ Ljubljana marshes နွံတောများထဲမှ တွေ့ရှိခဲ့ကြသည်။[၂၆]

ဘီးကို တီထွင်နိုင်မှုသည် ကုန်သွယ်ရေးနှင့် စစ်ပွဲများအတွက် တော်လှန်ပြောင်းလဲမှုတစ်ရပ် ဖြစ်ခဲ့သည်။ ဘီးများ တီထွင်ပြီးသည်နှင့် လေးလံသော ဝန်များကို သယ်ဆောင်ရန်အလို့ငှာ ဘီးတပ်လှည်းများကို တီထွင်နိုင်မှုသည်လည်း များမကြာခဲ့ပေ။ အလွန်မြန်သော အိုးထိန်းစက်များအား အသုံးပြုလာနိုင်ခြင်းဖြင့် အိုးများအား အမြောက်အမြားထုတ်လုပ်နိုင်လာခဲ့သည်။ ဘီးများကို စွမ်းအင်ပြောင်းလဲမှုပစ္စည်း(ရေရဟတ်၊ လေရဟတ်၊ သီးနှံ့ချွေလှေ့စက်)အဖြစ် အသုံးပြုလာနိုင်မှုသည် လူသားမဟုတ်သော စွမ်းအင်များအား အသုံးပြုလာနိုင်ရန်အတွက် ပြောင်းလဲမှု တစ်ရပ်ပင်ဖြစ်ပါသည်။


အလယ်ခေတ်မှသည် ယနေ့ခေတ်နည်းပညာများဆီသို့[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Science (2016)။
  2. Intute: Science, Engineering and Technology။ Intute။ 17 February 2007 တွင် ပြန်စစ်ပြီး။
  3. Mother of man – 3.2 million years agoBBC။ 17 May 2008 တွင် ပြန်စစ်ပြီး။
  4. Human EvolutionHistory Channel။ Archived from the original on 23 April 2008။ 17 May 2008 တွင် ပြန်စစ်ပြီး။
  5. Bower၊ Bruce။ "Stone Agers Sharpened Skills 55,000 Years Earlier Than Thought"၊ WIRED၊ October 29, 2010။ 
  6. Crump, Thomas (2001). A Brief History of Science. Constable & Robinson, 9. ISBN 1-84119-235-X. 
  7. Fossil Hominid Sites of Sterkfontein, Swartkrans, Kromdraai, and EnvironsUNESCO။ 10 March 2007 တွင် ပြန်စစ်ပြီး။
  8. Stone Age Man။ History World။ 13 February 2007 တွင် ပြန်စစ်ပြီး။
  9. James, Steven R. (February 1989). "Hominid Use of Fire in the Lower and Middle Pleistocene". Current Anthropology 30 (1): 1–26. doi:10.1086/203705. 
  10. Stahl, Ann B. (1984). "Hominid dietary selection before fire". Current Anthropology 25 (2): 151–68. doi:10.1086/203106. 
  11. O'Neil, Dennis။ Evolution of Modern Humans: Archaic Homo sapiens Culture။ Palomar College။ 31 March 2007 တွင် ပြန်စစ်ပြီး။
  12. Villa, Paola (1983). Terra Amata and the Middle Pleistocene archaeological record of southern France. Berkeley: University of California Press, 303. ISBN 0-520-09662-2. 
  13. Cordaux, Richard (2003). "South Asia, the Andamanese, and the Genetic Evidence for an 'Early' Human Dispersal out of Africa" (PDF). American Journal of Human Genetics 72 (6): 1586–90; author reply 1590–93. doi:10.1086/375407. PMID 12817589. PMC:1180321. 
  14. University of Chicago Press Journals။ "The First Baby Boom: Skeletal Evidence Shows Abrupt Worldwide Increase In Birth Rate During Neolithic Period"၊ ScienceDaily၊ January 4, 2006။ 
  15. Sussman, Robert W. (April 1972). "Child Transport, Family Size, and Increase in Human Population During the Neolithic". Current Anthropology 13 (2): 258–67. University of Chicago Press. doi:10.1086/201274. 
  16. Ferraro, Gary P. (2006). Cultural Anthropology: An Applied Perspective. The Thomson Corporation. ISBN 0-495-03039-2. Retrieved on 17 May 2008. 
  17. Patterson, Gordon M. (1992). The ESSENTIALS of Ancient History. Research & Education Association. ISBN 978-0-87891-704-4. Retrieved on 17 May 2008. 
  18. Cramb၊ Alan W။ A Short History of MetalsCarnegie Mellon University။ 8 January 2007 တွင် ပြန်စစ်ပြီး။
  19. Chisholm, Hugh (1910). The Encyclopædia Britannica: A dictionary of arts, sciences, literature and general information. Encyclopædia Britannica. p. 708. Retrieved 17 May 2008. 
  20. "The significance of the composition of excavated iron fragments taken from Stratum III at the site of Kaman-Kalehöyük, Turkey" . Anatolian Archeological Studies 14. 
  21. "Ironware piece unearthed from Turkey found to be oldest steel"၊ The Hindu၊ March 26, 2009။ 
  22. "The oldest representation of a Nile boat" . Antiquity 81. 
  23. Potts, D. T. (2012). A Companion to the Archaeology of the Ancient Near East, 285. 
  24. Childe, V. Gordon (1928). New Light on the Most Ancient East, 110. 
  25. Anthony, David A. (2007). The Horse, the Wheel, and Language: How Bronze-Age Riders from the Eurasian Steppes Shaped the Modern World. Princeton: Princeton University Press, 67. ISBN 0-691-05887-3. 
  26. Gasser၊ Aleksander (March 2003)။ World's Oldest Wheel Found in Slovenia။ Republic of Slovenia Government Communication Office။