မယ်ဗမာ ပြိုင်ပွဲ
ပုံပန်းသွင်ပြင်
ဖွဲ့စည်းခြင်း | ၁၉၄၇ |
---|---|
အမျိုးအစား | အလှမယ်ပြိုင်ပွဲ |
ဌာနချုပ် | ရန်ကုန် |
တည်နေရာ | |
ရုံးသုံးဘာသာစကား | မြန်မာဘာသာ၊ အင်္ဂလိပ် |
တည်ထောင်သူ | အလေးမနှင့် ကာယဗလအဖွဲ့ချုပ် |
မယ်ဗမာ (အင်္ဂလိပ်: Miss Burma) ဆိုသည်မှာ ၁၉၄၇ ခုမှ ၁၉၆၂ ခုကြား မြန်မာနိုင်ငံ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကိုယ်စားပြု ကာယအလှမယ် ရွေးချယ်ပွဲ ဖြစ်သည်။
ကျင်းပဖြစ်ပုံ
[ပြင်ဆင်ရန်]၁၉၄၇ ခု၊ စက်တင်ဘာလ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက ရောက်သည်။ ထိုအခါ မောင်ဗမာပြိုင်ပွဲများ စတင်ရာ မယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းသည်။ ဤသို့ဖြင့် မယ်ဗမာပြိုင်ပွဲများ ပေါ်ပေါက်လာသည်။ [၁]
မယ်ဗမာ ပြိုင်ပွဲကို ကြပ်မတ်သည့်အဖွဲ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ဖြစ်သည်။
မယ်ဗမာ သီချင်း
[ပြင်ဆင်ရန်]၁၉၄၈ ခုတွင် မယ်ဗမာပြိုင်ပွဲကို ရည်ညွှန်းသော "မယ်ဗမာတွေ ဆိုတာကတော့ လှပါပေတယ် ချောပါပေတယ် ရွှေမန်းမယ် ပျိုနှမ ချစ်ချင်ဖွယ် ကြိုက်ချင်ဖွယ်" အစချီ မယ်ဗမာ သီချင်း ပေါ်လာသည်။
မယ်ဗမာ၏ ပြောင်းလဲသွားပုံ
[ပြင်ဆင်ရန်]မယ်ဗမာသည် :
- အမျိုးသမီးများ၏ ကာယဗလ၊ ကျန်းမာခြင်းနှင့် ကိုယ်ခန္ဓာအလှ ပေါ်တွင် ယှဉ်ပြိုင်ရသည်။
- ၁၉၆၂နောက်ပိုင်းနှင့် ယခုအခါတို့တွင် ကာယဗလမယ်၊ ကာယအလှမယ်ပွဲများ၊ ချန်ပီယံဝိတ်ပြိုင်ပွဲများအဖြစ်ပြောင်းလဲ သွားခဲ့သည်။
- ၁၉၉၀ဝန်းကျင်တွင် အလေးမအဖွဲ့ချုပ်ကသီးသန့်၊ ကာယဗလအဖွဲ့ချုပ် ကသီးသန့် ခွဲ၍ဖွဲ့စည်း ခဲ့သည်။
- ကာယဗလအဖွဲ့ချုပ်တွင် ကာယဗလနှင့် လှယဉ်ကျေးမယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိသည်။ယခုနောက်ပိုင်းတွင် ကာယကြံခိုင်မူ မယ်ဟူ၍ ပြောင်းလဲခဲ့သည်။[ကိုးကားချက်လိုသည်]
မယ်ဗမာအဖြစ် ရွေးချယ်ခံရသူများ
[ပြင်ဆင်ရန်]အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မယ်ဗမာ ဆုရရှိသူများ စာရင်း
မြန်မာအမျိုးသမီးအလှပြိုင်ပွဲ (၁၉၃၄)
[ပြင်ဆင်ရန်]ခုနှစ် | မြန်မာအမျိုးသမီးအလှပြိုင်ပွဲ | နေရာ | နေ့ရက် |
---|---|---|---|
၁၉၃၄ | မချစ်ညွန့် | ဂျူဗလီဟော, ရန်ကုန် | ၅ ဒီဇင်ဘာ ၁၉၃၄ |
မယ်ဗမာ (၁၉၄၇-၁၉၆၂)
[ပြင်ဆင်ရန်]ခုနှစ် | မယ်ဗမာ | ကိုယ်စားပြုမြို့နယ်များ | မှတ်ချက် |
---|---|---|---|
၁၉၄၇ | ဒေါ်လီချို (Dolly Cho) | မေမြို့ | |
၁၉၄၈ | ခင်သန်းကြွယ် | ဖျာပုံ | |
၁၉၄၉ | ဖြူဖြူရှိန် | ရန်ကုန် | |
၁၉၅၀ | မစိန်အေး | ရန်ကုန် | |
၁၉၅၁ | မစိန်အေး | ရန်ကုန် | |
၁၉၅၂ | မစိန်အေး | ရန်ကုန် | |
၁၉၅၃ | (အမည်မသိ) | ||
၁၉၅၄ | (အမည်မသိ) | ||
၁၉၅၅ | နုနုရီ | တောင်ငူ | |
၁၉၅၆ | နော်လွီဇာ ဘင်ဆင် | ရန်ကုန် | |
၁၉၅၇ | (အမည်မသိ) | ||
၁၉၅၈ | နော်လွီဇာ ဘင်ဆင် | ကရင်ပြည်နယ် | |
၁၉၅၉ | သန်းသန်းအေး | ရန်ကုန် | |
၁၉၆၀ | မြင့်မြင့်မေ | ရန်ကုန် | |
၁၉၆၁ | ခင်မြင့်မြင့် | ဒိုက်ဦး |
Runner-Up (ဒုတိယနေရာ)
[ပြင်ဆင်ရန်]ခုနှစ် | ဒုတိယနေရ | တတိယနေရ |
---|---|---|
၁၉၄၇ | ထိပ်စုဖုရားထွေး | ခင်သန်းနု |
ကိုးကား
[ပြင်ဆင်ရန်]- ↑ (၂၀၁၀ မတ် ၃) "မြန်မာ့ကာယဗလ၊ ကာယအလှနှင့် မောင်မြန်မာ၊ မယ်မြန်မာ နောက်ခံသမိုင်း Archived 19 February 2021 at the Wayback Machine."။ စီးပွားရေး သတင်းဂျာနယ်။