ထိပ်စုဖုရားထွေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Image00014b.jpg

ထိပ်စုဖုရားထွေး ( ၁၉၂၇ – ၂၀၀၃) သည် သီပေါမင်း၏ မြေးတော်တစ်ဦး ဖြစ်သည်။ ခမည်း တော် ကိုကိုနိုင်၊ သီပေါမင်းနှင့် မိဖုရားခေါင် စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ဖြစ်သော မယ်တော် အသျှင် ထိပ်စုမြတ်ဖုရားကလေးတို့မှ ၂၀ ဩဂုတ် ၁၉၂၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ သီပေါမင်း၏ မြေးတော်အရင်း ဖြစ်ကာ၊ မွေးချင်း ခြောက်ယောက် အနက် အထွေးဆုံး ဖြစ်သည်။ မွေးချင်းများမှာ တော်ဖုရားကြီး(၁၉၂၁–၁၉၄၈)၊ ထိပ်စုဖုရားကြီး(ဒေါ်စုစုခင်)၊ တော်ဖုရား၊ တော်ဖုရားငယ်၊ တော်ဖုရားကလေး (ဦးအောင်ဇေ)၊ ထိပ်စုဖုရားထွေးတို့ ဖြစ်သည်။[၁]

ပညာရေး[ပြင်ဆင်ရန်]

မော်လမြိုင် စိန့်ဂျိုးဇက်ကွန်ဗင့်နှင့် ရန်ကုန် မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ အမည်ကို မားဂရက်မင်းသမီး(Princess Margret) ဟု၍ ပြောင်းခဲ့ရသည်။ ထိပ်စုဖုရားထွေး ၈ နှစ်သမီးအရွယ် ၁၉၃၅ တွင် စတုတ္ထသမီးတော်သည် ၄၈ နှစ်နှင့် ကံတော်ကုန်သည်။ ဒုတိယကမ္ဘာစစ်အတွင် ထိပ်စုဖုရာထွေးတို့ စစ်ပြေးခဲ့ရသည်။ စစ်ပြီးချိန်တွင် ရန်ကုန်၊ စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းမှ တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ငယ်စဉ်က အားကစားလေ့ကျင့်ခြင်း၊ ရေကူးခြင်း ဝါသနာထုံခဲ့သည်။ ၁၉၄၆ တွင် ရေကူးပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့သည်။ ၁၉၄၇ တွင် ပထမဆုံး ကျင်းပသည့် မယ်ဗမာ ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည်။ ၁၉၄၈ တွင် အစ်ကိုဖြစ်သူ တော်ဖုရားကြီး ကွယ်လွန်စဉ် အားကစားလောကမှ အနားယူကာ ရသေ့ဝတ် နေထိုင်ခဲ့သည်။[၁] ယင်းနောက် လူထွက်ကာ၊ ၁၉၅၃ တွင် အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေး သင်တန်း တက်သည်။ အမျိုးသား အားကစားရုံ အုပ်ချုပ်ရေးမှူး အဖြစ် ကျန်းမာရေး ဝန်ကြီးဌာန အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ ရန်ကုန်တိုင်း စည်းရုံးရေးမှူး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထိပ်စုဘုရားထွေးသည် တော်ဘုရားမြတ်ကြီး ( တော်ဘုရားနှင့် ထိပ်စုဘုရားတို့၏ သားတော်ကြီး ) နှင့် လက်ထပ်ခဲ့သည်။ ခေတ်မီ အထူး အဂင်္လိပ်ဘာသာ အဂင်္လိပ်စကားပြောသင်တန်း ဖွင့်လှစ်၍ အဂင်္လိပ်ဘာသာ ကျူရှင်ဆရာ မ အဖြစ် ဆောင်ရွက်ခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

၁၉၆၂ တွင် တော်ဖုရားမြတ်ကြီး(‌ခ) ဦးထွန်းကျော်နှင့် လက်ဆက်သည်။ သားမောင်အောင်နိုင်ကို ဖွားမြင်သည်။ အသက် ၇၆ နှစ် အရွယ် ၂၁ ဇွန် ၂၀၀၃၊ နံနက် ၄ နာရီခွဲတွင် သင်္ကန်းကျွန်းဆေးရုံ၌[၁] ကံတော်ကုန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ တင်နိုင်တိုး (February, 2013). ပါလီမန်ခေတ် ‌ထင်ပေါ်ကျော်ကြား အမျိုးသမီးများ. မဇ္ဈိမစာပေ, ၈၀။