Miss Intercontinental Myanmar
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
| ဆောင်ပုဒ် | တိုက်ကြီးအားလုံး၏ အလှဆုံးအမျိုးသမီး |
|---|---|
| ဖွဲ့စည်းခြင်း | ၂၀၂၃ |
| အမျိုးအစား | အလှမယ်ပြိုင်ပွဲ |
| ဌာနချုပ် | ရန်ကုန် |
| တည်နေရာ | |
ရုံးသုံးဘာသာစကား | မြန်မာဘာသာ |
အရေးကြီးပုဂ္ဂိုလ်များ | Phyo Min Paing (National Director) |
မိခင်အဖွဲ့အစည်း | PAIX PRODUCTION |
Miss Intercontinental Myanmar သည် Miss Intercontinentalပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြု ရွေးချယ်ပေးသောအလှမယ်ပြိုင်ပွဲ ဖြစ်သည်။
သမိုင်း
[ပြင်ဆင်ရန်]Miss Intercontinentalပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြု အလှမယ်များကို ၂၀၁၄ တွင် စတင်စေလွှတ်ခဲ့သည်။ ၂၀၁၄ မှ ၂၀၁၇ ထိ မြန်မာကိုယ်စားပြုများကို ရွှေမြေမြန်မာအလှမယ် (Miss Golden Land Myanmar)ပြိုင်ပွဲမှ စေလွှတ်ခဲ့သည်။ ၂၀၁၄ တွင် အိန်ဂျယ်လမုန် မှပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်၍ ဆန်ကာတင် ၁၆ ဦးစာရင်းသို့ ပါဝင်ခဲ့သည်။ ၂၀၁၆ တွင် နီနီနိုင်ဝင်း မှဝင်ရောက်ယှဉ်ပြိုင်ကာ Miss Popularityဆုကို ရရှိခဲ့သည်။ ၂၀၁၅ နှင် ၂၀၁၇ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နေရာမရရှိပေ။ ထို့နောက် ၂၀၁၈ မှ ၂၀၂၁ ထိ မြန်မာကိုယ်စားပြုများကို မယ်စကြဝဠာ မြန်မာပြိုင်ပွဲမှ စေလွှတ်ခဲ့သည်။ ၂၀၁၈ တွင် နန်းမွှေးဖောင်းလုံမှ သွားရောက်ယှဉ်ပြိုင်ကာ ဆန်ကာတင် ၂၀ ဦးသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၉ တွင် သွားရောက်ယှဉ်ပြိုင်သော်လည်း နေရာမရရှိပေ။ ၂၀၂၁ တွင် မေသဇင်ဦး သွားရောက်ယှဉ်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါ။
၂၀၂၃ တွင် For You Entertainment အဖွဲအစည်းမှ Miss Intercontinental Myanmar ပြိုင်ပွဲကိုကျင်းပကာ အနိုင်ရရှိသူအား Miss Intercontinental 2023 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်စေခဲ့သည်။ သို့သော် Miss Intercontinental Myanmar 2023 Winner၊၊ Ms. Anna La သည် အသက်အရွယ် အပိုင်းအခြားအရ နိုင်ငံသားမှတ်ပုံတင် အခက်အခဲ များနှင့် Visa အခက်အခဲများရှိသောကြောင့် အီဂျစ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Intercontinental 2023 ပြိုင်ပွဲကြီးအား 1st Runner Up၊ နန်းစမ်ဖောင်း မှ ကိုယ်စားသွားရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၄ တွင် PAIX PRODUCTION မှ Miss Intercontinental Myanmar ပြိုင်ပွဲကို ဆက်လက်ကျင်းပကာ အနိုင်ရရှိသူ အလှမယ်နွယ်နီဝင်း အား စေလွှတ်ယှဉ်ပြိုင်စေခဲ့သည်။သို့ရာတွင် အကြောင်းကြောင့် သွားရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ လက်ရှိ ၂၀၂၅ အတွက် PAIX PRODUCTION မှ နိုင်ငံတဝှမ်း မြို့များ၏ ကိုယ်စားပြု အလှမယ်များဖြင့် Miss Intercontinental Myanmar 2025 အား ကျင်းပခဲ့ရာ ရေးမြို့ ကိုယ်စားပြု အလှမယ် ခိုင်ဇင်အောင် အား Miss Intercontinental Myanmar 2025 အဖြစ် ရွေးချယ်ထားသည်။[၁]
အနိုင်ရရှိသူ
[ပြင်ဆင်ရန်]Runner-Up ရရှိသူများ
[ပြင်ဆင်ရန်]| ခုနှစ် | 1st Runner-Up | 2nd Runner-Up | 3rd Runner-Up | 4th Runner-Up | |
|---|---|---|---|---|---|
| ၂၀၂၃ | နန်းစမ်ဖောင်း |
သစ္စာရဲရဲနီ |
ပန်ဒရာ |
ချစ်ပန်းအိမ် |
|
Miss Intercontinental
[ပြင်ဆင်ရန်]| ခုနှစ် | ကိုယ်စားပြုသူ၏ အမည် | မြို့/ခရိုင် | ခေါင်းစဉ် | နေရာရှိမှု | အထူးဆုများ | |
|---|---|---|---|---|---|---|
| ၂၀၂၅ | ခိုင်ဇင်အောင် | ရေး | Miss Intercontinental Myanmar 2025 | TBA | ||
| ၂၀၂၄ | နွယ်နီဝင်း | ရန်ကုန် | Miss Intercontinental Myanmar 2024 | colspan="2" | ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ | |
| နန်းစမ်ဖောင်း | Miss Intercontinental Myanmar 2023 (1st runner-up) |
ဆန်ကာတင်
၂၀ဦး |
||||
| Anna La | Miss Intercontinental Myanmar 2023 | ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ | ||||
| မေသဇင်ဦး | မယ်စကြဝဠာ မြန်မာ ၂၀၂၀ (2nd Runner-up) |
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိ | ||||
| ထက်သီရိဇော် | မယ်စကြဝဠာ မြန်မာ ၂၀၁၉ (2nd Runner-up) |
နေရာမရရှိ | ||||
| နန်းမွှေဖောင်းလုံ | မယ်စကြဝဠာ မြန်မာ ၂၀၂၀ (2nd Runner-up) |
ဆန်ကာတင် ၂၀ဦး | အထူးဆု ၁ဆု
| |||
| ခိုင်မီမီလင်း | Miss Intercontinental Myanmar 2017 | နေရာမရရှိ | ||||
| နီနီနိုင်ဝင်း | Miss Intercontinental Myanmar 2016 | နေရာမရရှိ | အထူးဆု ၁ဆု
| |||
| W May Shin Sein | Miss Intercontinental Myanmar 2015 | နေရာမရရှိ | ||||
| အိမ်ဂျယ်လမုန် | Miss Intercontinental Myanmar 2014 | ဆန်ကာတင် ၁၆ဦး | ||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ From Miss Intercontinental Myanmar Facebook Page