မန္တလေး ကွန်ဗင်းရှင်းစင်တာ

ဝီကီပီးဒီးယား မှ
မန္တလေး ကွန်ဗင်းရှင်းစင်တာ
Mandalay Convention Centre
၂၀၁၉ခုနှစ်က​တွေ့ရ​သော မန္တလေး ကွန်ဗင်းရှင်းစင်တာ
Map
အထွေထွေ အချက်အလက်များ
အမျိုးအစားRC (စတီးဖရိန်)
လိပ်စာသိပ္ပံလမ်းနှင့် ၇၂လမ်းဒေါင့်၊ ချမ်းမြသာစည်မြို့နယ်မန္တလေးမြို့
ကိုဩဒိနိတ်21°57′06″N 96°05′50″E / 21.95167°N 96.09722°E / 21.95167; 96.09722
တည်ဆောက်မှု စတင်၃ နိုဝင်ဘာ ၂၀၁၄
ဖွင့်လှစ်
  • ၁၃ မတ် ၂၀၁၆ (အကြိုဖွင့်လှစ်ခြင်း)
  • ၉ နိုဝင်ဘာ ၂၀၁၈
ကုန်ကျငွေအမေရိကန်ဒေါ်လာ ၂၅သန်း
ပိုင်ဆိုင်သူမြန်မာနိုင်ငံမန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
အမြင့်
အမြင့်၃၈၆​ပေ
အပေါ်ဆုံးအထပ်တတိယအထပ်
အသေးစိတ် အချက်အလက်များ
ဓာတ်လှေကား
  • ၄ (အများသုံး)
  • ၂ (လုပ်ငန်းသုံး)
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာ လုပ်ငန်းအမေရိကန်ပြည်ထောင်စုGensler
အဓိက ကန်ထရိုက်တာမြန်မာနိုင်ငံMandalay Investment and Development Group (CAD Construction and Decoration + New Star Light Construction)
အခြား အချက်အလက်များ
ပါကင်
  • မြေအောက်ကားပါကင်
  • မြေပေါ်ကားပါကင်

မန္တလေးကွန်ဗင်းရှင်းစင်တာ(အင်္ဂလိပ်: Mandalay Convention Centre; MCC)သည် မန္တလေးမြို့ရှိ ခေတ်မီကွန်ဗင်းရှင်းစင်တာတစ်ခုဖြစ်သည်။မြို့တော်ဝန် ဦးအောင်မောင်းလက်ထက်က စတင်တည်ဆောက်ခဲ့ပြီး ဦးရဲလွင်လက်ထက် ၂၀၁၈ခုနှစ် နိုဝင်ဘာ၉ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ဤကွန်ဗင်းရှင်းစင်တာသည် မြန်မာနိုင်ငံရှိ ကွန်ဗင်းရှင်းစင်တာ ၄ခုမှ တစ်ခုဖြစ်သည်။[၁][၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မန္တလေးမြို့တွင် ပွဲကြီးကြီးမားမားရှိပါက မြို့တော်ခန်းမကိုသာ အများဆုံး အသုံးပြုနေခဲ့ရပြီး နောက်ပိုင်းတွင် အသုံးပြုသူများ များပြားလာသဖြင့် မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက စက်တင်ဘာလ ၂၀၁၂ ခုနှစ်တွင် လိုအပ်သည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး တင်ဒါခေါ်ရန် လုပ်ဆောင်ခဲ့သည်။၂၀၁၃ ခုနှစ်တွင် တင်ဒါခေါ်ခဲ့ပြီး တင်ဒါပြိုင်သူ ၂၃ ယောက် အနက် CAD ကုမ္ပဏီနှင့် New Star Light တို့ ပူးပေါင်းထားသည့် ကုမ္ပဏီက အနိုင်ရခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစ၍ တည်ဆောက်ခဲ့သည်။ ထို့နောက်တွင် Mandalay Investment and Development Group (MIDG) ကုမ္ပဏီကို ထူထောင်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဖြင့်တရားဝင် အကျိုးတူ ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုအဆောက်အဦးကို အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။[၃]

တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

Mandalay Convention Centre and Commercial Complex စီမံကိန်းကို သိပ္ပံလမ်း၊ လမ်း၇၀နှင့် ၇၂လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ၁၄.၇၈ဧက အကျယ်ရှိသောမြေကွက်လပ်ပေါ်တွင် တည်ဆောက်ခြင်းဖြစ်ကာ အဆင့်သုံးဆင့်ခွဲ၍ တည်ဆောက်ခြင်းဖြစ်သည်။ဤကွန်ဗင်းရှင်းစင်တာသည် စီမံကိန်း၏ ပထမအဆင့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည်။

မန္တလေး ကွန်ဗင်းရှင်းစင်တာသည် မြေဧက၂.၃၈ဧကပေါ်တွင် တည်ဆောက်ထားကာ ၃၈၆ ပေ× ၃၀၅ ပေ ကျယ်ဝန်းပြီး ကွန်ကရစ်နှင့် သံဘောင် ၄ ထပ် အဆောက်အအုံဖြစ်ကာ ကြမ်းခင်းဧရိယာ ၂၂၀၀၀၀ စတုရန်းပေရှိသည်။

ညဘက်မြင်ကွင်း

ကွန်ဗင်းရှင်းစင်တာမှာ ၂၀၁၆ခုနှစ်တွင် ပြီးစီးရမည်ဖြစ်သော်လည်း မပြီးစီးခဲ့ဘဲရှိနေခဲ့သည်။၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် မြို့တော်ဝန်အသစ်ဖြစ်သူ ဒေါက်တာရဲလွင်မှ စီမံကိန်းကို စစ်ဆေးရာမှ ကွန်ဗင်းရှင်းစင်တာတည်ဆောက်ထားမှုမှာ ကွန်ဗင်းရှင်းစင်တာအဆင့်အတန်းမမီခြင်း၊ခန်းမကျယ်တစ်ခုသာပါရှိခြင်း၊ မြေညီထပ်ရှိ ဘက်စုံခန်းမကြမ်းခင်းများ အက်ကွဲနေခြင်း၊ သန့်စင်ခန်းများတွင် အာရုံခံကိရိယာများ(Sensor) တပ်ဆင်မထားခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းမပြီးမီ ယခင်အစိုးရလက်ထက် အကြိုဖွင့်လှစ်ခြင်းအတွက် စက်လှေခါးများတပ်ဆင်ထားသည့်အတွက် စက်လှေခါးများ ပျက်စီးနေခြင်းတို့ဖြစ်ပေါ်နေသည့်အတွက် ပြန်လည်ပြင်ဆင်ခိုင်းခဲ့သည့်အပြင် အ​ဆောက်အဦး၏ ဒီဇိုင်းပိုင်းကိုပါ ​ပြောင်းလဲခဲ့ရသည်။[၄][၅]

အချက်အလက်များ[ပြင်ဆင်ရန်]

Mandalay Convention Centre
မြေ​အောက်ကားရပ်နားကွင်းအချက်အလက်များ
စတုရန်း​ပေ၆၁၃၅၄​ပေ (ကား၁၈၁စီး၊ဆိုင်ကယ် ၆၉စီး)
ပထမထပ်
လူ၄၅၀၀ဆံ့ ဘက်စုံခန်းမ (Multifunction Hall)
ဒုတိယထပ်
လူ၂၀၀ဆံ့Conference Room
VIP Rooms
Meeting Rooms
Auditorium
တတိယအထပ်
VIP Rooms
လူ၃၆၀ဆံ့ Banquet Hall
Administrative Room

နိုင်ငံတကာအဆင့်မီ ဗဟို​လေ​အေး​ပေးစနစ်၊ အသံစနစ်၊ မီးသတ်အချက်​ပေးနှင့် မီးသတ်စနစ်၊ အ​ရေး​ပေါ်မီးစနစ်၊ အလိုအ​လျောက် မီးငြှိမ်းသတ်အာရုံခံများ၊ ကြမ်းခင်းမီးခလုတ်ခုံများ၊ ဓာတ်​​လှေခါး၆စင်း၊ စက်​လှေခါး ၃စင်း၊ အ​ရေး​ပေါ်​လှေခါးများ ထည့်သွင်း တည်​ဆောက်ထားသည်။

​​လေ​အေး​ပေးစနစ်၊အလိုအ​လျောက် မီးငြှိမ်းသတ်စနစ်၊အ​ရေး​ပေါ်မီးစနစ်များ

ဒုတိယအထပ်တွင် ​ခေါင်မိုးမြက်ခင်းပြင်ဥယျာဉ်တစ်ခု ထည့်သွင်းတည်​ဆောက်ထားသည်။

ဒုတိယထပ် ​လျှောက်လမ်း
ဒုတိယထပ် လျှောက်လမ်း

သိပ္ပံလမ်းနှင့် ယုဇနလမ်းကို ဆက်သွယ်ထား​သော ​မြေ​အောက်လမ်းတစ်ခုကိုပါ ထည့်သွင်း ​ဖောက်လုပ်ထားသည်။ သန့်စင်ခန်းများကိုလည်း အာရုံခံကိရိယာများဖြင့် တည်​ဆောက်ထားကာ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက်လည်း သီးသန့်သန့်စင်ခန်းထားရှိသည်။

ကြမ်းခင်းမီးခလုတ်ခုံ

ဖွင့်လှစ်ခြင်း[ပြင်ဆင်ရန်]

အကြိုဖွင့်လှစ်ခြင်း (Soft Opening)[ပြင်ဆင်ရန်]

မန္တ​လေးကွန်ဗင်းရှင်းစင်တာကို ဝန်ကြီးချုပ် ဦးရဲမြင့်အစိုးရလက်ထက် ၂၀၁၆ခုနှစ် မတ်လ၁၃ရက်​နေ့ နံနက်၈နာရီတွင် အကြိုဖွင့်လှစ်ခဲ့သည်။မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ​ရေးဝန်ကြီးဌာနဝန်ကြီး မန္တ​လေးမြို့​တော်ဝန် ဦး​အောင်​မောင်း၊ က​မ္ဘောဇဘဏ်လီမီတက်နှင့် ဧရာဝတီဘဏ်တို့မှ မန်​နေဂျင်းဒါရိုက်တာများဖြစ်သည့် ဦး​အောင်​ကျော်မျိုး၊ ဦးဖြိုး​အောင်၊သမဝါယမဘဏ်လီမီတက် ဒုတိယဥက္ကဋ္ဌ ဦးရန်​အောင်၊ MIDGဥက္ကဋ္ဌ ဦး​​ကျော်ကျော်ဝင်း၊ C.A.D​ဆောက်လုပ်​ရေးကုမ္ပဏီ မန်​နေဂျင်းဒါရိုက်တာ ဦးဇင်မင်း​ဆွေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့သည်။ ထို့​နောက် မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်​ပေးခဲ့သည်။

ဖွင့်လှစ်ခြင်း (Grand Opening)[ပြင်ဆင်ရန်]

အလုံးစုံတည်​ဆောက်ပြီးစီးခဲ့​သော မန္တလေး ကွန်ဗင်းရှင်းစင်တာကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၉ရက်​နေ့ နံနက်၈နာရီတွင် ၂၀၁၈ မန္တ​လေးစီးပွား​ရေးဖိုရမ်နှင့်အတူ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​သောင်းထွန်းတက်​ရောက်ခဲ့သည်။

နယူးစတားလိုက်​ဆောက်လုပ်​ရေး၏ဥက္ကဋ္ဌ ဦး​ကျော်​ကျော်ဝင်းက မြို့​တော်ဝန် ​ဒေါက်တာရဲလွင်အား ကွန်ဗင်းရှင်းစင်တာကို လွှဲ​ပြောင်း​ပေးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး  ဦးဇာနည်အောင်၊  စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အတွင်းရေးမှူး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် နယူးစတားလိုက်ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်တို့က  Mandalay Convention Centre ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍   ဖွင့်လှစ်ပေးကြပြီး  အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]