ဗွိုင်ယေဂျာ ၁ အာကာသယာဉ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဗွိုင်ယေဂျာ ၁ အာကာသယာဉ်
Voyager.jpg
ဗွိင်ယေဂျာ ၁
အော်ပရေတာ နာဆာ / JPL
မက်ရှင် အမျိုးအစား ဖြတ်ပျံသန်း
လွှတ်တင်သည့်ယာဉ် Titan IIIE-Centaur rocket
မစ်ရှင် ကြာမြင့်ချိန် လုပ်ဆောင်နေဆဲ (ကြယ်တာရာ မက်ရှင်)
ဖြတ်ပျံ ဂျူပီတာဂြိုဟ်စေတန်ဂြိုဟ်
COSPAR ID 1977-084A
ဝဘ်ပေ့ချ် NASA Voyager website
ထုထည် ၇၂၁.၉ kg (၁,၅၉၂ lb)
စွမ်းအင် 420 W (3 ရေဒီယိုအိုင်ဆိုတုပ် သာမိုလျှပ်စစ် ဂျင်နရေတာ)
ရည်ညွှန်း
[၁]

ဗွိုင်ယေဂျာ ၁ (အင်္ဂလိပ်: Voyager 1) အာကာသယာဉ်သည် နေအဖွဲ့အစည်းအပြင်ပိုင်းနှင့် ကြယ်တာရာကြားနယ်များကိုလေ့လာရန် အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးဌာနက ၁၉၇၇၊ စက်တင်ဘာ ၅ တွင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အာကာသယာဉ်သည် Deep Space Network သို့ သတင်းအချက်အလက်များ ပို့ပေးသည်။ ၂ဝ၁၅ ခုနှစ်တွင် ၁၃၂ AU အကွာသို့ရောက်ရှိကာ ကမ္ဘာပေါ်မှ လူလုပ်အာကာသယာဉ်များထဲတွင် အဝေးဆုံးသို့ရောက်ရှိသော အာကာသယာဉ် ဖြစ်လာသည်။ ဗွိင်ယေဂျာ ၁ အာကာသယာဉ်သည် ယခုအချိန်တွင် ဟေလီယိုစဖီးယားအလွှာ၏ အပြင်ဘက်အကျဆုံးအလွှာဖြစ်သော ဟီလီယိုအာ့သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်တွင် နာဆာမှ သိပ္ပံပညာရှင်များသည် နေအဖွဲ့အစည်းမှ ထွက်လာသော ပထမဆုံးအာကာသယာဉ် တစ်စင်းဖြစ်လာပြီဟု အစီရင်ခံတင်ပြခဲ့သည်။

ဗွိုင်ယေဂျာစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ်၊ ယင်း၏ညီမ ဗွိုင်ယေဂျာ ၂ အာကာသယာဉ်ကဲ့သို့ပင် ခရီးစဉ်ချဲ့ထားသည်။ ယင်း၏လုပ်ငန်းမှာ ကျူးပါးခါးပတ် ဟီလီယိုစဖီးယားနှင့် ကြယ်တာရာ ကြားခံနယ်တို့ပါဝင်သော နေအဖွဲ့အစည်း၏ အပြင်ဘက်အား လေ့လာရန်ဖြစ်သည်။ အဓိက မက်ရှင်မှာ ၁၉၇၉ ခုနှစ်တွင် ဂျိုဗီယမ် စနစ်အားလည်းကောင်း ၁၉၈ဝ ခုနှစ်တွင် စေတန်ရီယမ် စနစ်အားလည်းကောင်း ဝင်ရောက်ခဲ့ပြီးနောက် ၁၉၈ဝ ခုနှစ် နိုဝင်ဘာ၂ဝ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယင်းသည် အကြီးမားဆုံး ဓါတ်ငွေ့ဂြိုဟ်နှင့် ဂြိုဟ်ရံလများ၏အသေးစိတ်ဓါတ်ပုံများကို ဖမ်းယူနိုင်ခဲ့သော အာကာသယာဉ် ဖြစ်လာခဲ့သည်။

ခရီးစဉ်နောက်ခံ[ပြင်​ဆင်​ရန်​]

ရာဇဝင်[ပြင်​ဆင်​ရန်​]

၁၉၆ဝ ခုနှစ်တွင် ဂရန်းတာဝါမှ အပြင်ဘက်ဂြိုဟ်များအား လေ့လာရန် အဆိုပြုခဲ့သည်။ ယင်းသည် ၁၉၇ဝ ခုနှစ် အစောပိုင်းတွင် နာဆာအား မက်ရှင်အဖြစ် ဆောင်ရွက်ရန် အဆိုပြုခဲ့သည်။ အတွင်းပိုင်းဂြိုဟ်များအား လေ့လာရေး နည်းပညာများသည် ဒြပ်ဆွဲအားနည်းပညာသစ်ဖြင့် တိုးတက်လာခဲ့သည်။ ဆိုလိုသည်မှာ ဂြိုဟ်များ၏ ဒြပ်ဆွဲအားကို အသုံးချကာ နေအဖွဲ့အစည်းအတွင်း ရောက်ရှိနိုင်သည့်အကွာအဝေးအတွင်း ယာဉ်များကို စေလွှတ်ရန်ဖြစ်သည်။ ဒြပ်ဆွဲအားအကူအညီသည် အာကာသယာဉ်တစ်စင်းကို ဓါတ်ငွေ့ဂြိုဟ်ကြီးများဖြစ်သော ဂျူပီတာဂြိုဟ် စေတန်ဂြိုဟ် ယူရေနပ်စ်ဂြိုဟ် နက်ပကျွန်းဂြိုဟ်များအား တွန်းကန်အား အနည်းဆုံး တိုတောင်းသော ခရီးသွားချိန်များဖြင့် အလည်အပတ်သွားရန် ဖြစ်စေနိုင်ခဲ့သည်။ မူလအားဖြင့် ဗွိုင်ယေဂျာ ၁ သည် မာရီယာနာ ပရိုဂရမ်၏ မာရီယာနာ ၁၁ အဖြစ် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ဘက်ဂျက်ငွေ ဖြတ်တောက်မှုကြောင့် ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်အား ပျံသန်းရန် နောက်ဆုတ်ခဲ့ရတယ်။ ပရိုဂရမ်အား မွမ်းမံလာခဲ့ပြီးနောက် မူလ မာရီယာနာပရိုဂရမ်နှင့် ကွဲပြားစွာ ဗွိုင်ယေဂျာဟု ပြောင်းလဲခဲ့သည်။

ရွှေဓာတ်ပြား[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ရွှေဓာတ်ပြား

ဗွိုင်ယေဂျာယာဉ်များတွင် ရွှေရောင်ပလိပ်ပြားဖြင့် လောင်းထားသော အသံချပ်ပြားပါဝင်သည်။ အကယ်၍ အာကာသယာဉ်သည် အသိဉာဏ်ရှိသော သက်ရှိများနှင့်ကြုံတွေ့သည်သော် ရည်ရွယ်ချက်ဖြင့် ထည့်ထားခြင်းဖြစ်သည်။ ချပ်ပြားတွင် ကမ္ဘာမြေ၏မြေပုံ သက်ရှိပုံစံ သိပ္ပံအချက်အလက် အဆင့်အတန်း လူသားတို့၏ ဘာသာစကားအပြင် ကမ္ဘာမြေ၏ အသံ ပါဝင်သည်။ ယင်းတွင် ဝေလငါးအသံ ကလေးငိုသံ ကမ်းစပ်အား ပင်လယ်လှိုင်းရိုက်ခတ်သံ ကမ္ဘာအနှံ့မှ သီချင်းမျိုးစုံတို့ ပါဝင်သည်။ မိုးဇက်နှင့် ချက်ဘယ်ရီတို့၏ "Johnny B. Goode" သီချင်းလည်း ပါဝင်သည်။

အာကာသယာဉ်ဒီဇိုင်း[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ ကို Jet Propulsion Laboratory တွင် တည်ဆောက်ခဲ့သည်။ ယင်းတွင် ဟိုက်ဒရင်ဇင် သရက်စတာ (hydrazine thruster) ၁၆ ခု၊ ဝင်ရိုးသုံးခုရှိသော ချိန်ညှိ ဂိုင်ရိုစကုပ်နှင့် အညွန်း ကိရိယာများ (နေ ခြေရာခံပစ္စည်း၊ ကန်နိုပက် ကြယ်ထောက်လှမ်း ကိရိယာ) တို့ပါဝင်သည်။ ကမ္ဘာမြေသို့ ရေဒီယို အင်တာနာအား အမြဲတမ်း ဦးတည်နေစေရန် ဖြစ်သည်။ အရန် သရက်စတာ ၈ ခုပါဝင်ထားပြီး အာကာသယာဉ်တွင် ဂြိုဟ်များအားလေ့လာရန် သိပ္ပံဆိုင်ရာ ကိရိယာတန်ဆာပလာပေါင်း ၁၁ ခုပါဝင်သည်။

ဆက်သွယ်ရေးစနစ်[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ အာကာသယာဉ်၏ ရေဒီယို ဆက်သွယ်ရေးသည် နေအဖွဲ့အစည်းအပြင်ဘက် ကြမ်းတမ်းလှသော အာကာသထဲတွင် ဆက်သွယ်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ ဆက်သွယ်ရေးစနစ်တွင် ကမ္ဘာပေါ်မှ Deep Space Network နှင့်ဆက်သွယ်ရန် ၃.၇ မီတာရှိသော စွမ်းအားမြင့် အင်တာနာအား တပ်ဆင်ထားသည်။ ယင်းသည် ဂျူပီတာဂြိုဟ်အကွာအဝေးသို့ ရောက်ပါက တစ်စက္ကန့်လျင် ၁၁၅.၂ ကီလိုဘိုက်အထိ မြန်နှုန်းကို မြှင့်တင်ပေးမည်ဖြစ်သည်။ အကယ်၍ အာကာသယာဉ်သည် ကမ္ဘာမြေသို့ သတင်းအချက်အလက်များ တိုက်ရိုက် မပို့နိုင်တော့ပါက နောက်တစ်ကြိမ် ပို့လွှတ်မှုအတွက် သတင်းအချက်အလက် ၆၂၅ဝဝ ကီလိုဘိုက်အထိ သိမ်းထားနိုင်သော ဒယ်ဂျစ်တယ် တိပ်ရီကော်ဒါ (DTR) ပါဝင်သည်။ သတင်းလက်ခံရန်နှင့် ပို့ပေးရန် ကြာမြင့်ချိန်မှာ ကမ္ဘာမြေနှင့် ဗွိုင်ယေဂျာ ၁ တို့၏ မျဉ်းဖြောင့်အကွာအဝေးပေါ်တွင် မူတည်ပါသည်။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အချက်အလက် ဖြတ်သန်းရသည့်ကြာမြင့်ချိန်မှာ ၁၆ နာရီကျော် ဖြစ်သည်။

စွမ်းအင်[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ တွင် ကြီးမားသော ရေဒီယို သာမိုလျှပ်စစ် ဂျင်နရေတာ(RTG) သုံးခုအား တပ်ဆင်ထားသည်။ MHW-RTG တစ်ခုချင်းစီတွင် ပလူတိုနီယံ-၂၃၈ အောက်ဆိုဒ် အလုံးရေ ၂၄ ခုပါဝင်သည်။ RTG မှထုတ်ပေးသော စုစုပေါင်း စွမ်းအင်မှာ ၄၇ဝ ဝတ်(watt) ဖြစ်သည်။ RTG မှထုတ်ပေးသော စွမ်းအင်ပမာဏသည် နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ လျှော့နည်းသွားမည်ဖြစ်သည်။ သို့သော် ဗွိုင်ယေဂျာ ၁ သည် ၂ဝ၂၅ ခုနှစ်ထိ ဆက်လက် အလုပ်လုပ်နေအုံးမည်ဖြစ်သည်။

သိပ္ပံပစ္စည်းများ[ပြင်​ဆင်​ရန်​]

ပြရန်
ပစ္စည်းအမည် အတိုကောက် ဖော်ပြချက်
သိပ္ပံဆိုင်ရာ ဓါတ်ပုံရိုက်ကူးရေးစနစ်
(အလုပ် မလုပ်စေတော့ပါ)
(ISS) ကင်မရာနှစ်ခုစနစ်(ထောင့်ကျယ်/ထောင့်ကျဉ်း)၊ ဂျူပီတာ၊ စေတန်နှင့် အခြားအရာဝတ္ထုများအား ရိုက်ကူးရန်။

ပို၍

စစ်ထုတ်မှုများ
ထောင့်ကျဉ်းကင်မရာ စစ်ထုတ်မှု[၂]
နာမည် လှိုင်းအလျား ရောင်စဉ်တန်း အာရုံခံမှု
ရှင်းလင်းသော ၂၈ဝ–၆၄ဝ nm
Voyager - Filters - Clear.png
UV ၂၈ဝ–၃၇ဝ nm
Voyager - Filters - UV.png
ခရမ်းရင့်ရောင် ၃၅ဝ–၄၅ဝ nm
Voyager - Filters - Violet.png
အပြာ ၄၃ဝ–၅၃ဝ nm
Voyager - Filters - Blue.png
' '
Clear.png
'
အစိမ်း ၅၃ဝ–၆၄ဝ nm
Voyager - Filters - Green.png
' '
Clear.png
'
လိမ္မော် ၅၉ဝ–၆၄ဝ nm
Voyager - Filters - Orange.png
' '
Clear.png
'
ထောင့်ကျယ်ကင်မရာ စစ်ထုတ်မှု[၃]
နာမည် လှိုင်းအလျား ရောင်စဉ်တန်း အာရုံခံမှု
ရှင်းလင်းသော ၂၈ဝ–၆၄ဝ nm
Voyager - Filters - Clear.png
' '
Clear.png
'
ခရမ်းရင့်ရောင် ၃၅ဝ–၄၅ဝ nm
Voyager - Filters - Violet.png
အပြာ ၄၃ဝ–၅၃ဝ nm
Voyager - Filters - Blue.png
CH4-U ၅၃၆–၅၄၆ nm
Voyager - Filters - CH4U.png
အစိမ်း ၅၃ဝ–၆၄ဝ nm
Voyager - Filters - Green.png
Na-D ၅၈၈–၅၉ဝ nm
Voyager - Filters - NaD.png
လိမ္မော် ၅၉ဝ–၆၄ဝ nm
Voyager - Filters - Orange.png
CH4-JST ၆၁၄–၆၂၄ nm
Voyager - Filters - CH4JST.png
ရေဒီယို သိပ္ပံစနစ်
(အလုပ် မလုပ်စေတော့ပါ)
(RSS) Utilized the telecommunications system of the Voyager spacecraft to determine the physical properties of planets and satellites (ionospheres, atmospheres, masses, gravity fields, densities) and the amount and size distribution of material in Saturn's rings and the ring dimensions. ပို၍'
အနီအောက်ရောင်ခြည် အိန်တာဖီရိုမီတာ ရောင်စဉ်စစ်ကိရိယာ
(အလုပ် မလုပ်စေတော့ပါ)
(IRIS) Investigates both global and local energy balance and atmospheric composition. Vertical temperature profiles are also obtained from the planets and satellites as well as the composition, thermal properties, and size of particles in Saturn's rings. ပို၍
ခရမ်းလွန်ရောင်ခြည် ရောင်စဉ်စစ်ကိရိယာ
(အလုပ် လုပ်နေဆဲ)
(UVS) Designed to measure atmospheric properties, and to measure radiation. ပို၍
Triaxial Fluxgate Magnetometer
(အလုပ် လုပ်နေဆဲ)
(MAG) Designed to investigate the magnetic fields of Jupiter and Saturn, the interaction of the solar wind with the magnetospheres of these planets, and the magnetic field of interplanetary space out to the boundary between the solar wind and the magnetic field of interstellar space, if crossed. ပို၍
ပလာဆမာ ရောင်စဉ်စစ်ကိရိယာ
(defective)
(PLS) Investigates the macroscopic properties of the plasma ions and measures electrons in the energy range from 5 eV to 1 keV. ပို၍
စွမ်းအားနိမ့် ဓာတ်ပြုအမှုန် ကိရိယာ
(အလုပ် လုပ်နေဆဲ)
(LECP) Measures the differential in energy fluxes and angular distributions of ions, electrons and the differential in energy ion composition. ပို၍
ကော့မစ်ရောင်ခြည် စနစ်
(အလုပ် လုပ်နေဆဲ)
(CRS) Determines the origin and acceleration process, life history, and dynamic contribution of interstellar cosmic rays, the nucleosynthesis of elements in cosmic-ray sources, the behavior of cosmic rays in the interplanetary medium, and the trapped planetary energetic-particle environment. ပို၍
ဂြိုဟ်ဆိုင်ရာ ရေဒီယို နက္ခတ္တ စုံစမ်းရေး
(အလုပ် မလုပ်စေတော့ပါ)
(PRA) Utilizes a sweep-frequency radio receiver to study the radio-emission signals from Jupiter and Saturn. ပို၍
ဓာတ်ပုံစစ်ထုတ်ကိရိယာ စနစ်
(defective)
(PPS) Utilized a telescope with a polarizer to gather information on surface texture and composition of Jupiter and Saturn and information on atmospheric scattering properties and density for both planets. More
ပလဆာမာလှိုင်း စနစ်
(အလုပ် လုပ်နေဆဲ)
(PWS) Provides continuous, sheath-independent measurements of the electron-density profiles at Jupiter and Saturn as well as basic information on local wave-particle interaction, useful in studying the magnetospheres. ပို၍


အာကာသယာဉ်၏ ပုံရိပ်များ
Voyager spacecraft diagram
ဗွိုင်ယေဂျာ အာကာသယာဉ် ပုံစံ  
Voyager 1 in the Space Simulator chamber
ဗွိုင်ယေဂျာ ၁ အား အာကာသတုအခန်းတွင် တွေ့ရစဉ်  
Gold-Plated Record is attached to Voyager 1
ဗွိုင်ယေဂျာ ၁ တွင် ရွှေဓာတ်ပြားအား တပ်ဆင်ထားသည်  
Voyager 1 awaiting payload entry into a Titan-Centaur-6 rocket

ဗွိုင်ယေဂျာ ၁ Titan-Centaur-6 ဒုံးပျံတွင် တပ်ဆင်ရန် စောင့်စားနေစဉ်

 
Wikimedia Commons ရှိ the Voyager spacecraft နှင့်ပတ်သက်သော မီဒီယာများ

မက်ရှင် ပရိုဖိုင်း[ပြင်​ဆင်​ရန်​]

ခရီးသွား အချိန်ဇယား
ရက်စွဲ ဖြစ်ရပ်
၁၉၇၇-၀၉-၀၅ ယာဉ်အား ၁၂:၅၆:ဝဝ နာရီတွင် ပစ်လွှတ်လိုက်သည်
၁၉၇၇-၁၂-၁ဝ ဥက္ကာခဲခါးပတ်သို့ ဝင်လာသည်
၁၉၇၇-၁၂-၁၉ ဗွိုင်ယေဂျာ ၁ မှ ဗွိုင်ယေဂျာ ၂ အား ကျော်သွားသည် (ပုံကြည့်ရန်)
၁၉၇၈-၀၉-၀၈ ဥက္ကာခဲခါးပတ်မှ ထွက်လာသည်
၁၉၇၉-၀၁-၀၆ ဂျူပီတာအား စတင်လေ့လာ
၁၉၈၀-၀၈-၂၂ စနေဂြိုဟ်အား လေ့လာရေး စတင်
၁၉၈၀-၁၂-၁၄ ဗွိင်ယေဂျာ ကြယ်တာရာခရီး စတင်

[၄] [၅] [၆]

ပစ်လွတ်မှုနှင့် လမ်းကြောင်း[ပြင်​ဆင်​ရန်​]

ဗွိင်ယေဂျာ ၁ အာကာယာဉ်သည် ၁၉၇၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ကိတ် ကာနာဗီရယ် ဖလော်ရီဒါမှ Space Launch Complex 41 ဖြင့် ပစ်လွှတ်ခဲ့သည်။ ညီအစ်မ ဗွိုင်​​ယေဂျာ ၂ အာကာသယာဉ်ကိုမူ နှစ်ပတ်စောကာ ၁၉၇၇ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့တွင် ပစ်လွှတ်ခဲ့သည်။ ဗွိင်ယေဂျာ ၁ အာကာယာဉ်သည် ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်ဆီသို့ စောလျင်စွာ ရောက်ရှိခဲ့သည်။

Titan IIIE-Centaur ဖြင့် ဗွိင်ယေဂျာ ၁ အားပစ်လွှတ်ခဲ့သည်

ဂျူပီတာဂြိုဟ်နှင့် တွေ့ဆုံမှု[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ သည် ဂျူပီတာဂြိုဟ်အား ၁၉၇၉ ခုနှစ် တွင်စတင်ဓါတ်ပုံ ရိုက်ယူခဲ့သည်။ အနီးစပ်ဆုံး ချဉ်းကပ်မှုမှာ ၁၉၇၉ ခုနှစ် မတ်လ ၅ ရက်နေ့တွင်ဖြစ်ပြီး မိုင်ပေါင်း ၂၁၇ဝဝဝ အကွာမှ ဖြစ်သည်။ နီးကပ်သော ချဉ်းကပ်မှုတွင် ဓါတ်ပုံအရည်အသွေး ကောင်းမွန်မှုများကြောင့် ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများ၊ ကွင်းများနှင့် ဓါတ်ရောင်ခြည် ခါးပတ်များကို ချဉ်းကပ်မှုကာလ ၄၈ နာရီအတွင်း လေ့လာစူစမ်းနိုင်ခဲ့သည်။ ဗွိုင်ယေဂျာ ၁ အာကသယာဉ်သည် ဂျိုဗီယမ်စနစ်အား ဓါတ်ပုံရိုက်ယူခြင်းအား ၁၉၇၉ ခုနှစ် ဧပရယ်လတွင် အပြီးသတ်ခဲ့သည်။

လေ့လာမှုအတွင်း ဗွိုင်ယေဂျာ ၁ အာကသယာဉ်သည် ထင်ရှားသော ရှာဖွေတွေ့ရှိမှုများအား လုပ်ဆောင်နိုင်ခဲ့သည်။

ဗွိုင်ယေဂျာ ၁ မှမြင်ရသည့် အနီစက်ကြီး
ဗွိုင်ယေဂျာ ၁ မှမြင်ရသည့် အနီစက်ကြီး  
ဂျူပီတာလေထု၏ မှားယွင်းအရောင် အသေးစိတ်
ဂျူပီတာလေထု၏ မှားယွင်းအရောင် အသေးစိတ်  
Io နှင့် Ra Patera မှာ ချော်ရည်စီးကြောင်း
Io နှင့် Ra Patera မှချော်ရည်စီးကြောင်း  
ဗွိုင်ယေဂျာ ၁ မှရိုက်ယူထားသည့် Io ၏ မီးတောင်ပေါက်ကွဲမှု
ဗွိုင်ယေဂျာ ၁ မှရိုက်ယူထားသည့် Io ၏ မီးတောင်ပေါက်ကွဲမှု  
ကီလိုမီတာသိန်းပေါင်း ၂.၈ အကွာ ဗွိုင်ယေဂျာ ၁ မှမြင်ရသော ယူရိုပါဂြိုဟ်ရံလ
ကီလိုမီတာသိန်းပေါင်း ၂.၈ အကွာ ဗွိုင်ယေဂျာ ၁ မှမြင်ရသော ယူရိုပါဂြိုဟ်ရံလ  
Ganymede ဂြိုဟ်ရံလ၏ ရေခဲမျက်နှာပြင်
Ganymede ဂြိုဟ်ရံလ၏ ရေခဲမျက်နှာပြင်  
ဗွိုင်ယေဂျာ ၁ မှရိုက်ယူထားသည့် Valhalla အက်ကြောင်းနှင့် Callisto
ဗွိုင်ယေဂျာ ၁ မှရိုက်ယူထားသည့် Valhalla အက်ကြောင်းနှင့် Callisto  
ဗွိုင်ယေဂျာ ၁ မှရိုက်ယူထားသည့် ဂျူပီတာ၏ ဗီဒီယိုမှတ်တမ်း အပြည့်အစုံ ကြည့်ရန်  
Wikimedia Commons ရှိ the Voyager 1 Jupiter encounter နှင့်ပတ်သက်သော မီဒီယာများ

စနေဂြိုဟ်နှင့် ထိတွေ့ခြင်း[ပြင်​ဆင်​ရန်​]

စနေဂြိုဟ်နှင့် ယင်း၏ဂြိုဟ်ရံလများဆီသို့ စေလွှတ်ခဲ့သော ဗွိုင်ယေဂျာ အာကာသယာဉ်နှစ်စင်းလုံးသည် ဒြပ်ဆွဲငင်အား အကူညီဖြင့်မောင်းနှင်သည့်နည်းကို အသုံးချခဲ့သည်။ ဗွိုင်ယေဂျာ ၁ သည် ၁၉၈ဝ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စနေဂြိုဟ်၏ အနီးဆုံးနေရာ (စနေဂြိုဟ်တိမ်တိုက်အပေါ်မှ ၁၂၄ဝဝဝ ကီလိုမီတာ)အကွာသို့ ချဉ်းကပ်ခဲ့သည်။ အာကာသယာဉ်တွင်ပါဝင်သော ကင်မရာသည် စနေဂြိုဟ်၏ ရှုပ်ထွေးလှသော ကွင်းစနစ်အား ခြေရာခံမိသည်။ အဝေးထိန်း ကိရိယာများဖြင့် စနေဂြိုလ်လေထုနှင့် ယင်း၏ဂြိုဟ်ရံလ တိုက်တန်အား လေ့လာခဲ့သည်။

ပိုင်အိုနီးယား ၁၁ သည် တိုက်တန်အား တစ်နှစ်စောကာ ယင်း၏ ထူထပ်သော ဓာတ်ငွေ့လေထုအား ခြေရာခံမိသဖြင့် ဗွိုင်ယေဂျာ အာကာသာယာဉ်များကို အနီးကပ်လေ့လာရန် ထုတ်ပယ်ခဲ့သည်။ ဗွိုင်ယေဂျာ အာကာသယာဉ်သည် စနေဂြိုဟ်၏ ဒြပ်ဆွဲအားကို အသုံးချကာ slingshot နည်းဖြင့် ပလူတိုဂြိုဟ်ပတ်လမ်း ကျော်သည်အထိ ထိန်းချုပ်နိုင်ခဲ့ကောင်းသည်။

အနီးဆုံး ချဉ်းကပ်မှုအပြီး ၅.၃ မီလီယံ ကီလိုမီတာမှ စေတန်  
ဗွိုင်ယေဂျာ ၁ မှမြင်ရသော ကီလိုမီတာ ၄၂၅ဝဝဝ အကွာမှ Mimas  
ဗွိုင်ယေဂျာ ၁ မှမြင်ရသော ၁.၂ မီလီယံ ကီလိုမီတာ အကွာမှ Tehys  
Dione မြင်ကွင်း  
မာကျူရီကဲ့သို့ Rhea မျက်နှာပြင်မှာ ကွဲအက်ကြောင်း  
Titan ကို ဗွိုင်ယေဂျာ ၁ မှမြင်ရပုံ  
စေတန်ဂြိုဟ်ရံလ တိုက်တန်  
ဗွိုင်ယေဂျာ ၁ မှ မြင်ရသော စေတန် F ကွင်း  
Wikimedia Commons ရှိ the Voyager 1 Saturn encounter နှင့်ပတ်သက်သော မီဒီယာများ

ကြယ်တာရာကြားခရီး မက်ရှင်[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ မှရိုက်ကူးထားသော နေအဖွဲ့အစည်း၏ family portrait

၁၉၉ဝ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ သည် နေအဖွဲ့အစည်း၏အပြင်ဘက်မှ family portrait အား ပထမဆုံး ရိုက်ယူခဲ့သည်။ ယင်းတွင် နာမည်ကြီး အပြာရောင်အစက်လည်း ပါဝင်သည်။ ဗွိုင်ယေဂျာ အာကာသယာဉ်သည် ၂ဝ၂၅ ခုနှစ်ထိ အလုပ်လုပ်နေအုံးမည်ဟု ခန့်မှန်းထားပါသည်။ ယင်းသည် စတင်ပစ်လွှတ်ပြီး နှစ်ပေါင်း (၄၈) နှစ် ဖြစ်ပေမည်။ အာကာသယာဉ်သည် ကမ္ဘာမြေမှ ၆၉.၄၁၉ AU (၁.၀၃၈၄၉×၁၀၁၀ ကီလိုမီတာ) အကွာသို့ ရောက်ရှိနေသည်။ ယင်းသည် ကြယ်တာရာကြားခံနယ်ပယ်သို့ ဝင်လာပြီဖြစ်သည်။ ဗွိင်ယေဂျာ ၁ အာကာသယာဉ်သည် နေမှ အဝေးဆုံးအကွာအဝေးသို့ရောက်ပါက အမြန်နှုန်းမှာ တစ်စက္ကန့်လျင် ၁၃ ကီလိုမီတာဖြစ်ပေလိမ့်မည်။ စတင်ပစ်လွှတ်စဉ်က အမြန်နှုန်းမှာ တစ်စက္ကန့်လျင် ၁၇.၂၆ ကီလိုမီတာနှုန်းဖြစ်ပြီး ကမ္ဘာပေါ်မှ ပစ်လွှတ်ခဲ့ဖူးသမျှထဲတွင် အမြန်ဆုံးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ပလူတိုဂြိုဟ်သိမ်အနား နောက်ဆုံးချဉ်းကပ်ခဲ့သော New Horizons သည်ပင် ထိုအမြန်နှုန်းကို မမှီပေ။ New Horizons ၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျင် ၁၅ ကီလိုမီတာနှုန်းသာ ဖြစ်သည်။


ခုနှစ် ရနိုင်သော လျှပ်စစ်စွမ်းအင်ကြောင့် စွမ်းဆောင်ရည်များ အဆုံးသတ်မှု
၂ဝဝ၇ plasma စနစ်ခွဲအား အဆုံးသတ်
၂ဝဝ၈ ဂြိုဟ်တာရာဆိုင်ရာ ရေဒီယို နက္ခတ္တကိရိယာများအား အဆုံးသတ်
၂ဝ၁ဝ ခရမ်းလွန်ရောင်စဉ်တိုင်းမီတာအား အဆုံးသတ်
၂ဝ၁၅ ဒေတာ တိပ်ရီကောဒါအား အဆုံးသတ်
၂ဝ၁၆ အနီးစပ် gyroscopic လုပ်ဆောင်ချက်အား အဆုံးသတ်
2020 သိပ္ပံဆိုင်ရာပစ္စည်းများအား ရပ်တန့် Low-Energy Charged Particles, Cosmic Ray Subsystem, Magnetometer, and Plasma Wave Subsystem များသည် အလုပ်လုပ်နေအုံးမည်ဟု မျော်လင့်ရပါသည်
2025–2030 မည်သည့်ပစ္စည်းမှ အလုပ်မလုပ်နိုင်တော့ပါ

ဟီလီယိုပေါ့စ်[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ သည် ကြယ်တာရာကြားခံအာကာသဆီသို့ ဦးတည်နေသောကြောင့် ယင်း၏ ကိရိယာတန်ဆာပလာများသည် နေအဖွဲ့အစည်းအား ဆက်လက် လေ့လာလျက်ရှိသည်။ Jet Propulsion Laboratory မှ သိပ္ပံပညာရှင်များသည် ပါလာဆမာလှိုင်း စမ်းသပ်ချက်များအား ဗွိုင်ယေဂျာ ၁၊ ၂ နှစ်စင်းလုံးတွင် ထည့်သွင်းကာ ဟီလီယိုပေါ့စ်အလွှာအား လေ့လာစေခဲ့သည်။ ယင်းသည် နေလေနှင့် အာကာသကြားခံနယ်မြေတို့၏ နယ်နမိတ်အစွန်းပင်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ် မေလတွင် နာဆာမှပြောကြားသည်မှာ ဗွိုင်ယေဂျာ ၁ သည် heliosheath သို့ရောက်ရှိခဲ့ပြီးဟု ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် အာကာသယာဉ်သည် ဟီလီယိုပေါ့စ်နယ်နမိတ်သို့ ရောက်ရှိနေပြီဟု အစီရင်ခံတင်ပြခဲ့သည်။

ဗွိုင်ယေဂျာ ၁ သည် လောလောဆယ်တွင် heliosheath နားတွင်ရှိနေပြီး အာကာသကြားခံနယ်သို့ ချဉ်းကပ်နေသည်
ကော့စမစ်ရောင်ခြည် အမှုန်များ တိုးပွားလာပုံအား ဗွိင်ယေဂျာ ၁ မှ ခြေရာခံမိပုံ(အောက်တိုဘာ ၂ဝ၁၂)
ဆိုလာလေ အမှုန်များ တိုးပွားလာပုံအား ဗွိင်ယေဂျာ ၁ မှ ခြေရာခံမိပုံ(အောက်တိုဘာ ၂ဝ၁၂)

လက်ရှိအခြေနေ[ပြင်​ဆင်​ရန်​]

ဗွိုင်ယေဂျာ ၁ အာကာသယာဉ်အား ကမ္ဘာမြေမှ ထိန်းချုပ်မောင်းနှင်ထားပါသည်။

ပစ်လွတ်ပြီးကတည်းက ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဗွိုင်ယေဂျာ ၁ အာကာသယာဉ်၏ တည်နေရာကို ဖော်ပြချက်
ပိုင်အိုနီးယား ၁ဝ၊ ပိုင်အိုနီးယား ၁၁၊ ဗွိုင်ယေဂျာ ၁၊ ဗွိုင်ယေဂျာ ၂ တို့၏ တည်နေရာနှင့် လမ်းကြောင်းပြမြေပုံ ၂ဝဝ၇ ဧပရယ်။

ဗွိုင်ယေဂျာ ၁ အာကာသယာဉ်သည် မည်သည့်ကြယ်ကိုမျှ ဦးတည်ကာ ပျံသန်းနေခြင်း မဟုတ်ပေ။ သို့သော် နောင်နှစ်ပေါင်း ၄ဝဝဝဝ ကြာလျင် အလင်းနှစ် ၁.၆ အကွာ Gliese 445 ဆိုသောကြယ်အနားသို့ ရောက်ရှိပေလိမ့်မည်။ ယင်းကြယ်သည် နေအဖွဲ့အစည်းဆီသို့ တစ်စက္ကန့်လျင် ၁၁၉ ကီလိုမီတာနှုန်းဖြင့် (တစ်နာရီလျင် မိုင်ပေါင်း ၂၇ဝဝဝ) ရွေ့လျားနေသည်။ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အာကာသယာဉ်သည် ကမ္ဘာပေါ်မှ ပြုလုပ်ခဲ့ဖူးသမျှ အာကာသယာဉ်များတွင် အဝေးဆုံးသို့ရောက်ရှိခဲ့သော ယာဉ်တစ်စင်း ဖြစ်လာခဲ့သည်။ ယင်းသည် နေမှ ၆၉ AU အကွာသို့ရောက်ရှိသော ပိုင်အိုနီးယား ၁ဝ အား ဖြတ်ကျော်ခဲ့လေသည်။ ဗွိုင်ယေဂျာ ၁ အာကာသယာဉ်သည် ကမ္ဘာပေါ်မှ အမြန်ဆုံးအာကာသယာဉ်တစ်စင်းဖြစ်သောကြောင့် ယင်းအား ကျော်ဖြတ်နိုင်မည့် အခြားအာကာယာဉ်မှာ နောင်နှစ်ပေါင်း ၂ဝ အတွင်း မရှိနိုင်ပေ။ နာဆာသည် ဗွိုင်ယေဂျာ ၁ အား Deep Space Network မှနေ့စဉ် ခြေရာခံလျက်ရှိသည်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် အာကာသယာဉ်သည် ပစ်လွှတ်ချိန်မှ နှစ်ပေါင်း ၃၅ နှစ်အကြာ၊ နေမှ မိုင်ပေါင်း ၁၁ ဘီလီယံအကွာသို့ ရောက်ရှိခဲ့ပြီး ညီအစ်မ ဗွိုင်ယေဂျာ ၂ မှာမူ နေမှ မိုင်ပေါင်း ၉ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ဗွိုင်ယေဂျာ ၁ သည် ကမ္ဘာမြေမှ ၁၂၁.၈၃၆ AU အကွာသို့၊ နေမှ ၁၂၁.၇၉၈ AU အကွာသို့ ရောက်ရှိခဲ့ပြီး အမြန်နှုန်း တစ်စက္ကန့်လျင် ၁၇.ဝ၄၃ ကီလိုမီတာ၊ တစ်နှစ်လျင် ၃.၅၉၅ AU နှုန်းဖြင့် ပျံသန်းလျက်ရှိသည်။ နေရောင်ခြည်သည် ဗွိုင်ယေဂျာ ၁ သို့ရောက်ရှိရန် ၁၆.၈၉ နာရီ အချိန်ကြာမည်ဖြစ်သည်။ လက်ရှိတွက်ချက်မှုအရ ဗွိုင်ယေဂျာ ၁ သည် အမွှာဗွိုင်ယေဂျာ ၂ ထက် ၁ဝ ရာခိုင်နှုန်းပိုမြန်သောအမြန်နှုန်း၊ တစ်နှစ်လျင် ၃.၅၉၂ AU နှုန်းဖြင့် ပျံသန်းပါက အနီးဆုံးကြယ်သို့ ရောက်ရှိရန် နှစ်ပေါင်း ၇၃၇၇၅ ကြာမြင့်မည်ဖြစ်သည်။ အာကာသယာဉ်လားရာအတိုင်းရှိသော ပရိုဆီမာ စင်တောရိကြယ်သို့ ရောက်ရှိရန်မူ လက်ရှိအမြန်နှုန်းဖြင့် ပျံသန်းပါက နှစ်ပေါင်း ၁၇၆၅၆ ကြာမြင့်ပေလိမ့်မည်။

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. VOYAGER:Mission Information။ NASA (1989)။ January 2, 2011 တွင် ပြန်စစ်ပြီး။
  2. Voyager 1 Narrow Angle Camera Description။ NASA / PDS (August 26, 2003)။ 2011-01-17 တွင် ပြန်စစ်ပြီး။
  3. Voyager 1 Wide Angle Camera Description။ NASA / PDS (August 26, 2003)။ 2011-01-17 တွင် ပြန်စစ်ပြီး။
  4. "Voyager Mission Description" NASA, February 19, 1997
  5. "Voyager 1 Full Mission Timeline" Muller, Daniel, 2010
  6. "Voyager 1 Website" NASA, December, 2012

ပြင်ပ လင့်များ[ပြင်​ဆင်​ရန်​]