အရှိန်
အရာဝတ္တုတစ်ခု၏ အလျင်ပြောင်းနှုန်း (acceleration) ဆိုသည်မှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ၎င်း၏ အလျင်၊ ၎င်း၏ သွားနှုန်း၊ ရွေ့လျားနှုန်း မည်သို့ပြောင်းလဲ၊ မည်မျှပြောင်းလဲနေကြောင်းကို ဖော်ပြသည့် ဗှတ္တာ တိုင်းဖွယ် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာစံယူနစ်မှာ m/s² ဖြစ်သည်။
ဟူသော ညီမျှခြင်းအတိုင်း ဖြစ်သည်။ ဤတွင် က အလျင်ပြောင်းနှုန်း (acceleration) ဖြစ်သည်၊ က အလျင်၏ တမွတ်စိတ် ပြောင်းလဲသွားမှုပမာဏ၊ က အချိန်၏ တမွတ်စိတ် ကုန်ဆုံးမှုပမာဏ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် အလျင် (velocity) ၏ အချိန်နှင့် အလိုက်ပြောင်းလဲနှုန်း () မှာ အလျင်ပြောင်းနှုန်း (acceleration) ဖြစ်တော့သည်။
ဥပမာအားဖြင့် ကားတစ်စီးက ရပ်ထားရာမှ သူရဲ့အလျင်က တဖြည်းဖြည်းချင်းမြှင့်တက်လာရာ ၅ စက္ကန့်အတွင်းမှာ ၁၀ မီတာ/စက္ကန့်ကို ရောက်သွားသည်ဟု ဆိုပါစို့။ ကနဦးအလျင်မှာ သုည ဖြစ်ရာ ၅ စက္ကန့်အတွင်း တိုးပွားသွားသော အလျင်သည် (၁၀ -၀) = ၁၀ မီတာ/စက္ကန့် ဖြစ်သည်။ ဆိုလိုသည်မှာ အလျင်သည် (10ms-1/5s) = 2ms-2 နှုန်းအတိုင်းပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ ထို 2ms-2 ကို ကား၏ အရှိန်ဟု ဆိုနိုင်သည်။ ထိုကြောင့် အလျင်ပြောင်းနှုန်းဆိုသည်မှာ အချိန်နှင့်အမျှ ပြောင်းလဲသွားသော အလျင်၏နှုန်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။[၁][၂]
ပျမ်းမျှအလျင်ပြောင်းနှုန်း[ပြင်ဆင်ရန်]
ပျမ်းမျှအလျင်ပြောင်းနှုန်း (average acceleration) ဆိုသည်မှာ ပြောင်းလဲသွားသော အလျင် (Δv) ကို အချိန်အပိုင်းအခြား (Δt) စားခြင်းကို ဆိုလိုသည်။
ရုတ်ချည်း အလျင်ပြောင်းနှုန်း[ပြင်ဆင်ရန်]
ရုတ်ချည်း အလျင်ပြောင်းနှုန်း (instantaneous acceleration) ဆိုသည်မှာ ပျမ်းမျှအလျင်ကို တိုတောင်းသော အချိန်အပိုင်းအခြားဖြင့် စားသော လစ်မစ်(limit) ကို ဆိုလိုသည်။ ကဲကုလပ် တွင် ထို limit ကို x မှ t သို့ ဆက်စပ်နေသော ပြောင်းလဲနှုန်း (Derivative) ဟုခေါ်သည်။
ဒီနေရာတွင် အလျင်သည် vx=dx/dt ဖြစ်သည်။ ထိုကြောင့် အလျင်ပြောင်းနှုန်းသည်-
ဟုလည်းဆိုနိုင်သည်။
ယူနစ်[ပြင်ဆင်ရန်]
အလျင်ပြောင်းနှုန်းဆိုသည်မှာ ပြောင်းလဲသွားသောအလျင်ကို ထို အဖြစ်အပျက်ဖြစ်ပွားခဲ့သော အချိန်နှင့်စားခြင်းကို ဆိုသည်ဟုဆိုခဲ့ပြီးဖြစ်သည်။ အလျင်၏ယူနစ်သည် (L/T) ဖြစ်သည်။ ထိုကြောင့် အလျင်ကို အချိန်နှင့်စားခြင်းဖြစ်သောကြောင့် အရှိန်၏ယူနစ်မှာ (L/T2) ဖြစ်သည်။ ထိုကြောင့် SI ယူနစ်စနစ်အတွက် အလျင်ပြောင်းနှုန်း၏ယူနစ်မှာ (meter per second squared(ms-2)) ဖြစ်သည်။
အလျင်ပြောင်းနှုန်းနှင့် အလျင်တို့၏ ဦးတည်ချက် လက္ခဏာသည် အမြဲတူနေမည်ဟုပြော၍မရပေ။ လက္ခဏာတူနေသောအချိန်၌ အရာဝတ္တု၏ ပိုမြန်လာခြင်းကို ဆိုလို၍၊ လက္ခဏာ မတူသောအချိန်၌ နှေးသွားခြင်းကို ဆိုလိုသည်။
အထူးပုံစံများ[ပြင်ဆင်ရန်]
တသမတ်တည်းသော အလျင်ပြောင်းနှုန်း[ပြင်ဆင်ရန်]
အရာဝတ္တု တစ်ခု၏အလျင်က တူညီတဲ့နှုန်းအတိုင်း ပြောင်းလဲနေသောအခါ၊ အလျင်ပြောင်းနှုန်းက အချိန်တိုင်း၌ တမျိုးတည်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။ အရာဝတ္တုတစ်ခုက မျဉ်းဖြောင့်အတိုင်းသွားနေမည်၊ ယင်း၏ဦးတည်ချက်က လည်းပြောင်းမသွား၊ တူညီသည့်အချိန်ပိုင်းတိုင်းမှာလည်း ယင်း၏အလျင်သည် တူညီစွာတိုးနေမည်ဆိုပါက၊ ယင်းအရာဝတ္တုမှာ တသမတ်တည်းသော အလျင်ပြောင်းနှုန်း (uniform accelration) ရှိသည်ဟုဆိုနိုင်သည်။
ထိုသို့ အလျင်ပြောင်းနှုန်း တသမတ်တည်းရှိချိန်တွင် တွက်၍ရသော ပုံသေနည်းတချို့ကို ဖော်ပြထားသည်။
where
- = displacement
- = initial velocity
- = final velocity
- = uniform acceleration
- = time.
ကိုးကား[ပြင်ဆင်ရန်]
- ↑ Bondi၊ Hermann (1980)။ Relativity and Common Sense။ Courier Dover Publications။ pp. 3။ ISBN 978-0-486-24021-3။
- ↑ Lehrman၊ Robert L. (1998)။ Physics the Easy Way။ Barron's Educational Series။ pp. 27။ ISBN 978-0-7641-0236-3။