အောင်တိုး

ဝီကီပီးဒီးယား မှ
ဦးအောင်တိုး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်သက်တမ်း
စက်တင်ဘာ ၁၉၈၈ – ၃၀ မတ် ၂၀၁၁
ယခင်လူဦးတင်အောင်ဟိန်း
ဆက်ခံသူဦးထွန်းထွန်းဦး
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
ကွယ်လွန်၂၄ ​မေ ၂၀၂၁
ရန်ကုန်မြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)​ဒေါ်​အေးကြည်
ပညာရေးB.A., B.L
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ဥပဒေပညာရှင်

ဦးအောင်တိုး သည် မြန်မာနိုင်ငံ၏ ပြည်​ထောင်စုတရားသူကြီးချုပ်အဖြစ် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဦးအောင်တိုးသည် မြန်မာနိုင်ငံ၏ ပြည်​ထောင်စုတရားသူကြီးချုပ်အဖြစ် နှစ်ပေါင်း ၂၂ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း သက်တမ်းအကြာဆုံး ပြည်ထောင်စု တရားသူကြီးချုပ် ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)ကိုရေးဆွဲရာတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်သည်။ [၁] သရေစည်သူ ဘွဲ့ရရှိခဲ့သည်။

ဘဝအကျဉ်း[ပြင်ဆင်ရန်]

ဦးအောင်တိုးသည် ဝဏ္ဏကျော်ထင် ဦးသိမ်းတိုးနှင့် ဒေါ်သိန်းတို့မှ ၁၉၂၅ တွင်မွေးဖွားခဲ့သည်။ ၂၀၂၁-ခုနှစ်၊ မေလ၊ ၂၄-ရက်နေ့ (တနင်္လာနေ့) ညနေ ၆း၄၀ တွင် ရန်ကုန်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင်အသက် (၉၆)နှစ် ရှိပြီဖြစ်သည်။ ဒေါ်အေးကြည်သည် ဇနီးဖြစ်ပြီး သမီးနှစ်ယောက် ကျန်ရစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Cheesman၊ Nick (2012)။ Myanmar's Transition: openings, obstacles and opportunities။ Institute of Southeast Asian။
  2. ကြေးမုံ သတင်းစာ၊ နာရေး၊ ၂၅.၅.၂၀၂၁