မာတိကာသို့ ခုန်သွားရန်

ထွန်းထွန်းနောင်

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်ချုပ်ကြီး

ထွန်းထွန်းနောင်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
အဖွဲ့ဝင်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅ – ၂၇ ဇန်နဝါရီ ၂၀၂၆
ခန့်အပ်သူအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၂၅ – ၂၇ ဇန်နဝါရီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဗိုလ်ချုပ် အောင်ကျော်ကျော်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁[၁] – ၃၁ ဇန်နဝါရီ ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1963-04-30) ၃၀ ဧပြီ၊ ၁၉၆၃ (အသက် ၆၃)
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀ - လက်ရှိ
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၁၈၁၃၁

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးများအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]သူသည် တပ်မတော်အရာရှိကြီးအနေဖြင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ယခင်ကမူ သူသည် အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ၎င်းသည် တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

ထမ်းဆောင်ခဲ့သောတာဝန်များ

[ပြင်ဆင်ရန်]

၁၉၆၃ ခုတွင် ​ဗိုလ်မှူးကြီး ခင်မောင်ဝင်း (ရကတ ဒုတိုင်းမှူး) နှင့် ဒေါ်တင်ရီ (တင်ရီမ(ညောင်ဦး)) တို့မှ မွေးသည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၅) မှ ဖြစ်ပြီး ကိုယ်ပိုင်အမှတ်မှာ ကြည်း/၁၈၁၃၁ ဖြစ်သည်။[၂] ၎င်းနှင့် အပတ်စဉ်တူ တပ်မတော်အရာရှိအချို့မှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ဖြစ်ကြသည်။

၂၀၁၀ ပြည့်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ (၈၈)၏ တပ်မမှူးဖြစ်လာခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခု၊ စက်တင်ဘာလတွင် ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ၂၀၁၅ခုနှစ် ဩဂုတ်လတွင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၂၀ပြည့်၊ ဒီဇင်ဘာလတွင် တပ်မတော်အရန်အင်အားသို့ ရောက်ရှိသွားခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၄][၅]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကော်မတီသို့ ရောက်ရှိသွားသော ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား ခန့်အပ်ခဲ့သည်။[၆]ထို့ကြောင့် သူသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်မှ စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်ခဲ့သည်။[၇]

မိသားစုဘဝ

[ပြင်ဆင်ရန်]

(RIT ပါမောက္ခချုပ် သမီး) ခင်ခင်မင်းနှင့် လက်ထပ်သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ

[ပြင်ဆင်ရန်]

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။

အရေးယူသည့် နိုင်ငံများ ပိတ်ဆို့အရေးယူသည့် ရက်စွဲ ရင်းမြစ်
၁။  အမေရိကန် ၂၀၂၁ မေ ၁၇ [၈]
၂။  ဥရောပသမဂ္ဂ ၂၀၂၂ ဖေဖော်ဝါရီ ၂၁ [၉]
၃။  ပြင်သစ်
၄။  ဘယ်လ်ဂျီယမ်
၅။  မိုနာကိုနိုင်ငံ
၆။   ဆွစ်ဇာလန် ၂၀၂၂ မတ် ၇ [၁၀]
၇။  ကနေဒါ ၂၀၂၂ ဒီဇင်ဘာ ၇ [၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းများထုတ်ပြန်။ 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
  2. ↑ "အောက်တိုဘာ ၉ ရက် ညချမ်း သိသင့်တဲ့သတင်းများ"။
  3. ↑ "တပ်ချုပ်သစ် ရှာပုံ​တော်"။ 25 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 8 June 2021။
  4. ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။
  5. ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။
  6. ↑ "ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း"။
  7. ↑ ပြည်ထဲ​ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေပြီး ၎င်း၏​နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်အား ခန့်အပ် (in my)။ 2026-03-06 တွင် ပြန်စစ်ပြီး။
  8. ↑ Burma-related Designations; Counter Terrorism Designations။ Office of Foreign Assets Control။ 2025 July 31 တွင် ပြန်စစ်ပြီး။
  9. ↑ COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-21၊ 2025-07-01 တွင် ပြန်စစ်ပြီး
  10. ↑ Massnahmen gegenüber Myanmar (Burma)။ State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
  11. ↑ Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations။ 2025-07-01 တွင် ပြန်စစ်ပြီး။