တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

ဝီကီပီးဒီးယား မှ
တံခွန်တိုင်
စံင်မံင်ထုင်း
ရွာ
တံခွန်တိုင်ရေသိမ်တံတား
တံခွန်တိုင်ရေသိမ်တံတား
တံခွန်တိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တံခွန်တိုင်
တံခွန်တိုင်
တံခွန်တိုင်စံပြကျေးရွာ တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 16°04′03″N 97°54′25″E / 16.0675°N 97.90694°E / 16.0675; 97.90694ကိုဩဒိနိတ်: 16°04′03″N 97°54′25″E / 16.0675°N 97.90694°E / 16.0675; 97.90694
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
ခရိုင်ကော့ကရိတ်ခရိုင်
မြို့နယ်ကြာအင်းဆိပ်ကြီးမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၆ ပေ (၁၇ မီတာ)
လူဦးရေ (၂၀၁၄)၄,၉၉၄[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

တံခွန်တိုင်စံပြကျေးရွာ (ကရင်: စံင်မံင်ထုင်း) သည် မြန်မာနိုင်ငံကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရွာကြီးတစ်ရွာ ဖြစ်သည်။[၂]

ကရင်တိုင်းရင်းသား အများစု နေထိုင်ပြီး မွန်၊ ဗမာစသော အခြားသော တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ တံခွန်တိုင်စံပြကျေးရွာသည် ခလယ်ရွာကြီးနှင့် မဝေးသဖြင့် ခလယ်-တံခွန်တိုင်ရွာဟု တွဲစပ်ခေါ်တွင်ကြသည်။

ရွာ၏ အရှေ့ဘက်တွင် ဒေါနတောင်တန်း တည်ရှိပြီး ရွာ၏ အနောက်ဘက်တွင် တောင်ညိုတောင်တန်း တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တံခွန်တိုင် တည်ရာ ခုနှစ်မှာ၊ မှတ်ပါ " အင်းအိုင်အစ"တည်းဟု နူတ်ဖြင့် မှတ်တမ်းပြုခဲ့ကြသည့်အတိုင်း တံခွန်တိုင်ရွာကို ကောဇာ သက္ကရာဇ် (၁၁၁၃) ခုနှစ် တွင် စတင် တည်ထောင်ခဲ့ကြောင်း မှတ်ယူကြသည်။

အဖွားနန်းအိမ်(ဖီ့အိင်)၊ အဖွား နန်းဟွန့်(ဖီ့ဃှံင့်)၊ အဖွားနန်းတိုက်(ဖီ့တာ်)တို့ မိသားစု သုံးစုတို့က စတင်တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ယင်း မိသားစုဝင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀)ကျော်အချိန်က ရခိုင်ပြည်နယ်ဘက်မှ လည်းကောင်း၊ ဥက္ကာလာပ ရန်ကုန်ဘက်မှ လည်းကောင်း၊ ဟံသာဝတီပြည်ဘက်မှ လည်းကောင်း၊ မြစ်ဝကျွန်းပေါ် ဒေသဘက်မှ လည်းကောင်း၊ အဖိုး အဖွားများက ဤအရပ်ဒေသသို့ ရောက်ရှိလာကြသည်ဟု ဆိုကြသည်။

ရခိုင်ပြည်ဘက်မှ ရောက်ရှိလာကြသူများမှာ ဖီးအွာ၊ ဖီးအိမ်၊ ဖီးဟွန့်(ဖီ့ဃှံင့်)၊ ဥက္ကာလာပ ရန်ကုန်ဘက်မှ ရောက်ရှိလာကြသူများမှာ ဖီးခင်၊ ဖီးခါ၊ ဟံသာဝတီပြည်ဘက်မှ ရောက်ရှိလာသူများမှာ ဖီးတိုက်၊ ဖီးရွှေဝ၊ ဖီးနေ၊ မြစ်ဝကျွန်းပေါ် ဒေသဘက်မှ ဖီးပိုင်၊ ဖီးဟာ(ဃှာ)၊ ဖီးပဒါးတို့ ဖြစ်ကြသည်။(အဖွားကို ကရင်ဘာသာဖြင့် 'ဖီ့'ဟု ခေါ်ပါသည်။)

ရွှာလယ်ရှိ အင်းကြီးထဲတွင် ရှေးလူကြီးသူမများက ရှေးအထိမ်းအမှတ်အဖြစ် တံခွန်တိုင် တိုင်များစွာကို စိုက်ထူခဲ့ကြသဖြင့် ရွာကိုလည်း တံခွန်တိုင်စံပြကျေးရွာဟု ခေါ်တွင်လာခြင်း ဖြစ်သည်။

၁၉၇၂ ခုနှစ်လောက်တွင် လက်ထောက်မြို့ပိုင် ရုံးစိုက်ရာ မြို့နယ်ခွဲ အဆင့်ထိရှိခဲ့သည်။ ယခုအခါ တိုက်နယ်အဆင့်သာ ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

ကျန်းမာရေး[ပြင်ဆင်ရန်]

ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

လမ်းပန်းဆက်သွယ်ရေး အရ တံခွန်တိုင်စံပြကျေးရွာမှ မွန်ပြည်နယ် မုဒုံမြို့မော်လမြိုင်မြို့သံဖြူဇရပ်မြို့များသို့ လည်းကောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ဘုရားသုံးဆူမြို့ကျိုက်ဒုံမြို့ကော့ကရိတ်မြို့ဘားအံမြို့များသို့လည်းကောင်း ကားလမ်းခရီးဖြင့် နေ့ချင်းပြန် အသွားအလာ ပြုလုပ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ရွာဖြစ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

လယ်ယာလုပ်ငန်းနှင့် ရော်ဘာခြံ လုပ်ငန်းများကိုလည်း အဓိကလုပ်ကိုင် အားထားရသောရွာ ဖြစ်သည်။

ထင်ရှားသည့်နေရာများ[ပြင်ဆင်ရန်]

ရွာ၏ အနောက်မြောက်ဘက်တွင် သမိုင်းဝင် ဇီးဖြူကုန်း မဏိရတနာဆံတော်ရှင်စေတီတော် တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. Kayin State Place Codesမြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (ဩဂုတ် ၂၀၁၅)။ 25 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။
  • စာသားပါ အချက်အလက်တချို့ကို မာန်နာဲသော(ဝင်းရော်) ၏ စာမူများမှ ကောက်နူတ် မှီငြမ်းထားသည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]