တစ်ဝက်ဖွင့်သရ

ဝီကီပီးဒီးယား မှ

တစ်ဝက်ဖွင့်သရ (အင်္ဂလိပ်: open-mid vowel,mid-open vowel, low-mid vowel, mid-low vowel or half-open vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "တစ်ဝက်ဖွင့်သရဆိုသည်မှာ လျှာ၏ အနေအထားသည် အဖွင့်သရမှ အပိတ်သရသို့ သွားရာလမ်းကြောင်း၏ သုံးပုံတစ်ပုံတွင် ရှိနေသော သရမျိုးဖြစ်သည်။

စာရင်းအချို့[ပြင်ဆင်ရန်]

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် တစ်ဝက်ဖွင့်သရအဖြစ် အောက်ပါသရများပါဝင်သည်။

အခြားသော တစ်ဝက်ဖွင့်သရများကို သက်ဆိုင်ရာ အသံထွက်များ ထွက်ရှိနိုင်စေရန် ဖြည့်စွက်အသံသင်္ကေတ (diacritics) ကို အက္ခရာနှင့်ပူးတွဲ၍ ပြဆိုကြသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

တစ်ဝက်ပိတ်သရ

ကိုးကား[ပြင်ဆင်ရန်]