မာတိကာသို့ ခုန်သွားရန်

စိုင်းလင်း

ဝီကီပီးဒီးယား မှ
စိုင်းလင်း
吴再林
Sai Leun
ဥက္ကဋ္ဌ
ရှမ်းပြည်နယ် အရှေ့ပိုင်း
အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ
တာဝန်သက်တမ်း
၃၀ ဇွန် ၁၉၈၉ – ၇ ဩဂုတ် ၂၀၂၄
လက်ထောက်စံပေ့(ဒုတိယ ဥက္ကဋ္ဌ)
ဆမ်လူ(ဒုတိယဥက္ကဋ္ဌ)
ထိန်လင်း(ဒုတိယ ဥက္ကဋ္ဌ)
ကြည်မြင့် (အတွင်းရေးမှူး)
ယခင်လူကိုယ်တိုင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း []
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)
တာဝန်သက်တမ်း
၃၀ ဇွန် ၁၉၈၉ – ၇ ဩဂုတ် ၂၀၂၄
ယခင်လူကိုယ်တိုင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွားLin Mingxian (林明贤)
(1948-12-26)၂၆ ဒီဇင်ဘာ၊ ၁၉၄၈
ပန်ဆိုင်း (ကြူကုတ်)မြို့
ရှမ်းပြည်နယ်မြန်မာနိုင်ငံ
ကွယ်လွန်၇ ဩဂုတ်၊ ၂၀၂၄(2024-08-07) (အသက် ၇၅)
မိုင်းလားဒေသ
ရှမ်းပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေးပါတီငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ၊ အမှတ် (၈၁၅) စစ်ဒေသ တပ်မှူး
ကြင်ဖော်(များ)နန်းရင် ( ဖုန်ကြားရှင် ၏ သမီး)
သားသမီးဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း
အလုပ်အကိုင်ဥက္ကဋ္ဌ
အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)
အမှုထမ်းကာလ၁၉၈၉ – ၂၀၂၄
ရာထူးဥက္ကဋ္ဌ
အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ

စိုင်းလင်း (၂၆ ဒီဇင်ဘာ ၁၉၄၈ - ၇ ဩဂုတ် ၂၀၂၄) သည် မိုင်းလားဒေသအခြေစိုက် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တည်ထောင်သူ နှင့် အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။[] ယင်းမတိုင်မီက သူသည် ဗကပ ၈၁၅ စစ်ဒေသ၏ တပ်မှူးတဦးဖြစ်ခဲ့သည်။

ဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

သူ့ကို ဖခင်ဖြစ်သူ တရုတ်လူမျိုး နှင့် မိခင်ဖြစ်သူ မောရှမ်း တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပန်ဆိုင်း (ကြူကုတ်)မြို့ တွင် မွေးဖွားသည်။ငယ်ဘဝကို ကြူကုတ်ပန်ဆိုင်း တွင်ပင် ဖြတ်သန်းခဲ့ပြီး လားရှိုးမြို့ တွင် ကျောင်းတက်သည်။ ၁၉၆၈ခုနှစ် ဝန်းကျင်က မန္တလေးမြို့တွင် ပြုလုပ်သည့် ကျောင်းသားအားကစားပွဲတော် တွင် ရှမ်းပြည်နယ် ဘတ်စကက်ဘောလက်ရွေးစင်အဖြစ် ဝင်ပြိုင်သည်။ထိုနောက်ပိုင်းကာလများတွင် သူသည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) သို့ ဝင်ရောက်ခဲ့ကာ လက်နက်စွဲကိုင်သူ ဖြစ်လာသည်။ ဗကပ တွင် ရာထူးအဆင့်ဆင့်တိုးကာ နောက်ဆုံးတွင် ဗကပ ၈၁၅ စစ်ဒေသ၏ တပ်မှူးတဦးဖြစ်လာသည်။၁၉၈၉ ခုနှစ် ဧပြီလ တွင် ဗကပ မှ ခွဲထွက်ခဲ့ပြီး ဗကပ တပ်မဟာ တစ်ခုဖြစ်သည့် တပ်မဟာ ၇၆၈ နှင့် ပူးပေါင်းပြီး NDAA ဟု အတိုကောက်ခေါ်သည့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် အား ၁၉၈၉ခုနှစ်၊ ဇွန် ၃၀ ရက်နေ့ တွင် ထူထောင်သည်။[]

မိုင်းလားခေါင်းဆောင်ဘဝ

[ပြင်ဆင်ရန်]

စိုင်းလင်း ဦးဆောင်သည့်  NDAA သည် ၁၉၈၉ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့  နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုသည်။ မြန်မာ-တရုတ် နယ်စပ် ရှိ နမ့်ပန်းဒေသ၊ ဆီလူးဒေသနှင့် မိုင်းလားဒေသတို့ကို သူ့တပ်ဖွဲ့က ရာနှုန်းပြည့် အုပ်ချုပ်ပိုင်ခွင့် ရရှိပြီး ထိုဒေသများကို ထိုကာလ အစိုးရအဖွဲ့က ရှမ်းပြည်နယ် အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးသည်။သူသည် အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် မိုင်းလားဒေသ တွင် တိုက်ပွဲများမဖြစ်စေဘဲ တိုးတက်ရေးကို ဦးစားပေးသည်။[]ယင်းအပြင် လက်နက်ကိုင်အဖွဲ့ကို အင်အားတောင့်တင်းအောင် တည်ဆောက်သည်။မဲခေါင်မြစ် ကို မျက်နှာမူထားသည့် အထူးဒေသ (၄) သည်  ဆွတ်လွေတွင် ဆိပ်ကမ်းတစ်ခု ပိုင်ဆိုင်ထားပြီး  ထိုင်းနိုင်ငံ၊ ချင်းရိုင် မှ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနား သို့သွားသော ကုန်သင်္ဘောများထံမှ အခွန်ရရှိသည်။ယင်းအပြင် ရာဘာနှင့် ဓာတ်သတ္တု ထုတ်လုပ်ရေးလုပ်ငန်းများကလည်း မိုင်းလားကို အင်အားပိုတောင့်တင်းစေခဲ့သည်။၂၀၀၉ ခုနှစ်က တပ်မတော် နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ် တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးလာသည့် ဖုန်ကြားရှင် အား စိုင်းလင်း ၏ မိုင်းလားဒေသ က လက်ခံထားခဲ့ပြီး ထိုဒေသမှာပင် ဘဝကို ကုန်ဆုံးစေခဲ့သည်။ [] သူဦးဆောင်သည့် အဖွဲ့သည်  ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် အား လည်းကောင်း၊၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် တို့အား လည်းကောင်း အသီးသီး ချုပ်ဆိုခဲ့သည်။သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တည်ဆောက်သွားလိုခြင်းဖြစ်ပြီး  အထူးဒေသ(၄) နှစ် ၃၀ ပြည့်မြောက်သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ တွင် ထိုလိုလားချက်ကို ထပ်မံ ထုတ်ဖော်ပြောသည်။[]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဖုန်ကြားရှင် ၏ သမီးဖြစ်သူ နန်းရင် ဖြစ်သည်။၎င်း၏ ယောက်ဖ မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ၏ ခေါင်းဆောင် ဖုန်တာရွှင် ဖြစ်သည်။သားသမီးများထဲ သူ့နေရာအား ဆက်ခံခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း ဖြစ်သူမှာ ထင်ရှားသည်။


ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၄ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ မြန်မာစံတော်ချိန် (၂၂း၄၀ နာရီ)တွင် မိုင်းလား ရှိ နေအိမ်၌ပင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မိုင်းလားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း ကို တင်မြှောက် (ရုပ်/သံ)The Irrawaddy (၉ ဩဂုတ် ၂၀၂၄)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်မည်ဟု မိုင်းလားခေါင်းဆောင်ပြောThe Irrawaddy (၃၀ ဇွန် ၂၀၁၉)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. NDAA သမိုင်းအကျဉ်းISP Myanmar။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. မိုင်းလားဒေသ ပညာရေးVOA Burmese (၁၁ ဇူလိုင် ၂၀၁၉)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဦးဖုန်ကြားရှင်ဈာပန မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်RFA Burmese (၂၉ မတ် ၂၀၂၂)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ဖို့ မိုင်းလားအဖွဲ့ တောင်းဆိုVOA Burmese (၂ ဇူလိုင် ၂၀၁၉)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. NDAA ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်RFA Burmese (၉ ဩဂုတ် ၂၀၂၄)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။