မာတိကာသို့ ခုန်သွားရန်

ဇော်ထူး

ဝီကီပီးဒီးယား မှ
ဇော်ထူး
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁၅ ဇူလိုင် ၂၀၂၁  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်
ယခင်လူဖြိုးဖြိုး
ဆက်ခံသူကိုယ်တိုင်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၂၁  ၁၅ ဇူလိုင် ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဦးဇော်ထူး(၁၉၆၄ဖွား) သည် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[]

ပညာရေး

[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

၁၉၉၁ ခုနှစ်က စပြီး တရားရေးဌာနတွင်  တရားရေးအရာရှိ အဆင့်(၄) တာဝန် ဖြင့် စတင်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားရေးဦးစီးမှူးရာထူး အဆင့်တိုးမြင့်ခံရသည်။ တိုင်းဒေသကြီးတရားသူကြီးလည်း ဖြစ်ခဲ့သည်။[]

တိုင်းလွှတ်တော်တရားသူကြီးဘဝ

[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခန့်အပ်ခြင်းခံရသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်သည်။[]ထို့နောက် ၂၀၂၆ခုနှစ် ဧပြီ၁၀ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်ထားခဲ့သည်။[]

ထင်ရှားမှု

[ပြင်ဆင်ရန်]

သူသည် NLD ပါတီ ဥပဒေအကြံပေး အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုအပေါ် ခုံရုံးဖွဲ့ စစ်ဆေးရာတွင်  ခရိုင်တရားသူကြီး တစ်ဦး အနေဖြင့် ပါဝင်ခဲ့ဖူးသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်များ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊၂၀၁၁မှ၂၀၂၀ပြည့်နှစ်အထိ ဆယ်နှစ်စာသမိုင်းမှတ်တမ်း 27 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရားသူကြီးများ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်ရုံး 27 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ကန့်ဘလူခရိုင် တရားရုံးနှင့် ကန့်ဘလူမြို့နယ် တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ MOI Myanmar (၃၁ မတ် ၂၀၂၃)။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-13 တွင် ပြန်စစ်ပြီး။
  5. ဦးကိုနီအမှုကိုစစ်တဲ့ တရားသူကြီးတဦး ရုတ်တရက် ပြောင်းရွှေ့ခံရ BBC Burmese (၇ ဇန်နဝါရီ ၂၀၁၈)။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။