စက်ရုံ

ဝီကီပီးဒီးယား မှ
ဗောက်ဆွဂွန်စက်ရုံ

စက်ရုံ ဆိုသည်မှာ ကုန်ပစ္စည်းများကို စက်ပစ္စည်းများဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း၊ ထုတ်လုပ်ရာ အဆောက်အဦဖြစ်သည်။ ယနေ့ခေတ်ပေါ် စက်ရုံများတွင် ဂိုထောင်ကဲ့သို့ အဆောက်အဦများ ပါဝင်ကာ ယင်း ဂိုထောင်များတွင် စက်ယန္တရားကြီးများ တပ်ဆင်ထားကာ လိုင်းထုတ်လုပ်မှုပုံစံဖြင့်ထုတ်လုပ်သည်။ စက်ရုံတစ်ခုဖြစ်ပေါ်ရန် လုပ်သားအရင်းအနှီး၊ ငွေအရင်းအနှီး အစရှိသည်သို့လိုအပ်ပါသည်။ စက်ရုံတစ်ခု အတွက်မြေနေရာနှင့် ပတ်ဝန်းကျင်သည်လည်း အလွန်အရေးကြီးသည်။

စက်ရုံများဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ကမ္ဘာ့ အစောဆုံး ထုတ်လုပ်မှုပြုလုပ်သည့် အဆောက်အဦ ကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ အရှေ့မိုင်နှစ်ရာ ဝန်းကျင်တွင်ရှိသော ဘလွန်း(မ်)ဘို့စ် လှိုဏ်ဂူ တွင်တွေ့ရှိခဲ့သည်။ ယင်းနေရာတွင် လွန်ခဲ့သော နှစ်တစ်သောင်းခန့်မှ အသုံးပြုခဲ့သော ကိရိယာ တန်ဆာပလာ အပြင် မြေစေး ပန်းချီ များကိုပါ တွေ့ရှိခဲ့သည်။ သီးနှံကြိတ်စက်များ၊ အလုပ်ရုံများကို ရှေးခေတ် တရုတ်ပြည်တွင်လည်းကောင်း၊ ရောမတွင်လည်းကောင်း၊ အရှေ့အလယ်ပိုင်း အာရပ်ဒေသ များတွင်လည်းကောင်း တွေ့ရှိခဲ့ရသော်လဲ၊ ယနေ့ခေတ်ကဲ့သို့ စနစ်ကျသောစက်ရုံကို ဗင်းနစ်သမ္မတနိုင်ငံဗင်းနစ်မြို့ တွင်ရှိသော ဗင်းနစ်အာစင်နယ် လက်နက်တိုက်နှင့် သင်္ဘောကျင်းတွင် စက်မှုတော်လှန်ရေး မတိုင်မီ နှစ်တစ်ရာဝန်းကျင်ကပင် တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိခဲ့ရသည်။

ဗင်းနစ်အာစင်နယ်သို့ဝင်ပေါက်၊ ၁၇၃၂

အထောက်အထားများအရ ဗင်းနစ်အာစင်နယ် တွင် ပစ္စည်းတပ်ဆင်သည့်လိုင်းများဖြင့် သင်္ဘောများကို အလုံးအရင်းနှင့် ထုတ်လုပ်ခဲ့ဟန်ရှိကာ၊ လူအင်အား ၁၆၀၀၀ လောက်အသုံးပြုခဲ့ဟန်ရှိသည်။

စက်မှုတော်လှန်ရေး[ပြင်ဆင်ရန်]

သမိုင်းသုတေသီ အတော်များများသည် မက်တူးဘောင်လ်တန် ၏ကလေးကစားစရာစက်ရုံ Soho Manufactory ကို ကမ္ဘာ့ပထမဆုံး မော်ဒန် စက်ရုံ အနေဖြင့်သတ်မှတ်ကျသည်။ တချို့ပညာရှင်များကမူ ၁၇၂၁ တွင် အင်္ဂလန်နိုင်ငံ ဒါဘီမြို့ အရပ်တွင်တည်ရှိခဲ့သော၊ ဂျွန်လွန်ဘေးပိုးခြည်မျှင်စက်ရုံ ကို ကမ္ဘာ့ပထမဆုံး မော်ဒန် စက်ရုံ အနေဖြင့်သတ်မှတ်ကျသည်။ သို့သော်အချို့ပညာရှင်များကမူ ၁၇၇၁တွင်တည်ဆောက်ခဲ့သော ရစ်ချက်အော့ဂ်ရိုက် ၏ ခယွန်းဖို့ ပိုးခြည်မျှင်စက်ရုံကို ယူဆကျသည်။ အယူအဆ အမျိုးမျိုးဖြင့် ယူဆကြသော်လည်း၊ တိတိကျကျ အဖြေကားမရှိပေ။ ၁၈ ရာစုနှောင်းပိုင်းတွင် ဗြိတိသျှ ကိုလိုနီနယ်မြေ များ၌ အဆောက်အဦးကြီးများဆောက်လုပ်ခါ အလုပ်သမား အများစု၏အင်အားဖြင့် ဆေးဆိုးပန်းရိုက် လုပ်ငန်းများလုပ်ခဲ့ကြသည်။ အလုပ်သမား တစ်ဦးချင်းစီအတွက် ကုန်ကြမ်းများသီးခြား ပေးအပ်ကာ ထုတ်လုပ်မှုကို လုပ်စေခဲ့သည်။ ချည်မျှင်စက်ရုံ များမှ ရေနွေးငွေ့အင်ဂျင် တီထွင်ခြင်း၊ စက်ယက်ကန်း တီထွင်ခြင်း အစရှိသည့် တီထွင်မှုများကြောင့် ၁၉ ရာစုတွင် လူအားဖြင့်ထုတ်လုပ်သော စက်ရုံများဖြစ်မှ စက်မှုစွမ်းအားသုံး စက်ရုံများဖြစ်လာခဲ့သည်။ ယင်းစက်ရုံများတွင် ဖြတ်တောက် ခုတ်ထွင်ရာ၌ အတိုင်းအတာ အတိအကျရှိသော ကိရိယာ တန်ဆာပလာများ အသုံးပြုလာခြင်းကြောင့် ထုတ်ကုန်များ၏ အရည်အသွေး တိုးတက်လာသည့် အပြင် ပျက်စီးဆုံးရှုံးသပါက အစားထိုးတပ်ဆင်နိုင်သည့် အစိတ်အပိုင်းများ ပေါ်ပေါက်လာခြင်းကြောင့် ထုတ်လုပ်မှုစွမ်းအားမြင့်တက်လာကာ အလေအလွင့် လည်းအတော်အတန် နဲပါးသွားသည်။ ၁၈၂၀ မှ ၁၈၅၀ အတွင်း စက်ကိရိယာ တပ်ဆင်ထားခြင်းမရှိသော စက်ရုံငယ်လေးများသည် ထုတ်လုပ်မှု လောကကိုကြီးဆိုးရန် အလို့ငှာ ရိုးရာလက်မှုလုပ်ငန်းလေးများပါ တွဲ၍လုပ်ကိုင်လာကြသည်။ သို့သော် ရေရှေတွင် စက်ကိရိရာတပ်ဆင်ထားသော ခေတ်မီစက်ရုံကြီး များကို အရှုံးပေးကာ ကျဆုံးခဲ့ကျသည်။

၁၉ရာစုမှ နယူးအင်္ဂလန်ရှိ စက်ရုံများ[ပြင်ဆင်ရန်]

၁၉ ရာစု အလယ်ပိုင်းလောက်တွင် နယူးအင်္ဂလန်ချည်မျှင်နှင့်အထည်စက်ရုံ များအလျှိုအလျှို ပေါ်ထွက်လာခဲ့သည်။ နယူးအင်္ဂလန် ဝန်းကျင်၌ ဆယ်ကျော်သက် မိန်းခလေးငယ် တော်တော်များများ အလုပ်အကိုင် အခွင့်အလမ်းများရရှိခဲ့သည်။ ထိုမိန်းကလေး အများစုသည် တောင်သူမိသားစုများမှ ပေါက်ဖွားလာသူများ ဖြစ်သည်။ ထိုမိန်းကလေး လုပ်သားများသည် ဇာတိမြေသို့ လုပ်ခလစာများ ပြန်လည်ပေးပို့ နိုင်သည်သာမက လူမှုရေး နှင့် စီးပွားရေး များတွင်လည်း တိုးတက်လာသည်။ တကိုယ်ရေတကာယ အသုံးစရိတ် သာမက စုမိဆောင်းမိပါရှိလှသည်။ ၁၈၃၄ တွင် ၎င်း ချည်မျှင်နှင့်အထည်စက်ရုံ များမှ အသုံးရိတ် ချွေတာရန်အလို့ငှာ ယင်းအလုပ်သမလေးများ ၏ လုပ်အားခကို လျှော့ချရန် ဆုံးဖျတ်ချက်ခဲ့ ကြသည်။ သို့သော် အလုပ်သမား အုံကြွမှုဖြစ်စေကာ အလုပ်ရှင်များထံမှ လုပ်ခလစာများ ပြန်လည်တိုးမြှင့်ပေးရန် အလုပ်သမများမှ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ လုပ်ခလစာလျှော့ချသည့် အပြုအမူကို ယင်း အလုပ်သမများမှ ၎င်းတို့အား ကျွန်ပြုသည်ဟု ယူဆခဲ့ကြသည်။ အခြေအနေနှင့် အချိန်အခါကြောင့်ယင်း အုံကြွမှု မှာကျဆုံးခဲ့သော်လည်း၊ ၎င်း အုံကြွမှုကြောင့် နောက်ပိုင်းတွင် အလုပ်သမား အခွင့်အရေးများနှင့် စက်ရုံများဖြစ်ထွန်းစေရန် အခြေခံကောင်းများ ပေါ်ထွန်းခဲ့လေသည်။

၂၀ရာစုနှစ် စက်ရုံများ[ပြင်ဆင်ရန်]

ဟင်နရီဖိုဒ်သည် ၂၀ရာစုအစောပိုင်းကာလများတွင် လိုင်းထုတ်လုပ်မှုပုံစံ ကိုတီထွင်ခြင်းနှင့် ပတ်သက်၍ စက်မှုခေတ်ကို တစ်မျိုးဆန်းသစ် စေခဲ့သည်။ ၎င်း နည်းသစ်သည် ကုန်ပစ္စည်းအမြောက်အမြား ထုတ်လုပ်ရာတွင်လွန်စွာမှ အသုံးဝင်သောနည်း ဖြစ်သည်။ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို လည်ပတ်နေသည့် ဘတ်ကြိုးများ ၏တဘက်တချက်တွင် ကျွမ်းကျင်လုပ်သားများက စီတန်းကာ ထုတ်လုပ်သည့် ပစ္စည်းကို အစိတ်အပိုင်းအလိုက် တပ်ဆင်သည့်နည်း ဖြစ်သည်။ ၂၀ရာစု နှောင်းပိုင်းတွင် စက်ရုံများ၏ ထုတ်လုပ်မှုစနစ်တွင် စနစ်နှစ်ခု ထပ်မံတိုးတက်ခဲ့ပြန်သည်။

၁) အရည်အသွေးထိန်းချုပ်မှု နှင့်ပတ်သက်၍ အမေရိကန် သင်္ချာပညာရှင် ဝီလီယမ်ဒန်းမ်မင်း သည်အဆင့်မြင့် စာရင်းအင်းသင်္ချာ ကိုတီထွင်ခဲ့သည်။ ဂျပန်နိုင်ငံ ရှိစက်ရုံများတွင်လည်း အရည်အသွေးထိန်းချုပ်မှုကို ထုတ်လုပ်မှုအရည်အသွေးကောင်း ရရှိရန်ရည်ရွည်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။ ၂) နည်းပညာမြင့် စက်ရုပ်များကို အသုံးပြုမှုကို ၁၉၇၀ ဝန်းကျင်တွင်စတင်ခဲ့သည်။ နောက်ပိုင်းတွင်မူ ကွန်ပျူတာ ထိန်းချုပ်စနစ်များ အသုံးပြုမှုများ တွင်ကျယ်လာခဲ့သည်။ ထိုကဲ့သို့ ထုတ်လုပ်သည့် နည်းပညာများကြောင့် ၂၄နာရီ ပတ်လုံး အလုပ်လုပ်နိုင်ကာ ထုတ်လုပ်မှုစရိတ်များကို လျှော့ချနိုင်ရုံ မျှမက ထုတ်လုပ်မှုကိုလည်း ပိုမိုမြန်ဆန်စေသည်။

၁၉၄၄ တွင်တွေ့ရသောဘဲလ်လေယာဉ်ပြန်စက်ရုံ


ကိုးကား[ပြင်ဆင်ရန်]