တီထွင်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကနဦးက မရှိသေးသော ဝတ္ထုပစ္စည်းတို့ကို စတင်ဖန်တီး ပြုလုပ်ခြင်းသည် ထွင်ခြင်း (Invention) ဝါ တီထွင်မှု ဖြစ်၏။ ယခုခေတ်တွင် လူ့အသုံး အဆောင်ပစ္စည်းအရပ်ရပ်တို့ကို လျင်မြန်လွယ်ကူစွာ ပြုလုပ်ပေး နိုင်သော စက်ကရိယာများကို အဓိကထား၍ တီထွင်ပြုလုပ်ကြ သည်။

အသစ်အဆန်းကို ထွင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ၏ ဇွဲရှိပုံ၊ အဆင်းရဲခံပုံ၊ အကဲ့ရဲ့ခံပုံနှင့် နောက်ဆုံးတွင် ဆင်းရဲဒုက္ခများနှင့် တွေ့ကာသေဆုံးကြရပုံများကိုသာလျှင်သိကြရပါမူ ထိုပုဂ္ဂိုလ်ကြီး များ၏ စိတ်ထားမြင့်မြတ်မှုတို့ကို ချီးကျူး၍ပင် ဆုံးနိုင်တော့ မည် မဟုတ်ချေ။

သမိုင်းမတင်မီခေတ်တွင် လူတို့သည် မီးအသုံးချပုံများကို ထွင်ခဲ့ကြလေသည်။ ပုဆိန်၊ ဓား၊ ထယ် အစရှိသည့် အသုံး အဆောင် ကရိယာများကိုလည်း ထွင်ခဲ့ကြလေသည်။ လေး၊ မြား၊ ဓား၊ လှံ စသည့်လက်နက်များကိုလည်း ထွင်ခဲ့ကြလေ သည်။ ထိုပြင် လေနှင့် လှေကိုလိုရာသို့ သွားစေနိုင်သည့် ရွက် များကိုလည်း ကမ္ဘာအနှံ့အပြား၌ ထွင်ခဲ့ကြလေသည်။ အချို့ ဒေသများ၌ သတ္တုကိုကျို၍၊ လိုသောကရိယာများ ပြုလုပ်ခဲ့ကြ လေသည်။ ရေကို လိုသည့်နေရာသို့ရောက်အောင် သွင်းယူနိုင် သည့် တူးမြောင်းများကိုလည်း ထွင်ခဲ့ကြလေသည်။ ဘီစီ ၃ဝဝ ခန့်က ဂရိပညာရှိ အားခီးမီးဒီးသည် စက်သီးနှင့် ဝက်အူရစ် စံနစ်ဖြင့် ရေသွယ်နည်းကို ထွင်ခဲ့သည်။ ထိုနောက် စက္ကူ၊ ဖန်၊ အုတ်၊ ရေရဟတ်များကို ထွင်နိုင်ခဲ့ကြပြီးလျှင်၊ စာရေးခြင်းကို လည်း ထွင်ခဲ့ကြလေသည်။ စက္ကူကို ခရစ် ၁ဝ၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဆိုင်လွန်ဆိုသူက တီထွင်ခဲ့သည်။ စာရေးသား ခြင်းကို ထွင်ခဲ့ကြသည်မှအစပြု၍ သမိုင်းတင်သော လုပ်ငန်းများလည်း စတင်ပေါ်ပေါက်လာတော့၏။

ဤသို့ အစဉ်အလာအတိုင်း ထွင်လာခဲ့ကြပြီးနောက်၊ စာ ဟူ၍ပေါ်လာသောအခါ၊ လူ့အသုံးအဆောင်အတွက် အရေးပါ သော တီထွွင်မှုများမှာ နည်းပါးသွားလေသည်။ သို့ရာတွင် ထွင်ခဲ့ပြီးဖြစ်သောပစ္စည်းများ ကိုသာ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးခဲ့ကြလေသည်။ ယခင်သင်္ဘောများထက် ပို၍ကြီးသော သင်္ဘောများကို ဆောက်လုပ်ကြသည်။ ပိုမိုကောင်းမွန်သော အဝတ်အစားများကိုလည်း ရက်လုပ်ကြသည်။ ဤသို့ဖြစ်ရသည် မှာ စာရေးတတ်လာကြ၍၊ လူတို့၏အာရုံသည် လူမှုရေးရာများ၊ စာပေများ၊ သမိုင်းများ၊ သိပ္ပံပညာရပ်များ၊ သဘာဝတ္ထဗေဒများ သို့သာ ယိမ်းယိုင်လာဟန် လက္ခဏာရှိ၏။

ထူးခြားသော တီထွင်မှုများ မပေါ်ပေါက်ဘဲ နှစ်ပေါင်း ၅ဝဝ မျှကြာရှိခဲ့ပြီးနောက်၊ တစ်ဖန် ထွင်မှုများ ရှိလာပြန်သည်။ ခရစ် ၁၂ဝဝ ပြည့်နှစ်ခန့်မှစ၍ သံလိုက်ဓာတ်ရှိသည့် အိမ်မြေ|ာင်ကို ထွင်ကြသည်။ ထိုနှစ်လောက်မှာပင် ယမ်းကိုထွင်ကြပြီးလျှင်၊ ခရစ် ၁၄၅ဝ ပြည့်နှစ်ခန့်တွင် ပုံနှိပ်စက်ကို ထွင်ကြလေသည်။

အချို့က ထိုပစ္စည်းကို တရုတ်နိုင်ငံ၌ ဦးစွာတီထွင်ခဲ့သည်ဟု ဆိုကြသည်။ အချို့ကမူ အနောက်နိုင်ငံများ၌ ပုံနှိပ်စက်ကို သီးခြားထွင်ယူကြသည်ဟု ဆိုကြသည်။ ထိုအချိန်လောက်မှစ၍ ထွင်မှုများ ပေါများလာပြန်ရာ၊ ၁၆ဝ၈ ခုနှစ်ခန့်တွင် ဒပ်ချ လူမျိုး လစ်ပါဟိုင်းဆိုသူက အဝေးကြည့်မှန်ပြောင်းကိုထွင်၍၊ ၁၆၅၇ ခုနှစ်လောက်တွင် ဒပ်ချလူမျိုး ဝှိုင်ဂင်းဆိုသူက ချိန်သီး ပါသည့်နာရီကို ထွင်လေသည်။ ၁၆၆ဝ ပြည့်နှစ်ခန့်တွင် ဒပ်ချ လူမျိုး လေးဗင်ဟုဆိုသူသည် မိုက္ကရိုစကုပ်ခေါ် အနီးကြည့်မှန် ဘီလူးကို၎င်း၊ ၁၇၆၉ ခုနှစ်တွင် စကော့လူမျိုး ဝပ်ဆိုသူက ရေ နွေးငွေ့အင်ဂျင်စက်ကို၎င်း၊ ၁၇၆၃-၇၉ ခုနှစ်များတွင် အင်္ဂလိပ် လူမျိုးဖြစ်သော ဟားဂရီး၊ အတ်တရိုက်နှင့် ကရွမ်တန်ဆိုသူ တို့က စက်ယက်ကန်းကို၎င်း၊ ၁၇၈၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ကတ္တရိုက်ဆိုသူက လွန်းစက်ကို၎င်း၊ ၁၇၉၂ ခုနှစ်တွင် စကော့ လူမျိုး မားဒေါ့ဆိုသူက ဓာတ်ငွေ့ဖြင့် မီးထွန်းခြင်းကို၎င်း၊ ၁၈ဝ၁ ခုနှစ်တွင် ဆိုင်မင်တန်ဆိုသူက မီးသင်္ဘောကို၎င်း၊ ၁၈၁၄ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး စတီဖင်ဆန်ဆိုသူက မီး ရထားကို၎င်း၊ ၁၈၃၁ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဖားရဒေးဆိုသူ က လျှပ်စစ်မော်တော်နှင့် ဒိုင်နမိုကို၎င်း၊ ၁၈၃၂ ခုနှစ်တွင် အမေရိကန်လူမျိုး မကော့မစ်ဆိုသူက ကောက်ရိတ်စက်ကို၎င်း၊ ၁၈၃၇ ခုနှစ်တွင် ပြင်သစ်လူမျိုး ဒါဂဲဆိုသူက ဓာတ်ပုံရိုက် ခြင်းကို၎င်း၊ ၁၈၄၄ ခုနှစ်တွင် အမေရိကန်လူမျိုး မော့ဆိုသူက ကြေးနန်းရိုက်ခြင်းကို၎င်း၊ ၁၈၄၆ ခုနှစ်တွင် အမေရိကန်လူမျိုး ဟောင်းဆိုသူက အပ်ချုပ်စက်ကို ၎င်း၊ ၁၈၇၆ ခုနှစ်တွင် စကော့လူမျိုး ဗဲဆိုသူက စကားပြောကြေးနန်းကို၎င်း၊ ၁၈၈၄ ခုနှစ်တွင် ဂျာမန်လူမျိုး မာဂင်တားလာဆိုသူက လက်နှိပ်စက် ကဲ့သို့ ရိုက်နှိပ်နိုင်သော လိုင်နိုတိုက်ခေါ်သည့် စာစီစက်ကို၎င်း၊ ၁၈၇၈ ခုနှစ်တွင် ဂျာမန်လူမျိုး အော့တိုးဆိုသူက ဓာတ်ငွေ့ အင်ဂျင်စက်ကို၎င်း၊ ၁၈၈၅ ခုနှစ်တွင် စပါလေဆိုသူက စက် ဘီးကို၎င်း၊ ၁၈၉၅ ခုနှစ်တွင် အီတာလျံလူမျိုး မာကိုနီ ဆိုသူက ဝိုင်ယာလက်ခေါ် ကြိုးမဲ့ကြေးနန်းကို၎င်း အသီးအသီး ထွင်ခဲ့ကြလေသည်။

ခေတ်သစ် စက်ကရိယာအမျိုးမျိုးများနှင့် ထွင်ခဲ့ကြသည့် ပစ္စည်းများ၏စာရင်းကို ကောက်ယူမည်ဆိုလျှင် ဆုံးနိုင်မည်ပင် မဟုတ်ချေ။ ယင်းသို့ ထွင်ကြရာတွင် သိပ္ပံကဝိကြီးများသည် မည်သည့်အကျိုးကျေးဇူးကိုမျှ မမြော်လင့်ခဲ့ကြဘဲ၊ ကမ္ဘာသူ ကမ္ဘာသားများ၏ ဗဟုသုတတိုးပွားမှုကိုသာ ရည်ရွယ်ရင်း ရှိကြ လေသည်။ တီထွင်မှုများကို မတရားအသုံးမပြုနိုင်ကြစေရန် တီထွင်သူများ မူပိုင်ခွင့်ကို မှတ်ပုံတင်ထားကြရလေသည်။ ထိုသို့ မှတ်ပုံတင်ရာတွင် တီထွင်မှုများ၏ အကြောင်းရင်းများ ကို အသေးစိတ်အားဖြင့် ဖော်ပြကြရလေသည်။

ထိုနောက် မော်တော်ကားများ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်ပျံများနှင့် ဓာတုဗေဒနည်းဖြင့် ခွဲစိတ်ကြည့်ရှုနိုင်သော ကရိယာများကိုလည်း ထွင်လာခဲ့ကြပြီးလျှင်၊ တိကျမှန်ကန်စွာ တိုင်းတာနိုင်သည့် နည်းများကိုလည်း ထွင်ခဲ့ကြလေသည်။ ထိုပြင် သာမျွန်နစ်ဗားခေါ် လေဟာပြွန်ကိုလည်း ထွင်ခဲ့ကြသေး ၏။ ထိုလေဟာပြွန်ကိုသာ မထွင်နိုင်ကြလျှင်၊ ဝိုင်ယာလက် နည်း(ကြိုးမဲ့ကြေးနန်း)ဖြင့် ပေးပို့ကြသည့် သတင်းများသည် ယခုကဲ့သို့ တိကျမှန်ကန်နိုင်ကြမည် မဟုတ်ချေ။ လိုလေသေး မရှိ ခေတ်မှီစွာ နေထိုင်နိုင်ကြခြင်းမှာလည်း၊ အထက်ဖော်ပြပါ အရင်းခံ တီထွင်မှုများကို ပို၍ကောင်းမွန်အောင် ပြုပြင်နိုင်ခဲ့ ခြင်းကြောင့်ပင် ဖြစ်လေသည်။

ပထမအစတွင် လူများသည် ထိုတီထွင်မှုတို့၏ အကျိုးများ ကို မသိခဲ့ကြချေ။ အထည်ရက်စက်များ၊ ချည်မျှင်ငင်စက်များကို တီထွင်လိုက်သောအခါ၊ လက်ဖြင့် ပင်ပန်းကြီးစွာ လုပ်ကိုင်ရသူ တို့က ငါတို့၏ ထမင်းအိုးကို ခွဲမည့်ကရိယာဖြစ်သည်ဟု အထင်မှားကာ၊ ထိုတီထွင်လိုက်သည့် ကရိယာများကို ရိုက်ချိုးခဲ့ ဘူးလေသည်။ စက်မှုကရိယာများကို တီထွင်လိုက်သည့်အတွက် ရရှိသောအကျိုးကို လူတို့ ကောင်းစွာသိအပ်လှပေသည်၊ ရှေးက လူအများ လုပ်ကိုင်လာခဲ့ရသော အလုပ်တစ်ခုကို ယခုအခါ လူ အနည်းငယ်လောက်နှင့် ပစ္စည်းမြောက်မြားစွာထွက်အောင် လုပ် ကိုင်နိုင်ကြသည်၊ အလုပ်လက်မဲ့များရှိနိုင်သည် မှန်သော်လည်း၊ ကမ္ဘာ့လူဦးရေသည် အမြဲတည်နေသည်မဟုတ်၊ တိုးတက်များ ပြားလျက်ရှိသည်ကိုလည်း သတိမူအပ်လှပေသည်။ ယခု ကမ္ဘာ့ လူဦးရေသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာလောက်က လူဦးရေ ထက် လေးဆမျှ များပြားလာ၏။ ခရစ် ၁၆၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ၅၄၅ သန်းမျှသာရှိ၍၊ ၁၉၃၃ ခုနှစ်တွင် ၂ဝ၅၇ သန်းအထိ တိုးတက်လာပြီးလျှင်၊ ၁၉၄ဝ ပြည့်နှစ်တွင် ကား ၂၁၇၄ သန်းအထိ ရှိလာလေသည်။ ထိုသို့ တိုးတက် လျက်ရှိသည့် လူဦးရေများသည် လွယ်လင့်တကူ စားသောက် နေထိုင်သွားနိုင်ရန်မှာ အထက်ဖော်ပြပါ ကရိယာများရှိရန် လို အပ်လှပေသည်။ ထိုပစ္စည်းများကိုသာ မထွင်နိုင်ခဲ့လျှင်၊ လူများ ၏ နေမှုထိုင်မှု၊ ဝတ်မှုစားမှု၊ သွားမှုလာမှု၊ ဆက်ဆံမှုများမှာ ယခုအခြေ၌ရှိသကဲ့သို့ ရှိနိုင်ကြမည်မဟုတ်တော့ပေ။

ခြည်များကို ငင်ပေးနိုင်သည့်စက်များနှင့် ထိုခြည်မျှင် များကို အထည်ဖြစ်အောင် ရက်ပေးကြသော စက်များသာ မရှိ ခဲ့ပါမူ၊ ယခုကဲ့သို့ တိုးတက်လျက်ရှိသည့် လူဦးရေသည် အဝတ် အစားများအတွက် များစွာပင် ဒုက္ခရောက်ကြရမည်မှာ မလွဲနိုင် တော့ချေ။ ယခုအခါ မိုင်ပေါင်းများစွာ ဝေးကွာသောခရီးကို ကိုယ်တိုင်သွားလာရန် မလိုတော့ဘဲ တီထွင်မှုများ၏ အကျိုး များကြောင့် နေရာမထ လိုရာသို့ စကားပြောကြေးနန်းများဖြင့်၊ လိုအပ်သည့်ကိစ္စများကို ဆောင်ရွက်လုပ်ကိုင်နိုင်ကြလေပြီ။ ရှေး အခါက ရန်ကုန်မှ မန္တလေးမြို့သို့ သွားလိုသူတစ်ဦးသည် တစ်လနီးပါးမျှ ကြာအောင်သွားခဲ့ရသည်။ ယခုအခါတွင်ကား နေ့ချင်းပေါက် သွားနိုင်လေပြီ။ တောင်အမေရိကတိုက်နှင့် နယူး ဇီလန်ကျွန်းမှ အမဲသားနှင့် သိုးသားကို အင်္ဂလန်ပြည်ရှိ လူများ သည် ပကတိ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ကြခြင်းမှာ လည်း၊ တင်ဆောင်ယူသွားသည့် သင်္ဘောကြီးများတွင် စက်ဖြင့် အအေးခန်းများ ထားရှိနိုင်ခြင်းကြောင့်သာ ဖြစ်ပေသည်။

ဝိုင်ယာလက်ခေါ် ကြိုးမဲ့ကြေးနန်းများကို တီထွင်လိုက်ခြင်း ကြောင့်၊ ကမ္ဘာအရပ်ရပ်ရှိ သတင်းမျိုးစုံကို ကြားသိလာနိုင်လေ သည်။ ဓာတ်ငွေ့မီးနှင့် လျှပ်စစ်ဓာတ်မီးကိုသာ မတီထွင်ခဲ့လျှင်၊ ညအခါ မြို့ကြီးများတွင် ယခုလောက် ဓာတ်မီးလင်းလျက် ရှိလိမ့်မည် မဟုတ်ချေ။

ယခုခေတ်အလျောက် လူတို့ နေထိုင်စားသောက်နိုင်ကြခြင်း မှာ ပညာရှင်ကြီးများ၏ တီထွင်မှုများကြောင့်သာလျှင် ဖြစ်သည် ဟု ဆိုနိုင်ပေသည်။ ထိုပညာရှင်ကြီးများ၏ ကျေးဇူးများစွာ တင်ထိုက်ပေသည်။ လူအများ ချမ်းသာမှုရှိရေးအတွက် စက်မှု ကရိယာများကို တီထွင်ခဲ့သော်လည်း၊ နောက်ဆုံးတွင် မိတ် သင်္ဂဟမရှိ၊ ဆင်းရဲကြီးစွာဖြင့် သေသွားရှာရသော ပညာရှင်ကြီး များလည်း အများပင် ရှိခဲ့လေသည်။ အချို့သောပညာရှင်ကြီး များသည် မိမိတို့ ကြံစည်တီထွင်ခဲ့သော ကရိယာများကြောင့် ချမ်းသာကြွယ်ဝခဲ့ကြလေသည်။

ကျောက်မီးသွေးဓာတ်ငွေ့ဖြင့် ပထမဦးဆုံး မီးထွန်းခဲ့သော စကော့လူမျိုး ဝီလျံမားဒေါ့ဆိုသူသည် မိမိကြံစည် အားထုတ်မှု အတွက် အကျိုးကျေးဇူးကို မခံစားရသည်သာမက၊ အပြစ်တင် ကဲ့ရဲ့ခြင်းကိုပင် ခံရလေသည်။ လူအများက ထိုဓာတ်ငွေ့သည် လူကိုသေစေလိမ့်မည်ဟူ၍ အကြောင်းပြကာ ကန့်ကွက်ကြလေ သည်။ အပ်ချုပ်စက်ကို တီထွင်ခဲ့သူသည်လည်း ထိုနည်းတူစွာ အပြစ်တင် ကဲ့ရဲ့ခြင်းကို ခံခဲ့ရလေသည်။ သို့သော် နောက်ဆုံး တွင် သူ၏စက်သည် အသုံးဝင်လာသဖြင့်၊ ကံကောင်းထောက်မ သောကြောင့်၊ ပိုက်ဆံကြေးငွေများစွာ ရရှိခဲ့လေသည်။ ဓာတ်ငွေ့ မီး စတင်ထွန်းခဲ့သော မားဒေါ့သည် မော်တော်ကားကိုလည်း တီထွင်ခဲ့သေး၏။ ထိုအခါက မော်တော်ကားသည် ရေနွေးငွေ့ ဖြင့်သွားသည့် ကစားစရာစက်လောက်သာ ဖြစ်သေးသည်။

၂ဝ ရာစုနှစ်သည်ကား အလွန်ပင် အံ့0x100သဖွယ်ကောင်းလှသည့် တီထွင်မှုများ တိုးတက်လျက်ရှိသောခေတ်ပင် ဖြစ်၏။ ယခု အချိန်တွင် ရေဒီယိုနှင့် တယ်လီဗစ်ရှင်း (ရုပ်လွှင့်ရုပ်ဖမ်းစက်) များ ပေါ်ပေါက်လျက်ရှိရာ၊ ကမ္ဘာအရပ်ရပ်မှ သတင်းထူးများ နှင့် ဖြစ်ပျက်ပုံများကို တခဏခြင်းမျက်ဝါးထင်ထင်ကြား ရ မြင်ရနိုင်လေသည်။ ရှေ့အဖို့ မည်သည့်တီထွင်မှုများ ပေါ် ပေါက်လာဦးမည်ကို မတွေးတောနိုင်အောင်ပင် ရှိလေသည်။

အနုမြူ၏အင်အားကို ရှာဖွေတွေ့ရှိထားသော ဤခေတ်၌ အနုမြူအင်အားကို လူ့အကျိုးအတွက် အသုံးချရန်အလို့ငှာ တီထွင်မှုအမျိုးမျိုးတို့သည် ပေါ်ပေါက်လျက်ရှိနေသည်။[၁]

ဆက်စပ်အကြောင်းအရာ[ပြင်​ဆင်​ရန်​]

တီထွင်မှု ဗဟုသုတများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

>>တီထွင်မှု<<

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)