ဂလက်ဆီပု

ဝီကီပီးဒီးယား မှ
ဟာဘယ်မှရိုက်ကူးထားသော နဂါးငွေ့တန်း၏ အရံဂလက်ဆီဖြစ်သည့် ကြီးမားသော မဂ္ဂလန်တိမ်တိုက်

ဂလက်ဆီပု (အင်္ဂလိပ်: Dwarf galaxy) ဆိုသည်မှာ ဂယ်လက်ဆီငယ်တစ်ခုဖြစ်ပြီး မိမိတို့ နဂါးငွေ့တန်းနှင့်နှိုင်းယှဉ်ပါက အရေအတွက်ပမာဏ နည်းပါးသော ကြယ်ပေါင်း ဘီလီယံများစွာ ပါဝင်သည်။ ကြီးမားသော မဂ္ဂလန်တိမ်တိုက်သည် နဂါးငွေ့တန်းနှင့် နီးကပ်စွာလှည့်ပတ်ပြီး ကြယ်ပေါင်း ဘီလီယံ ၃ဝ ပါဝင်ကာ ဂလက်ဆီပုဟု ခေါ်သည်။ နက္ခတ္တပညာရှင်များသည် ယင်းဂလက်ဆီတို့၏ အရွယ်အစား ပုံပန်းသွင်ပြင်အရ အမျိုးအစားပေါင်းများစွာအဖြစ် ခွဲခြားသတ်မှတ်ကြသည်။

Local ဂလက်ဆီပုများ[ပြင်ဆင်ရန်]

Local Group ထဲတွင် ဂလက်ဆီပုများစွာရှိသည်။ ယင်းတို့သည် ပိုမိုကြီးမားသော ဂလက်ဆီများဖြစ်ကြသည့် နဂါးငွေ့တန်း၊ အင်ဒရိုမီဒါ ဂလက်ဆီနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီတို့အား လှည့်ပတ်ကြသည်။ နဂါးငွေ့တန်းအား လှည့်ပတ်နေကြသည့် ဂယ်လက်ဆီပု အခု ၂ဝ ခန့်အား မကြာသေးခင်ကမှ လေ့လာတွေ့ရှိခဲ့သည်။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. "Gemini and Hubble Space Telescope Evidence for an Intermediate-Mass Black Hole in ω Centauri" (2008). The Astrophysical Journal 676 (2): 1008–1015. doi:10.1086/529002. Bibcode2008ApJ...676.1008N.