ဘဲဥပုံစံ ဂလက်ဆီ

ဝီကီပီးဒီးယား မှ
The giant elliptical galaxy ESO 325-G004

ဘဲဥပုံစံ ဂလက်ဆီ သည် လုံးဝန်းချောမွေ့သော ဘဲဥပုံစံ ဂလက်ဆီဟုဆိုနိုင်သည်။ ယင်းတို့သည် ခရုပတ်ပုံစံ ဂလက်ဆီများနှင့် မတူဘဲ ကြယ်များသည် ဗဟိုအနီး၌ ကြုံရာကျပန်း လှည့်ပတ်နေကြသည်။ ဘဲဥပုံစံ ဂလက်ဆီဟူသည်ကို အက်ဒွင် ဟပ်ဘယ်The Realm of the Nebulae တွင် မူလပထမ ဖော်ပြထားသည်။[၁] ဘဲဥပုံစံ ဂလက်ဆီများသည် အဝန်းနီးပါးပုံစံရှိကြပြီး ကြယ်တာရာပေါင်း ၁၀ မီလီယံမှ ၂၀၀ ထရီလီယံအထိ ပါဝင်တတ်သည်။ အက်ဒွင် ဟာဘယ်က ဘဲဥပုံစံ ဂယ်လက်ဆီများသည် ခရုပတ်ပုံစံ ဂလက်ဆီများ အဖြစ် ပြောင်းလဲလာသည်ဟု အဆိုပြုခဲ့သော်လည်း နောက်ပိုင်းတွင် မှားယွင်းကြောင်း တွေ့ရှိခဲ့သည်။[၂] ဘဲဥပုံစံဂဂယ်လက်ဆီများရှိ ကြယ်များသည် ပျမ်းမျှအားဖြင့် ခရုပတ်ပုံစံ ဂလက်ဆီရှိ ကြယ်များထက် သက်တမ်းရင့်ကြယ်များ ဖြစ်ကြသည်။[၂] ဘဲဥပုံစံ ဂလက်ဆီများသည် Virgo Supercluster တွင် ၁၀ - ၁၅ ရာခိုင်နှုန်းရှိသည်ဟု ယုံကြည်ရလေသည်။ ထို့ကြောင့် ယင်းတို့သည် အချုပ်အားဖြင့် စကြဝဠာတွင် စိုးမိုးသည့် ဂလက်ဆီများ ဖြစ်ကြသည်။[၃] ယင်းတို့အား ဂလက်ဆီ အစုအပြုံများ၏ အလယ်ဗဟိုတွင် တွေ့ရှိရလေ့ရှိသည်။[၄] နှစ်ဘက်ခုံး ဂလက်ဆီများနှင့် ဘဲဥပုံဂလက်ဆီများသည် ယင်းတို့၏ တည်နေရာနှင့် Hubble sequence အရ စကြဝဠာတွင် အစောဆုံးတည်ရှိသည့် ဂလက်ဆီများဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Hubble၊ E.P. (1936)။ The realm of the nebulae။ Mrs. Hepsa Ely Silliman Memorial Lectures, 25။ New Haven: Yale University Press။ ISBN 9780300025002OCLC 611263346။ archived from the original on 2 June 201912 May 2017 တွင် ပြန်စစ်ပြီးCS1 maint: BOT: original-url status unknown (link)(pp. 124–151)
  2. ၂.၀ ၂.၁ John, D. (2006). Astronomy: The definitive guide to the universe. Bath, UK: Parragon Publishing., p. 224-225
  3. Loveday, J. (February 1996). "The APM Bright Galaxy Catalogue.". Monthly Notices of the Royal Astronomical Society 278 (4): 1025–1048. doi:10.1093/mnras/278.4.1025. Bibcode1996MNRAS.278.1025L. 
  4. Dressler, A. (March 1980). "Galaxy morphology in rich clusters – Implications for the formation and evolution of galaxies.". The Astrophysical Journal 236: 351–365. doi:10.1086/157753. Bibcode1980ApJ...236..351D.