ကွေဆာ

ဝီကီပီးဒီးယား မှ
အလွန်ဝေးကွာသော ကွေဆာ ULAS J1120+0641 အား အနုပညာရှင်မှ ပုံဖော်ထားပုံ။ ယင်းသည် နေထုထည်၏အဆပေါင်း ၂ ဘီလီယံရှိကာ တွင်းနက်မှ စွမ်းအင်ပေးထားသည်။[၁] Credit: ESO/M. Kornmesser

ကွေဆာ (/ˈkwzɑːr/) သို့မဟုတ် ကွာဆီ စတီလာ ရေဒီယိုပင်ရင်း သည် အဝေးကွာဆုံးနှင့် စွမ်းအင်အများဆုံး တက်ကြွ ဂယ်လက်ဆီတို့၏ အဖွဲ့ဝင်တစ်ခု ဖြစ်သည်။ ကွေဆာများအား အနီရောင်အရွေ့ဖြင့် ပထမဆုံးခြေရာခံမိချိန်၌ ယင်းတို့သည် အင်မတန်တောက်ပကြသည်။ ကွေဆာများသည် သာမန်ကြယ် ဂယ်လက်ဆီတို့၏ တောက်ပမှုထက် ထူးကဲစွာ တောက်ပရကား ကွာဆီ စတီလာ ဟူသောနာမည်အရ ယင်းတို့သည် မိမိတို့၏ နဂါးငွေ့တန်း ဂယ်လက်ဆီထက် အဆပေါင်း ၁၀၀ ခန့်ပိုမိုတောက်ပနိုင်သည်။[၂] ကွေဆာ အများစုမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၂ ဘီလီယံအကြာက ဖွဲ့တည်ခဲ့​ကြပြီး ဂယ်လက်ဆီများနှင့် ထိတိုက်မိရာမှ အင်အားကြီးတွင်းနက်များ[၃] သို့မဟုတ် ဒွိတွင်းနက်စနစ်အဖြစ် ပေါင်းစပ်သွားကြသည်။

ဂုဏ်သတ္တိများ[ပြင်ဆင်ရန်]

ကွေဆာပေါင်း ၂ဝဝ,ဝဝဝ အား သိထားပြီးဖြစ်သည်။ အများစုမှာ Sloan Digital Sky Survey မှလေ့လာထားခြင်းဖြစ်သည်။ လေ့လာထားသော ကွေဆာအများစုမှာ အနီရောင်အရွေ့ ဝ.ဝ၅၆ မှ ၇.ဝ၈၅ ကြားတွင်ရှိကြသည်။ ယင်းအနီရောင်အရွေ့များအား ဟာဘယ်နိယာမဖြင့် တွက်ချက်လိုက်ပါက ကွေဆာများသည် ၆ဝဝ မီလီယံကြားတွင် ရှိနိုင်သည်ဟုပြောနိုင်ပြီး[၄] အကွာအဝေးအားဖြင့် အလင်းနှစ် ၂၈.၈၅ ဘီလီယံခန့် ဝေးကွာနေသည်။ (ယှဉ်တွဲအကွာအဝေးအရ- စကြဝဠာသည့် ပြန့်ကားနေသည်ဟုယူဆသောကြောင့် comoving distance ဟုသုံးနှုန်းသည်) ကွေဆာတို့၏ အင်မတန်ကြီးမားသော အကွာအဝေးနှင့် အလင်း၏ ပုံသေအလျင်ကြောင့် ယင်းတို့တည်ရှိကြောင်း မိမိတို့အနည်ဖြင့် ဘေးပတ်ဝန်းကျင် အာကာသအား မြင်ရခြင်းဖြစ်သည်။ ကွေဆာများ၏ စွမ်းအားသည် အင်မတန်ကြီးမားသော တွင်းနက်များနှင့် မောင်းနှင်ထားသည်ဟု ယုံကြည်သည်။ ၁၉၉ဝ နောက်ပိုင်းတွင် ဟာဘယ် အာကာသမှန်ပြောင်းမှ လေ့လာထားချက်များအရ ဂယ်လက်ဆီအလယ်ဗဟိုနားတွင်ရှိကြသော ကြယ်များသည် အင်မတန်မြန်ဆန်သောနှုန်းဖြင့် လည်ပတ်နေသည်ဟု တွေ့ရှိခဲ့ရပြီး ယင်းသည် တွင်းနက်များဟု ဖော်ပြနေသည်။ ကွေဆာများအား ကမ္ဘာမြေမှ မြင်တွေ့ရသော်လည်း ယင်းတို့သည် အင်မတန်မှ ဝေးကွာလှသောကြောင့် ကွေဆာများသည် စကြဝဠာတွင် အတောက်ပဆုံးအရာဝတ္ထုများ ဖြစ်ကြသည်။ စကြဝဠာ၏ အစောပိုင်းကာလများတွင် ကွေဆာများသည် အများဆုံးတွေ့ရသည့်အရာဝတ္ထုများ ဖြစ်တန်ရာ၏။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. "Most Distant Quasar Found"။ 4 July 2011 တွင် ပြန်စစ်ပြီး 
  2. "The Quasi-Stellar Radio Sources 3C 48 and 3C 273" . The Astrophysics Journal 140: 1. doi:10.1086/147889. Bibcode1964ApJ...140....1G. 
  3. HubbleSite - NewsCenter - Hubble Sees the 'Teenage Years' of Quasars (06/18/2015) - Introduction။ 12 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-06-19 တွင် ပြန်စစ်ပြီး။
  4. Hubble Uncovers a Hidden Quasar in a Nearby Galaxy (Cygnus A)။ HubbleSite (1994-09-21)။ 28 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-07-01 တွင် ပြန်စစ်ပြီး။