ခရုပတ်ပုံစံ ဂလက်ဆီ

ဝီကီပီးဒီးယား မှ
ခရုပတ်ပုံစံ ဂလက်ဆီ၏ ဥပမာတစ်ခုမှာ ချားရဟတ် ဂလက်ဆီ (Messier 101 သို့မဟုတ် NGC 5457 ဟုလည်းသိထား) ဖြစ်သည်။

ခရုပတ်ပုံစံ ဂလက်ဆီ သည် ၁၉၃၆ ခုနှစ် အက်ဒွင် ဟာဘယ် ဖော်ပြသော The Realm of the Nebulae မှ ဂလက်ဆီအမျိုးအစားတစ်ခုဖြစ်သည်။[၁] ခရုပတ်ပုံစံ ဂလက်ဆီများသည် ပြားချပ်ပြီး ကြယ်များဖြင့် အလယ်ဗဟိုတွင် ဖိသိပ်ကာ လည်ပတ်နေသည့် ဂလက်ဆီဖြစ်သည်။ ယင်းဂလက်ဆီများသည် ဝက်အူရစ်ပုံစံ သို့မဟုတ် ခရုပတ်ပုံစံရှိကြသဖြင့် ခရုပတ်ပုံစံရှိ ဂလက်ဆီဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဂလက်ဆီ၏ လက်မောင်းတွင် ငယ်ရွယ်သည့်ကြယ်များ ရှိကြပြီး ဗဟိုထက် ပိုမိုတောက်ပသည်။ အလယ်ဗဟို၌မူ သက်တမ်းရင့်ကြယ်များ တည်ရှိသည်။ ခရုပတ်ပုံစံဂလက်ဆီအားလုံး၏ ၃ ပုံ ၂ ပုံတွင် တန်းလျားပုံစံရှိသော နောက်ထပ် ဂလက်ဆီပုံစံခွဲ ရှိကြသည်။[၂] လွန်ခဲ့သောနှစ်ပေါင်း ၈ ဘီလီယံအကြာက တန်းလျားပုံစံ ခရုပတ်ပုံစံသည် ၁၀ ရာခိုင်နှုန်းရှိရာမှ ယနေ့လက်ရှိအချိန်တွင် မြင်နိုင်သော စကြဝဠာ၌ ၃ ပုံ ၂ ပုံကျော် ဖြစ်လာသည်။[၃] မိမိတို့၏ နဂါးငွေ့တန်း ဂလက်ဆီသည်လည်း ယခင်က ခရုပတ်ပုံစံဟု ထင်မှတ်ခဲ့ရာ ၁၉၉၀ ခုနှစ်များတွင် တန်းလျားပုံစံ ခရုပတ်ပုံစံရှိကြသဖြင့် ဂလက်ဆီဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။ သို့သော် ယင်းတန်းလျားကိုမူ ကမ္ဘာမြေ၏ လက်ရှိ ဂယ်လက်တစ် တည်နေရာမှ လေ့လာရန် မလွယ်ကူချေ။[၄] ပုံစံမမှန်သော ဂလက်ဆီများဖြင့် ခရုပတ်ပုံစံရှိကြသဖြင့် ဂလက်ဆီများသည် local စကြဝဠာတွင် ဂလက်ဆီအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးခန့် နေရာယူထားလေသည်။[၅] ယင်းတို့ကို သိပ်သည်းမှုနည်းသော နယ်မြေတွင် အများစုတွေ့ရှိရပြီး ဂလက်ဆီ အစုအပြုံများ၏ အလယ်ဗဟို၌မူ တွေ့ရခဲသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Hubble၊ E.P. (1936)။ The realm of the nebulae။ Mrs. Hepsa Ely Silliman memorial lectures, 25။ New Haven: Yale University Press။ ISBN 9780300025002OCLC 611263346။ archived from the original on 2 June 201911 May 2017 တွင် ပြန်စစ်ပြီးCS1 maint: BOT: original-url status unknown (link)(pp. 124–151)
  2. D. Mihalas (1968)။ Galactic Astronomy။ W. H. Freeman။ ISBN 978-0-7167-0326-6
  3. "Hubble and Galaxy Zoo Find Bars and Baby Galaxies Don't Mix"၊ Science Daily၊ 16 January 2014။ 
  4. Ripples in a Galactic Pond, Scientific American, October 2005
  5. Loveday, J. (February 1996). "The APM Bright Galaxy Catalogue". Monthly Notices of the Royal Astronomical Society 278 (4): 1025–1048. doi:10.1093/mnras/278.4.1025. Bibcode1996MNRAS.278.1025L. 
  6. Dressler, A. (March 1980). "Galaxy morphology in rich clusters — Implications for the formation and evolution of galaxies". The Astrophysical Journal 236: 351–365. doi:10.1086/157753. Bibcode1980ApJ...236..351D.