ဂင်းနီဗစ်ဆောနိုင်ငံ
ဂင်းနီဗစ်ဆောသမ္မတနိုင်ငံ República da Guiné-Bissau (ပေါ်တူဂီ) | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: "Unidade, Luta, Progresso" (ပေါ်တူဂီ) "Unity, Struggle, Progress" | |||||
![]() ဂင်းနီဗစ်ဆောနိုင်ငံ၏ တည်နေရာ (အပြာရင့်) – အာဖရိကတိုက် အတွင်း (အပြာနု နှင့် မီးခိုးရင့်) | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | ဗစ်ဆောမြို့ 11°52′N 15°36′W / 11.867°N 15.600°W | ||||
ရုံးသုံး ဘာသာစကားများ | ပေါ်တူဂီ | ||||
ပြောဆိုကြသော ဘာသာစကားများ | |||||
လူမျိုးစု | |||||
ကိုးကွယ်မှု |
| ||||
Demonym | Bissau-Guinean[၂] | ||||
အစိုးရ | ပြည်ထောင်စု တစိတ်တပိုင်းသမ္မတ သမ္မတနိုင်ငံစနစ် | ||||
• သမ္မတ | အုမာရို ဆစ်ဆိုကို အမ်ဘာလို | ||||
နူနို ဂိုမီစ် နာဘီယမ် | |||||
ဥပဒေပြုလွှတ်တော် | အမျိုးသားပြည်သူလွှတ်တော် | ||||
ပေါ်တူဂီနိုင်ငံမှလွတ်လပ်ရေးရရှိခြင်း | |||||
• ကြေညာခဲ့ | ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက် | ||||
• အသိအမှတ်ပြုခဲ့ | ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက် | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၃၆,၁၂၅ km2 (၁၃,၉၄၈ sq mi) (အဆင့်: ၁၃၄) | ||||
• ရေထု (%) | ၂၂.၄ | ||||
လူဦးရေ | |||||
• ၂၀၁၆ ခန့်မှန်း | ၁,၈၁၅,၆၉၈[၃] (အဆင့် - ၁၄၈) | ||||
• သိပ်သည်းမှု | ၄၆.၉/km2 (၁၂၁.၅/sq mi) (အဆင့် - ၁၅၄) | ||||
GDP (PPP) | ၂၀၁၈ ခန့်မှန်း | ||||
• စုစုပေါင်း | $၃.၃၉၁ ဘီလီယံ[၄] | ||||
• Per capita | $၁,၉၅၁[၄] | ||||
GDP (nominal) | ၂၀၁၈ ခန့်မှန်း | ||||
• စုစုပေါင်း | $၁.၄၈၀ ဘီလီယံ[၄] | ||||
• Per capita | $၈၅၁[၄] | ||||
Gini (၂၀၁၀) | ![]() မြင့် | ||||
HDI (၂၀၁၉) | ![]() နိမ့် · ၁၇၅ | ||||
ငွေကြေး | အနောက်အာဖရိက ဖရန့် (XOF) | ||||
အချိန်ဇုန် | GMT (UTC ) | ||||
ယာဉ်ကြောစနစ် | right | ||||
တယ်လီဖုန်းကုဒ် | +၂၄၅ | ||||
ISO 3166 ကုဒ် | GW | ||||
Internet TLD | .gw |
ဂင်းနီဗစ်ဆောနိုင်ငံ၏ မူရင်းအမည်မှာ ပေါ်တူဂီ ဂင်းနီနိုင်ငံ ဖြစ်သည်။ ၁၉၇၄ ခုနှစ် တွင် လွတ်လပ်ရေးရရှိ၍ ဂင်းနီဗစ်ဆောနိုင်ငံဟု အမည် ပြောင်းခဲ့သည်။ အာဖရိကတိုက် အနောက်ဘက် ကမ်းခြေတွင် တည်ရှိပြီး မြောက်ဘက်တွင် ဆီနီဂေါနိုင်ငံ၊ အရှေ့နှင့်တောင်ဘက်တွင် ဂီနီနိုင်ငံတို့ တည်ရှိသည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၉၄၈ ရှိသည်။ ၁၉၇၆ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅၃ဝဝဝဝ ရှိသည်။ မြို့တော်မှာ ဗစ်ဆောမြို့ ဖြစ်သည်။ မြေနိမ့်လွင်ပြင်များနှင့် ကျွန်းပြတ်များ ပေါများပြီး သစ်တောထူထပ်သော နိုင်ငံ ဖြစ်သည်။
ဂင်းနီဗစ်ဆောနိုင်ငံကို ၁၅ ရာစုခန့်မှ အစပြု၍ ပေါ်တူဂီလူမျိုး ပင်လယ်ခရီးသွား တစ်စုက စတင် တွေ့ရှိခဲ့သည်။ ၁၇ ရာစုနှင့် ၁၈ ရာစု နှစ်များအတွင်း ထိုအရပ်၌ ငွေဝယ်ကျွန် အရောင်းအဝယ်လုပ်ငန်း ထွန်းကား ခဲ့သည်။ ထိုအချိန်မှ အစပြု၍ ပေါ်တူဂီလူမျိုးတို့က ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပေါ်တူဂီပိုင် ကိုလိုနီများ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ ဂင်းနီဗစ်ဆော နိုင်ငံသည် ပေါ်တူဂီတို့၏ ပင်လယ်ရပ်ခြား ပြည်နယ်တစ်ခု ဖြစ်လာသည်။
ထိုအချိန်မှ အစပြု၍ ဂင်းနီဗစ်ဆောနိုင်ငံရှိ အာဖရိက တိုင်းရင်းသားများ၏ လွတ်လပ်ရေး လှုပ်ရှားမှုများသည် တစ်နေ့တခြား ပြင်းထန်လာခဲ့သည်။ ပေါ်တူဂီအစိုးရသည် တိုးတက် လှုပ်ရှားလာသော လွတ်လပ်ရေး လှုပ်ရှားမှုများကို ဖိနှိပ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း အချည်းနှီးပင် ဖြစ်သည်။ အာဖရိက တိုင်းရင်းသားတို့၏ ၁၃ နှစ်ကြာ တိုက်ခဲ့ရသော လွတ်လပ်ရေး တိုက်ပွဲအပြီး၊ ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွတ်လပ်ရေး ပေးလိုက်ရ သည်။ သမ္မတအဖြစ် လွီဒီအယ်လမေဒါ ကဗရဲကို၎င်း၊ ဝန်ကြီးချုပ်အဖြစ် ဖရန်စစ္စကိုမန်းဒိကို၎င်း တင်မြှောက်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ တစ်လျှောက်လုံးတွင် ရုရှနိုင်ငံက စစ်ရေးအတွက် စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ခဲ့သည်။
အာဖရိက တိုင်းရင်းသားများမှာ အများအားဖြင့် ကပ္ပလီလူမျိုးများ နေထိုင်ကြသည်။ အများစုမှာ အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။ အဓိက ထွက်ကုန်များမှာ မြေပဲနှင့် ဆီထွက်အုန်းတို့ ဖြစ်ကြပြီး ပျားမွေးမြူခြင်း လုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွင် ရေနံကို လည်း စတင် တွေ့ရှိနေပြီး ဖြစ်သည်။ [၇]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Guinea Bissau။ Central Intelligence Agency။
- ↑ "Guinea-Bissau" – Field Listing: Nationality. Archived 26 June 2015 at the Wayback Machine. The World Factbook 2013–14. Washington, DC: Central Intelligence Agency, 2013. Retrieved 15 July 2015.
- ↑ World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ Guinea-Bissau။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။
- ↑ Gini Index coefficient။ CIA World Factbook။
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ 16 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)