ဆော်လမွန်အိုင်းလန်းနိုင်ငံ
ပုံပန်းသွင်ပြင်
| ဆော်လမွန်အိုင်းလန်း Solomon Islands | |
|---|---|
ဆောင်ပုဒ်: ခေါင်းဆောင်ခြင်းသည် တာဝန်ထမ်းရန်အတွက် | |
နိုင်ငံတော် သီချင်း: ဘုရားသခင် ကျွန်ုပ်တို့ ဆော်လမွန်အိုင်းလန်းကို ကယ်တင်ပါ | |
| မြို့တော် နှင့် အကြီးဆုံးမြို့ | ဟိုနီအာရာမြို့ |
| ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
| အမျိုးအစား | ပါလီမန် စနစ် နှင့် စည်းမျဉ်းခံ ဘုရင်စနစ် |
| အစိုးရ | |
• ဘုရင် | ချားလ်စ် ဝေလမင်းသား |
• ဘုရင်ခံချုပ် | ဖရန့် ကာဘူအီ |
• ဝန်ကြီးချုပ် | ဒန်နီ ဖီးလစ် |
| တည်ထောင် | |
• လွတ်လပ်ရေး ကြေညာခြင်း (ယူကေမှ) | ဇူလိုင် ၇၊ ၁၉၇၈ |
| ဧရိယာ | |
• စုစုပေါင်း | ၂၈,၄၀၀ km² (၁၀,၉၆၅ sq mi) (အဆင့်: ၁၄၂) |
• ရေထု (%) | ၃.၂ |
| လူဦးရေ | |
• ခန့်မှန်း | ၅၂၃,၀၀၀ (၂၀၀၉) (အဆင့် - ၁၇၀) |
• သိပ်သည်းမှု | ၁၈.၁/km² (၄၆.၉/sq mi) (အဆင့် - ၁၈၉) |
| GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | ၁.၅၁၄ ဘီလီယံ |
• Per capita | US $၂,၈၁၈ |
| HDI | အလယ် · ၁၃၅ |
| ငွေကြေး | ဆော်လမွန်အိုင်းလန်း ဒေါ်လာ |
| အချိန်ဇုန် | +၁၁ |
| တယ်လီဖုန်းကုဒ် | +၆၇၇ |
| Internet TLD | .sb |
ဆော်လမွန်အိုင်းလန်း နိုင်ငံ သို့မဟုတ် ဆော်လမွန်ကျွန်းစုသည် အိုရှန်းနီးယားတွင် ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပါပူအာနယူးဂီနီနိုင်ငံ ၏ အရှေ့ဘက်တွင် ရှိပြီး ကျွန်းစုပေါင်း ၁၀၀၀ ခန့် ပါဝင်သည်။ မြေနေရာအားဖြင့် ၁၀,၉၆၅ စတုရန်းမိုင် (၂၈,၄၀၀ စတုရန်းကီလိုမီတာ) ခန့် ရှိသည်။ မြို့တော်ဖြစ်သော ဟိုနီအာရာမြို့သည် ဂွာဒယ်ကနဲလ် ကျွန်းပေါ်တွင် တည်ရှိသည်။ ဆော်လမွန်အိုင်းလန်း သည် ဓနသဟာယနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။