ကင်းရှေ့ရွာ၊ သရက်ချောင်းမြို့နယ်
ကင်းရှေ့ | |
---|---|
ရွာ | |
ကင်းရှေ့ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 14°01′24″N 98°16′46″E / 14.0234498977661°N 98.2794036865234°Eကိုဩဒိနိတ်: 14°01′24″N 98°16′46″E / 14.0234498977661°N 98.2794036865234°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ထားဝယ်ခရိုင် |
မြို့နယ် | သရက်ချောင်းမြို့နယ် |
ကျေးရွာအုပ်စု | ကင်းရှေ့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
'ကင်းရှေ့ရွာ(အင်္ဂလိပ်: Kinshey)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ထားဝယ်မြို့မှ ၁၂ မိုင်ခန့်ဝေးကွာပြီး သရက်ချောင်းမြို့မှ ၁၈ မိုင်ခန့်ကွာဝေးသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၄၆ ဖြစ်သည်။ အလက ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား/သူ ၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၃၉၆၊ စုစုပေါင်း ၁၇၃၈ ဦးနေထိုင်သည်။ [၁]
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကင်းရှေ့ရွာသို့ ကားလမ်းဖြင့်လွယ်ကူစွာ သွားလာနိုင်သည်။ ထားဝယ် -မြိတ် ကားလမ်းပေါ်ရှိ ရှင်မုတ္ထီးကျေးရွာမှတဆင့် ၆ မိုင်ခန့်သွားရောက်ရမည် ဖြစ်ပြီး ကျောက်ရပ်ရွာမှတ်ဆင့်သော်လည်းကောင်း ညောင်ဇင်ရွာမှ ၎င်းသွားရောက်နိုင်သည်။
စီးပွားရေး
[ပြင်ဆင်ရန်]ကင်းရှေ့ကျေးရွာ၏ အဓိက စီးပွားရေးမှာဥယျာဉ်ခြံများ စိုက်ပျိုးကြပြီး ရာဘာ ကွမ်းသီး သီဟိုပင်များစိုက်ပျိုးပြီး အသက်မွေးကြသည်။ မိုးရာသီတွင် ဆန်စပါးများကို စိုက်ပျိုးကြသည်။ ကျေးရွာလူငယ်အများစုမှာ ထိုင်းနိုင်ငံ တွင် ရွေ့ပြောင်းအလုပ်သမား များအဖြင့် အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိပြီး အချို့လူငယ်များမှာ ရေလုပ်သားများ အဖြင့် ငါးဖမ်းလှေများတွင် လုပ်ကိုင်ကြသည်။
ပညာရေး
[ပြင်ဆင်ရန်]ကင်းရှေ့ကျေးရွာတွင် အခြေခံပညာအလယ်တန်း အဆင့် စာသင်ကျောင်းတစ်ကျောင်းရှိပြီး နွေရာသီကျောင်းပိတ်ရက်တွင် ဘုန်းတော်ကြီးကျောင်းတွင် ယဉ်ကျေးမှုသင်တန်းများကို ဆရာတော်မှ ပို့ချသင်ကြားပေးသည်။
ဘာသာရေး
[ပြင်ဆင်ရန်]ကင်းရှေ့ရွာသူ ရွာသားအားလုံးသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး ဘုန်းကြီးကျောင်းကို ရွာတောင်ပိုင်းတွင် တည်ဆောက်ကိုးကွယ်ထားသည်။ ရွာအဝင်ဝရှိ သင်္ဘောဝှက်တောင်တွင် တောင်ပေါ်ကျောင်းတစ်ဆောင်ကိုလည်း တည်ဆောက်ကိုးကွယ်ထားကြသည်။
ကိုးကား
[ပြင်ဆင်ရန်]
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |