ယူနီဆက်ဖ်
|
|||||
ယူနီဆက် လိုဂို |
|||||
| အမျိုးအစား | ရန်ပုံငွေအဖွဲ့ | ||||
| အတိုကောက် | UNICEF | ||||
| ဦးဆောင်သူ | Ann Veneman | ||||
| လက်ရှိအနေအထား | ရှင်သန်ဆဲ | ||||
| တည်ထောင်နှစ် | ၁၉၄၆ | ||||
| ဝက်ဘ်ဆိုက် | http://www.unicef.org | ||||
| မိခင်အဖွဲ့အစည်း | ECOSOC | ||||
| Wikimedia Commons |
|||||
| Portal | |||||
|---|---|---|---|---|---|
ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ [ပြင်ဆင်ရန်]
ယူနီဆက်(UNICEF-United Nations Children's Fund) ကုလသမဂ္ဂ ကလေးသူငယ်များ၏ ရန်ပုံငွေအဖွဲ့ကို ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တည်ထောင် ဖွဲ့စည်းပေးခဲ့သည်။ အင်္ဂလိပ် ဘာသာဖြင့် အမည်ထိပ်စာလုံးများကို ယူကာ ယူနီဆက်ဟု ခေါ်၍ ယင်းအမည်ဖြင့် လူသိများသည်။ ယူနီဆက်သည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ကြီးကြပ်မှုကို ခံယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ယူနီဆက်သည် အကူအညီ လိုအပ်လျက်ရှိသော ကလေးသူငယ်များအား လူမျိုးဘာသာမရွေး၊ နိုင်ငံသားမရွေး၊ နိုင်ငံရေးခံယူချက်မရွေး ကူညီထောက်ပံ့လျက်ရှိ၏။ ထိုသို့ ကူညီထောက်ပံ့ရာတွင် သက်ဆိုင်ရာ နိုင်ငံအစိုးရ၏ မေတ္တာရပ်ခံချက်အရသာ ထောက်ပံ့ခြင်းဖြစ်၏။ ယူနီဆက်၏ ဘဏ္ဍရေးမှာ အစိုးရနှင့် ပုဂ္ဂလိကများ၏ စေတနာအလျောက် ထည့်ဝင် လှူဒါန်းငွေပေါ်တွင် အမှီပြုထားသည်။
ယူနီဆက်သည် ကျန်းမာရေး၊ အာဟာရဓာတ် ပြည့်ဝရေး ကလေးသူငယ် သက်သာချောင်ချိရေး၊ ပညာရေး၊ အသက်မွေးမှု အတတ်ပညာ သင်ကြားရေး စသည့် လုပ်ငန်းများကို ကူညီ ထောက်ပံ့လျက် ရှိသည်။ ကျန်းမာရေးနှင့် စပ်လျဉ်း၍ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနများနှင့် ဆေးရုံများအတွက် ယာဉ်နှင့် ဆေးဝါးပစ္စည်းများ၊ ဆေးရုံသုံး ကိရိယာများကို ထောက်ပံ့၏။ ကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်အတွက် လိုအပ်သည့် သင်ကြားရေး ဆိုင်ရာ ကိရိယာများကိုလည်း ထောက်ပံ့၏။
ထို့ပြင် ငှက်ဖျားရောဂါ၊ အဆုတ်ရောဂါ၊ အနာကြီးရောဂါ၊ မျက်ခမ်းစပ်ရောဂါနှင့် ကလေးသူငယ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း ကူညီ ဆောင်ရွက် လျက် ရှိသည်။ ရေဘေး၊ လေဘေး၊ မိုခေါင်ရေရှားဘေးနှင့် အခြားသော ကပ်ဘေးအန္တရာယ်များကို ခံစားကြရသော ကလေးသူငယ်များ အတွက်လည်း ဆေးဝါးရိက္ခာ စသည့် ကယ်ဆယ်ရေး ပစ္စည်း များကို ကူညီထောက်ပံ့သည်။ ယူနီဆက်သည် ၁၉၆၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ယူနီဆက်၏ ဌာနချုပ်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် တည်ရှိသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
|
||||||||||||||||||||||