ဆုရှင်၊ မောင်၊ စာရေးဆရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စာရေးဆရာ မောင်ဆုရှင်

မောင်ဆုရှင် (၁၉၃၂-၂ဝဝ၉)[ပြင်​ဆင်​ရန်​]

  1. အမည်ရင်း - ဦးမျိုးသန့်
  2. မိဘအမည် - ဦးချစ်ဖေ + ဒေါ်စိန်မြင့်
  3. မွေးသက္ကရာဇ် - ၁၊ ၁၊ ၁၉၃၂
  4. မွေးဖွားရာ ဒေသ - မြောင်းမြမြို့
  5. ကလောင် အမည်ခွဲများ - မောင်ကောင်းမြင့်၊ မောင်ကြည်ဖြူ၊ ဦးဘခန့်၊ မျိုးသန့်၊ ဝင်းသန့်၊ အောင်သူ

ကိုယ်ရေးဖြစ်စဉ်[ပြင်​ဆင်​ရန်​]

အမည်ရင်း​မှာ ဦး​မျိုး​သန့်​ဖြစ်သည်။ ၁၉၃၂ ခုနှစ်၊​ ဇန်နဝါရီလ (၁) ရက်​နေ့​တွင် ဧရာ၀တီတိုင်း ​မြောင်း​မြမြို့​၌ အဖ ဦး​ချစ်​ဖေ၊​ အမိ​ဒေါ်စိန်မြင့်​တို့​မှ ​မွေး​ဖွား​သည်။ ဝိဇ္ဇာဘွဲ့​၊​ သတင်း​စာပညာဒီပလိုမာဘွဲ့​များ​ ရရှိသည်။ မူလတန်း​နှင့်​ အလယ်တန်း​ပညာကို ​မြောင်း​မြမြို့​၊​ အထက်တန်း​ပညာကို ရန်ကုန်မြို့​မ အထက်တန်း​ကျောင်း​နှင့်​ ဝိဇ္ဇာဘွဲ့​ကို ရန်ကုန်တက္ကသိုလ်မှ ရရှိသည်။


၁၉၄၉ တွင် ရိုထရီကလပ်မှ ကျင်း​ပ​သော စာစီစာကုံး​ပြိုင်ပွဲ၌ “နိုင်ငံ့​သား​ကောင်း​တာဝန်” ဖြင့်​ ရရှိခဲ့​သည်။ ၁၉၄၉ တွင် ‘​မောင်ဖြူနွဲ့​’ ဟူ​သော က​လောင်အမည်ဖြင့်​ ဟံသာဝတီ သတင်း​စာ၌ ကဗျာများ​ စတင်​ရေး​သား​သည်။ ၁၉၅၄ ခုနှစ်တွင် စာ​ပေဗိမာန်သို့​ ဝင်​ရောက် တာဝန်ထမ်း​ဆောင်ပြီး​ ထိုနှစ်တွင်ပင် ရှုမဝမဂ်ဂဇင်း​၊​ သင့်​ဘဝမဂ်ဂဇင်း​တို့​တွင် ​အောင်သူ၊​ မျိုး​သန့်​၊​ မဟာမိ၊​ ဝင်း​သန့်​၊​ ဦး​ဘခန့်​ စသည့်​ က​လောင်ကွဲများ​ဖြင့်​လည်း​ ဝတ်ထုတိုနှင့်​ ​ဆောင်း​ပါး​များ​ စတင်​ရေး​သား​ခဲ့​သည်။ ‘မြတ်ဘုရား​ရွှေတိဂုံ’၊​ ‘နီ​သောလင်း​ယုန်’၊​ ‘အဂင်လိပ်- မြန်မာ စစ်ပွဲ​ခေတ် ကိုယ်​တွေ့​များ​’ ၊​ ‘စိတ်နုပျို ကိုယ်ကျန်း​မာ’၊​ ‘မြို့​ပြခံစား​မှု စာမွန်များ​’၊​ ‘၂၀ ရာစုသုတကမ်ဘာ’၊​ ‘ကမ်ဘာ​မြေ​ကြွေမှာစိုး​သူများ​’ နှင့်​ ‘၂၁ ရာစု လူမှု​ဝေါဟာရများ​ ( ၆ ) တွဲ’ ‘အ​သေး​အမွှား​ အ​ရေး​မထား​ဖို့​ နည်း​လမ်း​ ( ၁၀ဝ )’၊​ ‘မိုး​ကောင်း​ကင်ကို ​မော့​ကြည့်​ခြင်း​’ ၊​ ‘စာ​ရေး​သူ့​လက်စွဲ’ ၊​ ‘အ​ကောင်း​မြင်စိတ်စွမ်း​အား​’ ၊​ ‘​ပျော်ရွှင်သုခ တစ်ဘဝ’၊​ ‘​နေ့​ စဉ် စိတ်ချမ်း​သာဖို့​ နည်း​လမ်း​ကိုး​သွယ်’ စသည့်​ စာအုပ်များ​နှင့်​ စာ​ပေဗိမာန် စာအုပ်များ​ အပါအဝင် စာအုပ်​ပေါင်း​ ( ၅၀ ) ​ကျော်ပြုစုခဲ့​ပြီး​ ဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် အမျိုး​သား​စာ​ပေဆု ( သုတပ​ဒေသာဆု ) ကို ‘တီထွင်မှုများ​သမိုင်း​’ စာအုပ်ဖြင့်​လည်း​ကောင်း​၊​ ၁၉၆၈ ခုနှစ်တွင် အမျိုး​သား​စာ​ပေဆု ( ဘာသာပြန်ဆု ) ကို ‘ပင်လယ်ပြာနှင့်​ တံငါအို ’ စာအုပ်နှင့်​လည်း​ကောင်း​ ရရှိပါသည်။ ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ​ရေး​ လုပ်ငန်း​၊​ စာ​ပေဗိမာန်အဖွဲ့​ ညွှန်ကြား​ရေး​မှူး​ အဖြစ်မှ အငြိမ်း​စား​ယူပြီး​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန အကြံ​ပေး​အရာရှိအဖြစ် တာဝန်ထမ်း​ဆောင်ခဲ့​သည်။ မြန်မာနိုင်ငံ စာ​ပေနှင့်​ စာနယ်ဇင်း​အဖွဲ့​၏ ဥက်ကဌ၊​ ပခုက်ကူဦး​အုန်း​ဖေ စာ​ပေဆု​ရွေး​ချယ်​ရေး​ အဖွဲ့​ဥက်ကဋ်ဌ၊​ အမျိုး​သား​စာ​ပေဆု ​ရွေး​ချယ်​ရေး​ အဖွဲ့​အတွင်း​ရေး​မှူး​ နှင့်​ မြန်မာ့​ရုပ်ရှင်ထူး​ချွန်ဆု ( အကယ်ဒမီ ) ​ရွေး​ချယ်​ရေး​ နှင့်​ နိုင်ငံ​တော်မှ ကြီး​မှူး​ ကျင်း​ပ​သော စာ​ပေဆု​ရွေး​ချယ်​ရေး​ လုပ်ငန်း​များ​၊​ စာ​ပေဆိုင်ရာ ကိစ်စများ​တွင် ဦး​ဆောင်ပါဝင်ခဲ့​သည်။ စာ​ပေ​ရေး​သား​ခြင်း​သာမက အပတ်စဉ်မြန်မာ့​ အသံမှ ‘သိပ်ပံပညာ သိ​ကောင်း​စရာ’ ကဏ်ဍကို နှစ်​ပေါင်း​ (၃၀) ​ကျော်တာဝန်ယူ အသံလွှင်ခဲ့​ပါသည်။ ၂၀ဝ၉ ခု၊​ ဇွန်လ ( ၂ ) ရက်​နေ့​တွင် ကွယ်လွန်ခဲ့​သည်။ ကြွင်း​ကျန်​သော ရုပ်ကလာပ်ကို ၄ - ၆- ၂၀ဝ၉ တွင်​ရေ​ဝေး​သုသာန်၌ မီး​သဂြငိ်ုလ်ခဲ့​သည်။




ဆရာ မောင်ဆုရှင်သည် ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆရာကျုစ် တက္ကသိုလ်နှင့် ဘော့စတွန် တက္ကသိုလ်တို့မှ သတင်းစာ ပညာ ဒီပလိုမာနှင့် စာအုပ် ထုတ်ဝေရေး ပညာ ဒီပလိုမာများ ရရှိခဲ့သည်။ ၁၉၅၃ ခုနှစ်မှ စ၍ ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်တွင် စာပြု အရာရှိ အဆင့်မှ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူး (စာပေ) အဆင့် အထိ ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြန်ကြားရေး ဝန်ကြီး ဌာန အကြံရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

ထို့အပြင် ဆရာ မောင်ဆုရှင်သည် ၁၉၆၇ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ စာပေ လုပ်သား အဖွဲ့ အတွင်းရေးမှူး၊ ၁၉၉ဝ မှ ၁၉၉၄ ခုနှစ် အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ အတွင်းရေးမှူး၊ ၁၉၉၄ မှ ၁၉၉၈ ခုနှစ် အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန် အသီးသီး ယူခဲ့ပြီး ယခုအခါ ဗဟို အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ ၁၉၉၅ ခုနှစ် မြို့မကျောင်း၏ ၇၅နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့ရာတွင် ပါဝင်ခဲ့သည်။

နိုင်ငံတော်မှ ပေးအပ် ထားသည့် စာပေရေးရာ တာဝန်များ အဖြစ် အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး အဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူ ဦးအုန်းဖေ စာပေစိစစ် ရွေးချယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ စာပေဗိမာန် စာမူဆု စိစစ် ရွေးချယ်ရေး အဖွဲ့ အဖွဲ့ဝင် စသည့် တာဝန်များ အပြင် နိုင်ငံတော် အဖွဲ့အစည်း များတွင် စာပေ ဆိုင်ရာ တာဝန်များ ကိုလည်း ထမ်းဆောင်လျက် ရှိသည်။

အသံလွှင့် ဟောပြောခြင်း လုပ်ငန်း အနေဖြင့် မြန်မာ့ အသံ သိပ္ပံပညာ သိကောင်းစရာ အခန်း ကဏ္ဍမှ အသံလွှင့် ဟောပြောမှုကို လွန်ခဲ့သည့်နှစ် ၄ဝ ကျော်မှ စ၍ ယနေ့ ထက်တိုင် ဆောင်ရွက်လျက် ရှိသည်။

ဆရာ မောင်ဆုရှင်သည် ထိုလုပ်ငန်းများစွာ တို့အပြင် စာပေရေးရာ တာဝန်များဖြင့် စာအုပ် စာပေများကို ပြုစုလျက် ရှိသည်။ ၁၉၅၄ ခုနှစ်မှ စ၍ ယနေ့ အထိ စာအုပ်ပေါင်း ၁ဝဝ ကျော် ရေးသား ပြုစုခဲ့သည်။ မြတ်ဘုရား ရွှေတိဂုံ၊ နီသော လင်းယုန်၊ အင်္ဂလိပ် - မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များ၊ စိတ်နုပျို ကိုယ်ကျန်းမာ၊ မြို့ပြ ခံစားမှု စာမွန်များ၊ ၂ဝ ရာစု သုတကမ္ဘာ၊ ၂၁ ရာစု ကမ္ဘာနှင့် ၂၁ ရာစု လူမှု ဝေါဟာရများ၊ မြေကမ္ဘာ ကြွေမှာ စိုးသူများ စသည့် စာအုပ်များ ပါဝင်သည်။ စာပေဗိမာန် အဖွဲ့မှ ကျင်းပသော ခရီးသွား စာပေ စာတမ်း ဖတ်ပွဲနှင့် ဂန္ဓဝင် စာပေ စာတမ်း ဖတ်ပွဲများတွင် စာတမ်းများ တင်သွင်း ခဲ့သည်။

ဆရာ မောင်ဆုရှင်သည် ၁၉၇၆ ခုနှစ်တွင် တီထွင်မှုများ သမိုင်း စာအုပ်ဖြင့် သုတ ပဒေသာ (သိပ္ပံ) ဆု၊ ၁၉၆၈ ခုနှစ်တွင် ပင်လယ်ပြာနှင့် တံငါအို စာအုပ်ဖြင့် ဘာသာပြန်ဆု စသည်ဖြင့် အမျိုးသား စာပေဆု နှစ်ကြိမ် ရရှိခဲ့သည်။


မြန်မာနိုင်ငံ၏ စာ​ပေတာဝန်များ​ဖြင့်​ အ​မေရိကန်၊​ ရုရှား​၊​ ဂျပန်၊​ ဂျာမနီ၊​ ​ဟောင်​ကောင်၊​ မ​လေး​ရှား​၊​ ဘရူနိုင်း​၊​ စင်ကာပူ၊​ အိန်ဒိယ၊​ ဆွစ်ဇာလန်၊​ အဂင်လန်၊​ တရုတ်ပြည်သူ့​သမ်မတ နိုင်ငံများ​သို့​သွား​ရောက်ခဲ့​သည်။

စာပေပညာလေ့လာခြင်း[ပြင်​ဆင်​ရန်​]

မူလတန်းနှင့် အလယ်တန်းပညာကို မြောင်းမြမြို့၊ အထက်တန်းပညာကို ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း တွင်ပညာသင်ကြားခဲ့သည်။ နှင့် ဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။

စာပေဘဝအစ[ပြင်​ဆင်​ရန်​]

၁၉၄၉ခုနှစ်တွင် ရိုထရီကလပ်မှီ ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုရ “နိုင်ငံသားကောင်းတာဝန်” စာစီစာကုံးကို ဟံသာ၀တီ လွတ်လပ်ရေးနေ့ အထူးထုတ် သတင်းစာ၌ “မျိုးသန့်” ဟူသည့်ကလောင်အမည်ဖြင့် စတင်ဖော်ပြခံရကာ ကလောင်သွေးခဲ့သည်။ ၁၉၄၉ခုနှစ်တွင် “မောင်ဖြူနွဲ့”ဟူသည့် ကလောင်အမည်ဖြင့် ဟံသာ၀တီမဂ္ဂဇင်းကဏ္ဍ၌ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ “မောင်ဆုရှင်” ကလောင်အမည်ဖြင့် ရူမဝ၊ သင့်ဘဝ၊ စာပေဗိမာန် စသည့်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားပြုစုခဲ့သည်။ ၁၉၅၅ခုနှစ်မှ စတင်ပြီး “မျက်မှောက်ကမ္ဘာ့ရေးရာ” အခန်းများကို ရူမဝမဂ္ဂဇင်းတွင်ရေးသားခဲ့သည်မှာ ရူမဝမဂ္ဂဇင်းရပ်နားသည့်အထိ ပင် ဖြစ်သည်။ အခြားကလောင်ခွဲများမှာ အောင်သူ၊ ဦးဘခန့်၊ ဝင်းသန့် စသည့်တို့ဖြစ်သည်။

စာပေရေးသားပြုစုခြင်း[ပြင်​ဆင်​ရန်​]

၁၉၄၉ခုနှစ်တွင် ဟံသာ၀တီသတင်းစာ မဂ္ဂဇင်းကဏ္ဍ၊ ၁၉၅၄ခုနှစ်တွင် ရူမဝမဂ္ဂဇင်း၊ သင့်ဘဝမဂ္ဂဇင်းနှင့် စာပေဗိမာန်မဂ္ဂဇင်း၊ ၁၉၅၆ ခုနှစ်တွင် ဘာဂဝါဂီတကျမ်း(ဟင်ဒီ) နှင့် သီရိကုရဲလ်ကျမ်း(တမီလ်)၊ ၁၉၇၂ခုနှစ်တွင် “မြတ်ဘုရားရွှေတိဂုံ” စာအုပ်တို့ကို ပြုစုရေးသားခဲ့ပြီး ပင်ကိုယ်ရေးနှင့် ဘာသာပြန်လုံးချင်းစာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားထုတေ်၀ခဲ့သည်။ ခရီးသွားစာပေစာတမ်း၊ ဂန္ထဝင် စာပေစာတမ်း၊ ဘာသာပြန်စာပေစာတမ်း အပါအဝင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၂၀ ကျော်နှင့် နိုင်ငံတကာစာတမ်းဖတ်ပွဲများတွင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၁၀ခုကျော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုဖတ်ကြားခဲ့သည်။

စာပေတည်းဖြတ်ခြင်း အတွေ့အကြုံ[ပြင်​ဆင်​ရန်​]

၁၉၅၄ခုနှစ်မှ ၁၉၉၁ခုနှစ်အထိ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗမာန်တွင် စာပြုအဆင့်မှ စာတည်းမှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆီရာကျုတက္ကသိုလ်မှ စာနယ်ဇင်းဒီပလိုမာ ရရှိခဲ့ပြီး ၁၉၇၂ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ယူနက်စကို အာရှယဉ်ကျေးမှုဌာနတွင် စာတည်းသင်တန်း တက်ရောက်ခဲ့သည်။

စာပေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များ[ပြင်​ဆင်​ရန်​]

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတိ အဖွဲ့ဝင်၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်များ၊ဆောင်ရွက်ခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်က ကြီးမှူးသည့် သုတဘဏ်စာတမ်းဖတ်ပွဲ၊ ပုံနှိပ်ထုတေ်၀ရေးလုပ်ငန်း နှီးနှောဖလှယ်ပွဲများကို စီစဉ်ကျင်းပခြင်း၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အတွက် ဦးထင်ကြီး ဒီဂျစ်တယ်ရည်ညွှန်းစာကြည့်တိုက် ထူထောင်ပေးခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ WIPO, ACCU အဖွဲ့တို့နှင့် ဆက်သွယ်ပူးပေါင်း၍ စာပေမူပိုင်ခွင့် ဗဟုသုတ တိုးပွားရေး နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက် ကျင်းပပေးခြင်း စသည့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။

စာပေစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ချက်များ[ပြင်​ဆင်​ရန်​]

၁၉၆၆မှ ၁၉၈၈ခုနှစ်ထိ စာပေလုပ်သားအဖွဲ့ တွဲဖက်အတွင်းရေးမှူးနှင့် အတွင်းရေးမှူး၊ ၁၉၈၉မှ ၁၉၉၂ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူး၊ ၁၉၉၄မှ ၁၉၉၉ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌနှင့် ၁၉၉၉ခုနှစ်မှ ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီဝင် တာဝန်များ ထမ်းဆောင်ခဲ့သည်။

အခြားလုပ်ငန်းများ[ပြင်​ဆင်​ရန်​]

နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ တာဝန်ပေးသည့် လုပ်ငန်းများဖြစ်သည့် ၁၉၉၃မှ ၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ သဘာပတိအဖွဲ့ဝင်၊ အမျိုးသားညီလာခံသမိုင်းပြုစုရေးအဖွဲ့ ခေါင်းဆောင်၊ ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့တွင် မဂ္ဂဇင်းထုတေ်၀ရေး အဖွဲ့ခေါင်းဆောင် စသည့်တာဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် စာပေပြိုင်ပွဲများ၊ မြန်မာအသံတွင် ၁၉၆၀ပြည့်ခန့်မှစ၍ “သိပ္ပံပညာ သိကောင်းစရာကဏ္ဍ” နှင့် သုတပဟေဠိကဏ္ဍများ၊ ၂၁ရာစု လူမှေုဝါဟာရများ မိတ်ဆက်ကဏ္ဍတို့တွင် အသံလွှင့်ခဲ့ပြီး ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ခဲ့သည်။ ထွန်းဖောင်ဒေးရှင်းစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး၊ သုတစွယ်စုံစာပေဆု စိစစ်ရွေးချယ်ရေးဥက္ကဋ္ဌ၊ ဆရာဝန်တင်ရွှေစာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဂျပန်နိုင်ငံ ယူနက်စကို အာရှ-ပစိဖိတ် ယဉ်ကျေးမှုဌာန(ACCU)တွင် မြန်မာနိုင်ငံစာပေဆိုင်ရာ သတင်းဆက်သွယ်ရေးမှူးဖြစ်သည်။ ၁၉၉၁ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးတွင် အကြံပေးအရာရှိ၊ ကျွမ်းကျင်သူတာဝန်များ ထမ်းဆောင်နေဆဲတွင် ကွယ်လွန်ခဲ့သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ယခုအခါ မောင်ဆုရှင်သည် အမှတ် (၆၉)၊ ရတနာ ကျွန်းရိပ်သာ၊ (ဋ) တိုးချဲ့ သုနန္ဒာရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်လျက် ရှိရာမှအသက် ၇၇ နှစ်အရွယ် တွင် အဆုတ်အအေးမိ ရောဂါဖြင့် ၃ ရက်ခန့် ရောဂါခံစားနေရရာမှ ရွှေဂုံတိုင်အထူးကု ဆေးကုခန်းတွင် တက်ရောက်ကုသနေရင်း ၂.၆.၂၀ဝ၉ နေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့် တွင်ရန်ကုန်မြို့၌ ကွယ်လွန်သွားသည်။


မောင်ဆုရှင် ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်​ဆင်​ရန်​]

  1. ကဏှာဇာလီ
  2. ကာယချမ်းသာ
  3. (ကလာရာအင်ဂရန်) ကုဋေငါးဆယ်
  4. ခရစ်တော်၏ ဘဝ - ၁၉၆၃ ခုနှစ်
  5. ခြေရာပျောက်
  6. ဂုဏ်
  7. စာနယ်ဇင်းဟူသည် (သိန်းတန်၊ မောင်ပေါ်ထွန်း တို့နှင့် တွဲ၍)
  8. စာအုပ် ဟူသည် (မောင်ပေါ်ထွန်းနှင့် တွဲ၍)
  9. စစ်သူကြီး မဟာဗန္ဓုလ
  10. စိတ်နုပျို ကိုယ်ကျန်းမာ
  11. စုံထောက် ဦးရန်ပြေ
  12. တီထွင်မှုများ သမိုင်း (ပထမတွဲ) - ၁၉၇၅ ခုနှစ်
  13. တီထွင်မှုများ သမိုင်း (ဒုတိယတွဲ) - ၁၉၇၅ ခုနှစ်
  14. တပြန်တလှည့်
  15. တရပ်တမြေ
  16. ဒဂုန်နေ့စဉ်
  17. နီသော လင်းယုန် (စတုန်း + အာဗင်) - ၁၉၇၆ ခုနှစ်
  18. ပါရမီ
  19. ပင်လယ်ပြာနှင့် တံငါအို - ၁၉၇၄ ခုနှစ် (ဟဲမင်းဝေ၊ အားနက်စ်)
  20. မြို့ပြခံစားမှု စာမွန်များ
  21. မြတ်ဘုရား ရွှေတိဂုံ - ၁၉၇၂ ခုနှစ်
  22. ရာမာကရစ်ရှနာ ကိုယ်တော်၏ အာဘော် - ၁၉၆၃ ခုနှစ်
  23. ရှရီရာမာကရစ္စနာ ကိုယ်တော်၏ အတ္ထုပ္ပတ္တိ အကျဉ်း - ၁၉၅၉ ခုနှစ်
  24. အနိုင်မခံ (စီးယားစ်၊ ကတ်သရင်းအိုးရန်း) - ၁၉၆၃ ခုနှစ်
  25. အသက်ရှည်ရာ အနာမဲ့ကြောင်း - ၁၉၆၃ ခုနှစ်
  26. အင်္ဂလိပ် - မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များ - ၁၉၆၉ ခုနှစ်
  27. အင်ဂျင်နီယာ စွမ်းရည် - ၁၉၅၈ ခုနှစ်
  28. ၂၁ ရာစု လူမှုဝေါဟာရများ - ၂ဝဝဝ ပြည့်နှစ်

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်) ပညာရွှေတောင် စာအုပ်တိုက်