တင့်၊ ဆရာ(မြို့မ​ကျောင်း)

ဝီကီပီးဒီးယား မှ
(ဆရာတင့် (မြို့မကျောင်း) မှ ပြန်ညွှန်းထားသည်)

နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့် ဆိုရှယ်လစ်ရေး တို့တွင် မြို့မ ဆရာကြီးများ မြို့မကျောင်းသားများ ရှေ့တန်းမှ ပါဝင် ခဲ့သော တို့ဗမာ အစည်းအရုံးကြီးကို ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် စတင် ဖွဲ့သည်။ ထို အခြေအနေတွင် သခင် ဘသောင်းက ဦးဆောင်၍ မျိုးချစ် လူငယ် တစုက မြန်မာ တိုင်းရင်းသား တို့၏ ဇာတိသွေး ဇာတိမာန်ကို လှုံ့ဆော် ပေးပြီး တိကျ ပြတ်သားသော ဝါဒ လမ်းစဉ်ဖြင့် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မည့် အဖွဲ့အစည်း တခု ဖွဲ့စည်းရန် ကြံစည် ကြသည်။ အကြံရသည့် အတိုင်း ဆွေးနွေး တိုင်ပင်မှု များလည်း လုပ်ကြသည်။ ပထမဆုံး အလုပ် အမှုဆောင်များမှာ (၁) ဆရာတင့် (မြို့မကျောင်း) ဥက္ကဋ္ဌ၊ (၂) ကိုနု ( မြို့မကျောင်း) ၁၉၃၅ - ၃၆ တကသ ဥက္ကဋ္ဌ ၊ (၃) ကိုခန့် (ပန်းတနော်) တွဲဖက်အတွင်းရေးမှူး၊ (၄) ကိုစံသိမ်း တက္ကသိုလ် ကျောင်သား ငွေထိန်း၊ (၅) ဆရာ ဟိန်( မြို့မကျောင်း) ပြန်ကြားရေးမှူး၊ (၆) အမှုဆောင်များ (၁) သခင် ဘသောင်း၊ (၂) သခင် လေးမောင်၊ (၃) သခင် ဗစိန်၊ (၄) ကိုဘတင်၊ (၅) ကိုအုန်း စသော တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သည်။ မျိုးချစ်စိတ် ပြင်းထန်သူ ဖြစ်၏။ လျှမ်း⁠လျှမ်းတောက် နိုင်ငံရေးသမား တယောက် ဖြစ်ခဲ့၏။ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းမှ ဆရာ ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]