ဆွေးနွေးချက်:အ.ထ.က(၂)ဒဂုံ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြို့မကျောင်း exists in most city of Myanmar. The article should be named as ရန်ကုန် မြို့မ အထက်တန်းကျောင်း။ @=={Lionslayer> ၀၃:၅၉၊ ၁၀ ဇန်​န​ဝါ​ရီ​ ၂၀၁၂ (UTC)

မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဆောင်းပါးကို အ.ထ.က(၂) ဒဂုံ ဆောင်းပါးနဲ့ ပေါင်းလိုက်ပါတယ်။ ပေါင်းလိုက်တယ်ဆိုပေမယ့် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဆောင်းပါးထဲမှာပါတဲ့ အကြောင်းအရာ တော်တော်များများဟာ တခြား ဆောင်းပါးအများစုထဲမှာ ပါနေပြီးသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတွေကလွဲရင် ကျန်တဲ့ ထပ်နေတဲ့စာသားတွေကို ဖယ်ပြီး လက်ရှိ ဆောင်းပါးနဲ့ ပေါင်းလိုက်ပါတယ်။ NinjaStrikers «» ၀၈:၀၅၊ ၈ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

Need secondary sources to prove some facts[ပြင်ဆင်ရန်]

အ.ထ.က(၂)ဒဂုံ#ကျော်ကြားမှု အပိုင်း၌ "xxxxx အစ မြို့မကျောင်းက" ကို အချက် (၁၅) ချက်ရေးထားတာတွေ့ပါတယ်။ အဲဒီထဲကမှ ဖြူ/စိမ်း တူညီဝတ်စုံကို သတ်သတ် အပိုင်းဖွင့် အကိုးကားနဲ့ရေးပါတယ်။ အဲ့အပိုင်းက solid proof ဖြစ်ပါတယ်။ အမျိုးသားကျောင်း/ပညာရေး အစ မြို့မကျောင်းကလည်း ဆောင်းပါးတစ်ပုဒ်လုံးဖတ်ရင် မှန်ကန်ကျောင်း သိသာပါတယ်။ ကျန်တဲ့အချက်များကတော့ ဖတ်သူကို တွေဝေစေနိုင်ပါတယ်။ နဲနဲ tone များတယ်လို့ ထင်ပါတယ်။ အချက်လက်သဘောအရ secondary source ပေးနိုင်ရင် proof ဖြစ်ပါ့မယ်။ အဆိုပါကျောင်းက ထုတ်သော primary source များဖြင့် အကုန်လုံးကို မတည်ဆောက်စေချင်ပါ။ မလိုအပ်တဲ့ ref အချို့လည်းတွေ့ပါတယ်။ ဆောင်းပါးကောင်းမွန် မှန်ကန်စေရန် အကြံပြုခြင်းသာဖြစ်သည်။ Aungookingofcelestials (ဆွေးနွေး) ၁၃:၀၀၊ ၂၆ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

စာအရမ်းများတာရယ်၊ အမွှမ်းတင်တဲ့ ဝေါဟာရတွေ လှိုင်လှိုင်သုံးထားတာရယ်တွေကို ကြုံရင် ကြုံသလိုတော့ ဝင်ဝင်ရှင်းဖြစ်တယ်။ ရှင်းဖို့ကျန်နေတာတွေလဲ ရှိသေးတယ်။ ကျောင်းသားဟောင်းစာရင်းမှာလည်း လူတွေ အရမ်းများနေတာမို့ သပ်သပ်ခွဲထုတ်ရမလား၊ ဒီမှာပဲ လူစာရင်း ပြန်ရှင်းရမလား ဝေခွဲမရသေးဘူး။ ကျော်ကြားမှုထဲက အချို့အချက်တွေက ကျောင်းသားဟောင်းတွေရဲ့ လုပ်ဆောင်မှုကို ညွှန်းချင်တာဖြစ်မယ်။ တချို့အချက်တွေဆို ကျောင်းအနေကြည့်ရင် တိုက်ရိုက်သက်ဆိုင်မနေတာတွေ ဖြစ်နေတယ်။ အဆင်ပြေသလို ဖတ်ကောင်းအောင် ပြင်ဆင်ပေးကြပါဦး။ NinjaStrikers «» ၁၄:၄၁၊ ၂၆ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
လောလောဆယ် အထက်ပါ အချက်အချို့ကိုတော့ ဖယ်ရှားလိုက်ပါတယ်။ ကျောင်းနဲ့ တိုက်ရိုက်ပတ်သက်ခြင်း မရှိဟုယူဆပါတယ်။ လက်ရှိတော့ အပေါ်ဖက်က စာပိုဒ်တွေက informative ဖြစ်ပါတယ်။ ပြဿနာက bro ပြောသလို လူတွေ၊ ပုံတွေ ပွစာကျဲနေတော့ ဘယ်လိုမှ good article မဖြစ်ပါဘူး။ ဥပမာ : ရန်ကုန်တိုင်းဆောင်းပါးထဲမှာ ရန်ကုန်တိုင်းက ရွာတွေ အကုန်ထည့်ရင် ပုံပျက်သလို။ ဖြေးဖြေးပြင်ကြတာပေါ့ ဟီး! Aungookingofcelestials (ဆွေးနွေး)