ပြည်မင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပြည်မင်းသည် နောင်တော် ပင်းတလဲမင်းကို ပုန်ကန်ကာ နန်းတက်လေသည်။ ထိုသို့ မပြုသင့်သည့် အမှုကို ပြုခဲ့သဖြင့် ပြေလည်ရာပြေလည်ကြောင်းအနေဖြင့် ဆရာတော်၊သံဃာတော်များကို နန်းတွင်းသို့ပင့်ဖိတ်ကာ မိမိဆန္ဒအလျောက် ပြုကျင့်ခြင်းမဟုတ်ကြောင်း၊ အမှုးအမတ်တို့၏ ဆန္ဒအရသာဖြစ်ကြောင်း လျှောက်တင်လေသည်။ ဆရာတော်အများက ချီးပပြောဆိုကြသော်လည်း၊ မြောက်နန်းကျောင်းဆရာတော်ကမူ "ယခု ဒကာတော် လျှောက်ထားသည်မှာ ငါတို့အရာမဟုတ်၊ ညီတော်နောင်တော်နှစ်ပါး ဟုတ်မဟုတ်ကို အောက်ကိုရောက်မှပဲ ငြင်းကြခုန်ကြပေရော့"ဟု မိန့်တော်မူလေသည်။ သို့သော် ပြည်မင်း၏တောင်းပန် မှုကြောင့် ဆရာတော်လည်း ရာဇဝင်ချုပ် တစ်စောင်ရေးသားစီရင်တော်မူခဲ့လေသည်။

ထိုမင်းလက်ထက်တွင် နာမည်ကျော် နန်းစဉ်ရတနာဖြစ်သည့် ပတ္တမြားငမောက်ကို ရှာဖွေတွေ့ရှိပြီး နန်းတွင်းသို့ ဆက်သလာလေသည်။ သို့သော် နှောင်တွင် ငမောက်သည် မိမိအား ပတ္တမြားကို အပြည့်အဝ မဆက်သကြောင်းသိလျှင် ဆွေမျိုးများနှင့် တကွသတ်စေသည်။နန်းသက် ၁၁ အရောက်တွင် နတ်ရွာစံသဖြင့် သားတော် နရာဝရ အင်းဝနန်းကို ဆက်ခံသည်။


ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]