ပင်းတလဲမင်း

ဝီကီပီးဒီးယား မှ
ပင်းတလဲမင်း
ဘုရင်
ပင်းတလဲမင်းသား
နန်းသက်၂၇ ဩဂုတ် ၁၆၄၈ – ၃ ဇန်နဝါရီ ၁၆၆၂
နန်းတက်ချိန်၁၉ အောက်တိုဘာ ၁၆၄၈
မြန်မာသက္ကရာဇ် ၁၀၁၀ တန်ဆောင်မုန်းလဆန်း ၃ ရက်
ရှေ့မင်းဆက်သာလွန်မင်း
ဆက်ခံသူပြည်မင်း
မွေးဖွား၂၃ မတ် ၁၆၀၈
မြန်မာသက္ကရာဇ် ၉၆၉၊ နှောင်းတန်ခူးလဆန်း ၆ ရက်၊ တနင်္ဂနွေ[၁]
ကွယ်လွန်၃ ဇွန်၊ ၁၆၆၁(1661-06-03) (အသက် ၅၃)
မြန်မာသက္ကရာဇ် ၁၀၂၃ နယုန်လဆန်း ၇ ရက် သောကြာနေ့
ချင်းတွင်းမြစ်
ထာဝရ အိပ်စက်ရာ နေရာချင်းတွင်းမြစ် (ရေချခံရ)
ကြင်ရာတော်အတုလစန္ဒာဒေဝီ[၂]
သားသမီးများသီရိဘုန်းထွတ်[၃]
မင်းရဲသိင်္ခသူ[၃]
အမည် အပြည့်အစုံ
သခင်ကျော်[၄]
မင်းရဲနန္ဒမိတ်
စံအိမ်တောင်ငူ
ခမည်းတော်သာလွန်မင်း
မယ်တော်ခင်မျိုးစစ်[၄]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

သီရိနန္ဒသူရဓမ္မရာဇာ ဘွဲ့ခံ ပင်းတလဲမင်း(၁၆၄၈-၁၆၆၂)သည် ဖခင်သာလွန်မင်း နတ်ရွာစံလျှင် အင်းဝထီးနန်းကို စိုးစံသည်။ ၎င်းလက်ထက်တွင်လည်း ဖခင်သာလွန်မင်းကဲ့သို့ပင် စစ်သည်တော်များကို အစုအဖွဲ့အလိုက် စာရင်းများကောက်ယူစေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် နိုင်ငံခြားသားများအနေဖြင့် မိမိနေရပ်သို့ ပြန်သောအခါတွင် မြန်မာနိုင်ငံရှိ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ခြင်းမပြုရန် အမိန့်ဖြင့် တားဆီးခဲ့သည်။ ထိုမင်းလက်ထက်တွင် တရုတ်နိုင်ငံမင်အင်ပါယာ၏ နောက်ဆုံးဧကရာဇ်ဖြစ်သည့် ယုံလီဧကရာဇ်သည် ၁၆၅၈ခုနှစ်တွင် မြန်မာမင်း၏လက်အောက်ခံမင်းအဖြစ် ခိုဝင်လိုကြောင်း ရွှေလှေ(၁၀၀)နှင့်အတူ သံအဖွဲ့မှ ဗန်းမော်မြို့စားမှတဆင့်လျှောက်ထားလာရာ ပင်းတလဲမင်းက အင်းဝမြို့တော်တစ်ဖက်ကမ်းရှိ စစ်ကိုင်းမြို့တွင် ယုံလီဧကရာဇ်အတွက် နန်းတော်တစ်ခုတည်ဆောက်ပေးပြီး သားတော်၊သမီးတော် တရုတ်မှူးမတ်(၁၄၇၈)ဦးနှင့်အတူ စံစေပြီး ပင်းတလဲမင်းသည်ဂန္ဓာလရာဇ်တိုင်း၊မင်အင်ပါယာ၏ အရှင်သခင်အဖြစ်ဘွဲ့ခံယူကာ ယုံလီဧကရာဇ်အား ဘုရင်ခံအဖြစ်ပြန်လည်ခန့်အပ်ခဲ့သည်။ မန်ချူးတို့သည် တရုတ်ပြည်အားသိမ်းပိုက်ပြီးနောက် ချင်အင်ပါယာကိုစတင်ထူထောင်ကာ ၁၆၆၀ခုနှစ်တွင်တရုတ်ဟန်လူမျိုးတို့၏ နောက်ဆုံးဧကရာဇ်ဖြစ်သည့် ယုံလီအားဖမ်းဆီးရန် မင်မင်းဆက်၏စစ်သူကြီးဖြစ်ခဲ့သူ မဟာတံတိုင်းဂိတ်တံခါးများကိုဖွင့်ပေးခဲ့သည့် သစ္စာဖောက်စစ်သူကြီးဝူဆန်ကွေ့ဦးဆောင်သည့်တပ်အား အင်အား(၁၅၀၀၀)နှင့်အတူစေလွှတ်ခဲ့ရာ အင်းဝနေပြည်တော်တဝိုက်အထိပင်ရောက်ရှိလာခဲ့သည်။ ပေါ်တူဂီအမြောက်တပ်များကို စစ်သူကြီးမင်းသီရိခေတ္တရာကိုယ်တိုင်ဦးဆောင်၍ မန်ချူးတပ်များကို ကြံ့ကြံ့ခံလေရာ ၁၆၆၁၊မေလတွင် ညီတော်ပြည်မင်းကတိုက်စစ်ဖွင့်၍ မန်ချူးတို့၏ ထိုးစစ်ကို ရပ်တန့်နိုင်ခဲ့လေသည်။ ပင်းတလဲမင်းက ယုံလီဧကရာဇ်နှင့်မင်အင်ပါယာသည် မိမိ၏အစောင့်အရှောက်ခံဟုကြေညာပြီး မန်ချူးတို့ကိုဆက်လက်တိုက်ခိုက်ရာ ညီတော်ပြည်မင်းက မန်ချူးတို့နှင့်စစ်ဖြစ်ရ၍ ပြည်သူတို့စစ်ပန်း၍ စားရေရိက္ခာရှားပါးရသည်ဟုဆိုကာ ယုံလီဧကရာဇ်နှင့်တရုတ်လူမျိုးများကို မန်ချူးတို့ထံအပ်ရန်ဖမ်းဆီးရာ ပင်းတလဲမင်းက လက်မခံပဲ ပြန်လွှတ်ပေးခဲ့သည်။ ၁၆၆၁၊ဒီဇင်ဘာ(၃)ရက်တွင် စစ်သူကြီး ဝူဆန်ကွေ့သည် မန်ချူးတပ်များကို အင်အား(၃၀၀၀၀)ကျော်နှင့်အတူ ထပ်မံချီတပ်တိုက်ခိုက်လပြီး ယုံလီဧကရာဇ်ကိုထုတ်ပေးရန်တောင်းဆိုလေသည်။ပြည်မင်း၏အကြံပေးများက ယခုချီတက်လာသည့်တပ်ကြောင်းအသစ်သည် အင်အားအလွန်ကြီးမားသည်။ မြန်မာတပ်များသည်လည်း စစ်ပန်းလျှက်ရှိသည်။မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် စစ်ပွဲလည်းမဟုတ်ပေ။တိုင်းပြည်သည်လည်းစစ်ဘေးဒဏ်ကို အတော်ခံစားရပြီးဖြစ်သဖြင့် ပျက်သုဉ်းနေပြီဖြစ်သည့် မင်နိုင်ငံတော်ကြီးကို မက်မောမနေပဲ ယုံလီဧကရာဇ်နှင့် မင်အင်ပါယာ မှူးမတ်၊မင်းဆွေမင်းမျိုးများကို မန်ချူးတို့ထံပေးအပ်ရန် လျှောက်ထားလေသည်။

၁၆၆၂၊ဇန်နဝါရီ(၃)တွင်ညီတော်ပြည်မင်းက နောင်တော် ပင်းတလဲမင်းကို ဖမ်းဆီးနန်းချကာ နန်းတက်သည်။ နန်းတက်ပြီးနောက်တွင် ပင်းတလဲမင်းနှင့်အတူ မိဖုရားခေါင်ကြီး၊ အသက်ရှစ်နှစ် အရွယ်ရှိ သားတော် မင်းရဲသိင်္ခသူ[၃]၊ အသက်လေးနှစ်အရွယ်ရှိ မြေးတော်နရာဒိဗ္ဗ တို့ကို ရေချဖျောက်ဖျက်သည်။ မန်ချူးတို့နှင့်စစ်ပြေငြိမ်းရန်ကြိုးပမ်းသည်။ ၁၆၆၂၊ဇန်နဝါရီ(၂၂)တွင် ဘုရင်အသစ်ပြည်မင်းသည် ယုံလီဧကရာဇ်နှင့်သားတော်၊မြေးတော်တို့ကို ဖောင်တော်နှင့်တင်ဆောင်ပြီး မန်ချူးတို့ထံအပ်လေသည်။ ကျန်ရစ်သူမင်းဆွေမင်းမျိုးများ၊ မှူးမတ်များနှင့် နန်ကျင်းနှင့်ပီကင်းနန်းတော်တို့မှထွက်ကာ တောင်ပိုင်းမင်မင်းဆက်ကို ထူထောင်ချိန်တလျှောက်လုံး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည့် စစ်သူကြီးလီတင့်ကော်တို့သည်လဲ စစ်ကိုင်းဖက်ကမ်းမှဖောင်တော်ကိုကြည့်၍ ငိုကြွေးကြလေသည်။၁၆၆၂၊ဇွန်လ(၁)ရက်နေ့တွင် ယုံလီဧကရာဇ်နှင့် သားတော်ကွေ့ဝမ်မင်းသားတို့ကို ယူနန်ပြည်နယ်၊ကူမင်းမြို့တွင်သေဒဏ်ပေးခဲ့သည်။

  • အချို့ကျမ်းများတွင် ပင်းတလဲမင်း၏ ဘွဲ့အမည်ကို မင်းရဲရန္တမိတ် ဟုလည်းတွေ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာရာဇဝင်တော်ကြီး၊ အတွဲ ၃ (၂၀၀၆)၊ စာ ၂၁၀
  2. မှန်နန်းရာဇဝင် အတွဲ (၃) ၂၀၀၃၊ စာ ၂၅၁
  3. ၃.၀ ၃.၁ ၃.၂ မှန်နန်းရာဇဝင် အတွဲ (၃) ၂၀၀၃၊ စာ ၂၆၈
  4. ၄.၀ ၄.၁ မှန်နန်းရာဇဝင် အတွဲ (၃) ၂၀၀၃၊ စာ ၂၄၉