စိုးဝင်း (မင်းသား)

ဝီကီပီးဒီးယား မှ
စိုးဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် စိုးဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
မဟာစန္ဒြကုမာရ
စိုးဝင်း
ဦးစိုးဝင်း (၂၀၁၈)
မွေးဖွား (1947-01-15) ၁၅ ဇန်နဝါရီ၊ ၁၉၄၇ (အသက် ၇၇)
ရန်ကုန်မြန်မာ
ထာဝရ နားခိုရာနေရာကုန်းဘောင်အိမ်တော်၊ ရန်ကုန်။
အခြား အမည်များမင်းသားကြီး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျော်ကြားမှုအရင်းခံမြန်မာဘုရင်ထီးနန်းကို ဆက်ခံနိုင်သည့်သူ
အိမ်ထောင်ဖက်(များ)တင်လေးဝေ
မိဘများ
ဆွေမျိုးသားချင်း
Royal coat of arms
of the Head of The Kongbaung
Versions
ဖိုင်:Royal Coat of Arms of the Prince of Burma(Myanmaland).svg
ဖိုင်:Royal Standard of the Prince of Burma (Myanmaland).svg
အသေးစိတ် အချက်အလက်များ
စတင်အသုံးပြုခြင်း1962 - present
OrdersOrder of the Pecock
Soe Win အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် Soe Win (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

မဟာစန္ဒြကုမာရ စိုးဝင်း (အင်္ဂလိပ်: Mahā Chandra Kumāra Soe Win) သည် မြန်မာလူမျိုး သံအမတ်‌ဟောင်းနှင့် ၁၈၈၅ ခုနှစ်တွင် ပြီးဆုံးသွားသော ကုန်းဘောင်မင်းဆက်ကို ဆက်ခံနိုင်သည့်သူဖြစ်သည်။[၁] မင်းသား‌ တော်ဘုရားကြီး၏ အကြီးဆုံးသော သားဖြစ်ရာ မြန်မာဘုရင် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ မြစ်ဖြစ်သည်။ နောက်ဆုံး သီပေါမင်း နတ်ရွာစံပြီး နှစ်၁၀၀အကြာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဆွေတော်မျိုးတော် (၁၀၀)ခန့်နှင့်အတူ မန္တလေးနန်းတော်သို့ လည်ပတ်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းတရား၏ အုတ်ဂူတော်သို့ သွားရောက်ခဲ့သည်။

ထိုင်းသမိုင်းဝင် ဒရာမာ "Women's Flame" သည် မြန်မာတော်ဝင်မိသားစုကို စော်ကားသည်ဟု ဆိုကာ ၂၀၁၇ခုနှစ်တွင် ရုပ်သံထုတ်လွှင့်မှုကို ရပ်တန့်ရန် ထိုင်းအစိုးရထံ တောင်းဆိုခဲ့သည်။

ရွှေဘိုနန်းတော်နှင့် အမရပူရနန်းတော်ကို ပြန်လည်ထူထောင်ရန် လှုပ်ရှားမှုကို လုပ်ဆောင်နေပါသည်။ [၂][၃]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးစိုးဝင်းကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မင်းသားတော်ဘုရားကြီးနှင့် ဇနီးခင်ကြည်တို့၏ သားအကြီးဆုံးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ ဖခင်ဖြစ်သူ တော်ဝင်မိသားစုဝင်ဟောင်း တော်ဘုရားကြီးသည် ၁၉၄၀ခုနှစ်များအတွင်း နာမည်ကြီးခဲ့သော်လည်း ၁၉၄၈ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

လုပ်ငန်းခွင်[ပြင်ဆင်ရန်]

ဦးစိုးဝင်းသည် စစ်အာဏာရှင်စနစ်တို့၏ အမှောင်အမိုက်တို့ကြားမှ မြန်မာနိုင်ငံ၏ကောင်းရာတို့ကို ကမ္ဘာတစ်ဝန်းအားသိမြင်နိုင်စေရန် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံခြားရေးဌာနသို့ ဝင်ရောက်ခဲ့ရာ ၁၉၈၇ မှ ၁၉၉၁ အထိ ဝါရှင်တန်ဒီစီ၌ ပထမအတွင်းဝန် ဖြစ်လာခဲ့သည်။ ၁၉၉၉ ခုနှစ်မတိုင်မီအထိ ဂျပန်နိုင်ငံနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်အဖြစ်လည်းကောင်း၊[၄]၊ ၁၉၉၉ မှ ၂၀၀၃ အထိ ပါကစ္စတန်နိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဩစတြေးလျနိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဟောင်ကောင်၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သည် ကမ္ဘာ့ဖလားအတွက် မြန်မာအသင်း၏နည်းပြဖြစ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ မြန်မာယူ ၁၉ အသင်းကိုလည်း စီမံခဲ့ဖူးရာ ဘောလုံးအဖွဲ့ချုပ်ရှိ နိုင်ငံတကာဌာန၏ ဌာနမှူးလည်းဖြစ်ခဲ့သည်။[၅][၂] ထို့အပြင် တရုတ်–မြန်မာချစ်ကြည်ရေးအသင်း၏ ဒုဥက္ကဋ္ဌလည်းဖြစ်ခဲ့ဖူးသည်။[၆][၇]

မှတ်တမ်းရုပ်ရှင်[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်တွင် ဦးစိုးဝင်း၊ ဦးလေးတော်ဘုရား၊ အဒေါ်ထိပ်စုဘုရားကြီးနှင့် ဝမ်းကွဲဒေဝီသန့်စင်တို့သည် အဲလက်စ် ဘက်စကိုဘီ (Alex Bescoby) နှင့် မက်စ် ဂျုန်းစ် (Max Jones) တို့ရိုက်ကူးထားသော "We were kings" ဟူသော မှတ်တမ်းရုပ်ရှင်၏ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့ကြသည်။ ထိုရုပ်ရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ ဧရာဝတီစာပေပွဲတော်တွင်သာမက ထိုင်းနိုင်ငံရှိ ထိုင်းနိုင်ငံခြားရေးကလပ် (Foreign Correspondents Club of Thailand) တွင်လည်း ထုတ်လွှင့်ပြသခဲ့သည်။[၈] ထိုရုပ်ရှင်သည် မြန်မာ့သမိုင်းကိုသာမက နောက်ဆုံးဖြစ်သောမြန်မာဘုရင်မှ ဆင်းသက်လာကြသောသူတို့၏ ခေတ်သစ်မြန်မာနိုင်ငံတွင် မင်းမျိုးဟူ၍အများကမသိကြဘဲ သာမန်လူအဖြစ်နှင့်သာ နေထိုင်ကြသောဘဝတို့ကို ဖော်ပြထားသည်။[၉][၂]

ပျောက်ဆုံးသောကျောက်မျက်ရတနာရှာခြင်း[ပြင်ဆင်ရန်]

သီပေါမင်းသည် ၁၈၈၅ တွင် ပါတော်မူခဲ့ရာ ကြီးမားသော ပတ္တမြားကျောက်တစ်ခုကို အင်္ဂလိပ်ဗိုလ်မှူး အက်ဒွပ် ဘော့စ် ဆလေဒင်အား ခိုးသူများထံမှကာကွယ်ရန် ပေးအပ်ခဲ့သော်လည်း ထိုပတ္တမြားကို ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပေ။ သီပေါမင်းမှဆင်းသက်သူများသည် ထိုပတ္တမြားကျောက်ကို မြန်မာပြည်သို့ပြန်ယူလာပါက နိုင်ငံဂုဏ်တိုးတက်မည်ဟူ၍ ယုံကြည်ခဲ့ကြသည်။ သို့ဖြစ်ရာ ဦးစိုးဝင်းသည် ထိုပတ္တမြားကို ရှာဖွေရန်ကြိုးပမ်းခဲ့သည်။

၂၀၁၇ နိုဝင်ဘာလ ၃ ရက်နေ့တွင် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုပတ္တမြားကျောက်၏ အမည်မှာ "ငမောက်" ဖြစ်ရာ ဘဲဥအရွယ်ခန့်ရှိနိုင်သည်။ ပတ္တမြားငမောက်ကို ဗိုလ်မှူးဆလေဒင်မှ သီပေါမင်းအား ပြန်မပေးတော့ဘဲ အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားခဲ့သည်ဟု ဆိုခဲ့ကြသည်။ ထိုပတ္တမြားကျောက်ကို ဗြိတိသျှတော်ဝင်မိသားစုမှ အသုံးပြုလျက်ရှိသည်ဟု ယုံကြည်ကြသည်။[၁၀][၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Asaree Thaitrakulpanich။ "GREAT-GRANDSON OF LAST BURMESE KING WANTS THAI SOAP CANCELED"၊ Khaosod English၊ 10 March 2017။ 
  2. ၂.၀ ၂.၁ ၂.၂ Lekha Shankar (4 March 2018)။ Diplomatically Speaking With U Soe Win။ Thailand Tatler။ 9 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2021 တွင် ပြန်စစ်ပြီး။
  3. Burmese royal descendant on mission to discover fate of missing ruby (in en)။ The Times (3 November 2017)။ 17 November 2017 တွင် ပြန်စစ်ပြီး။
  4. MOFA: The Limited Emergency Measure for Yangon International Airport Extension Project
  5. Lekha Shankar။ "A Myanmar royal is trying hard to restore his country’s heritage"၊ The Asian Age၊ 20 February 2018။ 
  6. Burmese royal travels to Britain to take ‘stolen’ ruby from Tower of London (in en)။ Daily Express (2 November 2017)။ 17 November 2017 တွင် ပြန်စစ်ပြီး။
  7. Burmese royal arrives in London to demand return of lost ruby ‘hidden in the Tower of London’ (in en)။ The Daily Telegraph (2 November 2017)။ 17 November 2017 တွင် ပြန်စစ်ပြီး။
  8. Jim Pollard။ "The right to remember Myanmar’s last king"၊ Asia Times၊ 10 February 2018။ 
  9. Zuzakar Kalaung။ "We Were Kings: Burma’s lost royal family"၊ The Myanmar Times၊ 2 November 2017။ 1 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2021။ 
  10. After 130 years of obscurity, Myanmar's forgotten royals make a comeback (in en)။ The Guardian (29 December 2016)။ 17 November 2017 တွင် ပြန်စစ်ပြီး။
  11. Who stole royal ruby? (in en)။ BBC News (2 November 2017)။ 17 November 2017 တွင် ပြန်စစ်ပြီး။

External links[ပြင်ဆင်ရန်]

စိုးဝင်း (မင်းသား)
မွေးဖွား 15 January 1947
Royal titles
ယခင်က
တော်ဘုရား
မြန်မာ့ထီးနန်းဆက်ခံသူများ
၁၉၅၆ – ၂၀၂၂ လက်ရှိ
ဆက်ခံသူ
Sula Sandakumara