လန်ဒန်မြို့
| လန်ဒန် | |
| Greater London | |
| ထိပ်ဆုံး ကောင်းကင်နောက်ခံ လန်ဒန်မြို့ ၊အလယ်: ဝက်မင်စတာနန်းတော် လက်ဝဲအောက် တာဝါတံတား၊ လက်ဝဲယာ လန်ဒန်တာဝါ. | |
| လန်ဒန်ဒေသကို အင်္ဂလန်နိုင်ငံအတွင်း၌ ပြသထားပုံ | |
| အုပ်ချုပ်သည့် နိုင်ငံ | ယူနိုက်တက် ကင်းဒမ်း |
|---|---|
| ဒေသ | လန်ဒန် |
| ခရိုင်များ | မြို့တော်နှင့် ခရိုင် ၃၂ ခု |
| ရောမသားများ စတင် အခြေချသည်။ | အေဒီ ၅၀ |
| အုပ်ချုပ်ရေး | |
| - ဒေသဆိုင်ရာ အာဏာပိုင် | ဂရိတ်တာ လန်ဒန် အာဏာပိုင် |
| - ဒေသဆိုင်ရာ လွှတ်တော် | လန်ဒန်လွှတ်တော် |
| - မြို့တော်ဝန် | ဘောရစ်စ်ဂျွန်စင် |
| - ဌာနချုပ် | မြို့တော်ခန်းမ |
| - ယူကေ ပါလီမန် - လန်ဒန် လွှတ်တော် - ဥရောပ ပါလီမန် |
မဲဆန္ဒနယ် ၇၄ခု မဲဆန္ဒနယ် ၁၄ခု လန်ဒန် မဲဆန္ဒနယ် |
| ဧရိယာ | |
| - Greater London | ၁၅၇၇.၃ km² (၆၀၉ sq mi) |
| ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့် [၁] |
၂၄ m (၇၉ ft) |
| လူဦးရေ (၂၀၀၆ ခန့်မှန်းခြေ) | |
| - Greater London | ၇,၃၅၅,၄၀၀ |
| - လူဦးရေ သိပ်သည်းမှု | ၄၇၆၁/km² (၁၂၃၃၁/sq mi) |
| - မြို့ပြ | ၈,၂၇၈,၂၅၁ |
| - မက်ထရို လူဦးရေ | ၁၃ ၀၆၃ ၄၄၁ |
| - Demonym | Londoner |
| - လူမျိုးများ (2005 Estimates)[၂] |
Ethnic groups
|
| အချိန်ဇုံ | GMT (UTC0) |
| - နွေရာသီ (DST) | BST (UTC+1) |
| Post code | Various |
လန်ဒန်မြို့ သည် အင်္ဂလန်နိုင်ငံ နှင့် ယူနိုက်တက် ကင်းဒမ်း (ယူကေ) ၏ မြို့တော်ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်း အတွင်း အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသ ဖြစ်ပြီး ဥရောပ သမဂ္ဂ အတွင်းတွင် အကြီးဆုံး မြို့ပြ ဒေသဖြစ်သည်။ လန်ဒန်သည် ကမ္ဘာ့အရေးကြီး မြို့ပြအဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြီဖြစ်သည်။ လန်ဒန်မြို့ကို ရောမခေတ်က တည်ထောင်ခဲ့ပြီး ထိုစဉ်အခါက Londinium ဟု အမည်တွင်သည်။[၃] လန်ဒန်မြို့၏ ဗဟိုအချက်အချာ တမိုင်ပတ်လည်ရှိ ရှေးဟောင်း လန်ဒန်မြို့သည် အလယ်ခေတ်က အသွင်အပြင်အတိုင်း ဆက်လက် တည်ရှိဆဲဖြစ်သည်။ သို့သော်လည်း ၁၉ ရာစုနှစ်နောက်ပိုင်းတွင် “လန်ဒန်မြို့”ဟု ဆိုရာ၌ ဤရှေးဟောင်း မြို့ရိုးအပါအဝင် ပတ်ပတ်လည် တိုးချဲ့ကျယ်ပျံ့လာသည့် မြို့ပြကြီး တရပ်လုံးကို ညွှန်းဆိုလာပြီ ဖြစ်သည်။ [၄]
လန်ဒန်သည် ကမ္ဘာ့ဦးဆောင်ဦးရွက် မြို့ပြတစ်ခု ဖြစ်ပြီး အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီယာ၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ သုတေသန လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အားလုံးအတွက် ထင်ရှား ကျော်စောသည်။ .[၅] နယူးယောက်မြို့ နှင့်အပြိုင် ကမ္ဘာ့အကြီးဆုံး ငွေကြေးဌာန တစ်ခု ဖြစ်သည်။ [၆][၇][၈] ဥရောပတွင် မြို့တစ်ခုချင်း အနေနှင့် ဂျီဒီပီ အမြင့်ဆုံးလည်း ဖြစ်သည်။ [၉] ဥရောပရှိ အကြီးဆုံး ကုမ္ပဏီ အခု ၅၀၀ မှ အခု ၁၀၀ ကျော်တို့၏ ဌာနချုပ် ရှိရာ မြို့လည်း ဖြစ်သည်။ [၁၀] ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အများဆုံး လာရောက် လည်ပတ်သည့် မြို့လည်း ဖြစ်သည်။ [၁၁] လန်ဒန် ဟိသ်ရိုး လေဆိပ် သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အနေနှင့် ကြည့်လျှင် အလုပ်အများဆုံး လေဆိပ်တစ်ခု ဖြစ်သည်။ [၁၂] လန်ဒန်ရှိ တက္ကသိုလ် ၄၃ ခု ပေါင်း၍ ဥရောပတွင် အဆင့်မြင့် ပညာရေးအတွက် တစ်နေရာတည်း အများဆုံး တစုတစည်းတည်း ရှိနေရာ ဒေသ အဖြစ် ရှိသည်။ [၁၃]၂၀၁၂ ခုနှစ်တွင် လန်ဒန်သည် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ၃ကြိမ်မြောက် လက်ခံ ကျင်းပမည့် ပထမဆုံးမြို့ ဖြစ်လာမည် ဖြစ်သည်။[၁၄]
လန်ဒန်မြို့သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ မြို့တော်ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်သည်။ တင်းမြစ် ၏ တစ်ဖက်တစ်ချက်တွင် ခွကာတည်ရှိလျက် ပင်လယ်ဝမှ မိုင် ၄ဝ ခန့် ကွာဝေးလေသည်။ ရှေးပဝေဏီကာလ ရောမခေတ်ကပင် ထင်ရှားသောမြို့ ဖြစ်သည့်ပြင် အဂ‡လန်ကျွန်းကိုနော်မန်လူမျိုးတို့ သိမ်းပိုက်လိုက်သော အချိန် မှစ၍ အဂ‡လန်ပြည်၏ မြို့တော်ဖြစ်ခဲ့လေသည်။
ပထမတည်ခဲ့သော လန်ဒန်မြို့မမှာ တင်းမြစ်၏ မြောက်ဘက် ကမ်းပေါ်တွင် တည်ရှိ၍ စတုရန်းတစ်မိုင်မျှသာကျယ်၏၊ ထိုပတ်ဝန်းကျင်တွင် မှ လန်ဒန် မြို့တော်သစ်(မဟာလန်ဒန်)ကို တည်ဆောက်ထားရာ လန်ဒန်မြို့ တော်သစ်မှာ ၆၉၉ စတုရန်းမိုင်ကျော်မျှကျယ်ဝန်းလေသည်။ လန်ဒန်မြို့မမှာ အရောင်းအဝယ်အစည်ကားဆုံးသော ရပ်ကွက်ဖြစ်၍ မြို့တော်ဝန်က ကောင်စီ လူကြီးများနှင့်တိုင်ပင်၍ အုပ်ချုပ်လေသည်။ ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းကြီး သည် ထိုလန်ဒန်မြို့မ၌ပင် သီတင်းသုံး၍ ဗဟိုဘုရားရှိခိုးကျောင်းကြီးမှာ စိန်ပေါကက်သီဒရယ်ဘုရားရှိခိုးကျောင်းကြီးဖြစ်၏။
လန်ဒန်မြို့တွင် အဂ‡လန်နိုင်ငံသမိုင်း၌ ထင်ရှားခဲ့သော အဆောက် အအုံပေါင်းများစွာရှိ၏။ စိန်ပေါ ဘုရားရှိခိုးကျောင်း၊ ဝက်စမင်စတာအက် ဗေးနှင့် လန်ဒန်ရဲတိုက်ကြီးတို့သည် အဂ‡လန်နိုင်ငံသမိုင်းတွင် ထင်ရှားသော အဆောက်အအုံကြီးများဖြစ်လျက် ဗတ်ကင်ဟမ်နန်းတော်နှင့် စိန်ဂျမ်းနန်း တော်တို့သည် လန်ဒန်မြု့၏ အလယ်ဗဟို၌တည်ရှိလေသည်။ ဗြိတိသျှပါလီ မန်အဆောက်အအုံကြီးသည် တင်းမြစ်ကမ်းပေါ်တွင် ထယ်ဝါခန့်ညားစွာ တည်လျက်ရှိပြီးလျှင် ထိုအနီး၌ပင် လန်ဒန်မြို့တော်ခန်းမကြီးရှိလေသည်။ ပါလီမန်အဆောက်အအုံမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော အဆောက်အအုံ များတွင် အပါအဝင်ဖြစ်၏။ စိန်ပေါဘုရားရှိခိုးကျောင်းမှာ ခမ်းနားကြီးကျယ် သော ဘုရားရှိခိုးကျောင်းကြီးဖြစ်၍ နယ်လဆန်၊ ဝယ်လင်တန်စသော နာမည်ကျော်ပုဂ္ဂိုလ်ကြီးတို့၏ ရုပ်ကလာပ်ကို မြှုပ်နှံထားသည်။ ဝက်စမင် စတာအက်ဗေးမှာ အဂ‡လန်ပြည်မှ နာမည်ကျော်စာဆိုတော်များ၊ နိုင်ငံခေါင်း ဆောင်ကြီးများနှင့် ရှင်ဘုရင်များကို မြှုပ်နှံရာဌာနဖြစ်လေသည်။
လန်ဒန်မြို့တွင် ထင်ရှားသော လန်ဒန်တက္ကသိုလ်ကျောင်း၊ နာ မည်ကျော် အီတန်၊ ဟာရိုကျောင်းများနှင့် အခြားကျောင်းပေါင်းများစွာလည်း ရှိ၏။ မြူနီစပယ်ကျောင်းများ၊ စက်မှုလက်မှုပညာသင်ကျောင်းများလည်း ရှိသေးသည်။ လန်ဒန်မြို့ကြီးသည် အဂ‡လန်မြို့ပြည်တွင် စာပေ အနုပညာနှင့် သိပ္ပံပညာများကို လေ့လာရှာမှီးရာ ဗဟိုဌာနတစ်ခုလည်းဖြစ်လေသည်။ လန် ဒန်မြို့ရှိ ဗြိတိသျှပြတိုက်နှင့် စာကြည့်တိုက်များ မြိူ့တော်၏ ကျက်သရေ ဆောင်ဌာနကြီးများဖြစ်၍ ပညာဗဟုသုတ လိုလားသူတိုင်းပင် လန်ဒန်မြို့သို့ ရောက်လျှင် ထိုနေရာများသို့ သွားရောက်လည်ပတ်ခြင်းမပြုဘဲ မနေနိုင်ကြ ချေ။ အမျိုးသားပန်းချီပြတိုက်၊ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်၊ တိရစ္ဆာန် ရုံ၊ သဘာဝသမိုင်းပြတိုက်ခန်းများ၊ သိပ္ပံပညာပြခန်းများ၊ ဘူမိဗေဒစသည် ဖြင့် ပညာရှာမှီးလိုသူတို့ သွားရောက်လည်ပတ်ကြည့်ရှုရန် ကောင်းသောဌာန များမှာလည်း လွန်စွာပင်ကြီးကျယ်၍ ပြည့်စုံလှပေ၏။ ထရာဖဲလဂါပန်းခြံ (နယ်လဆန်၏ ရုပ်တုရှိရာ) မှာလည်း ထင်ရှားသော နေရာဌာနများတွင် အပါအဝင် ဖြစ်လေသည်။
လူအများစုရုံးသွားလာနိုင်သော ကွင်းပြင်ကြီးများရှိသည့် ပန်းခြံ များလည်းရှိ၏။ ပန်းခြံများတွင် ဟိုက်ဒပတ်ပန်းခြံမှာ အထင်ရှားဆုံးဖြစ်၏။ ထိုပန်းခြံသည် ၃၆၁ ဧကရှိ၍ ရန်ကုန်မြို့ အင်းယားကန်ကဲ့သို့ပင် တနဂ‡နွေ နှင့် အခြားရုံးပိတ်ရက်နေ့အားများတွင် လူများအပန်းဖြေလာရောက်ကြသဖြင့် အလွန်စည်ကားသောနေရာဖြစ်လေသည်။ နိုင်ငံရေးသမား ဖြစ်လိုသူများသည် ထိုဟိုက်ဒပတ်ပန်းခြံတွင် ပရိသတ်အား သူတို့ပြောလိုသော အကြောင်းအရာ များကို ပြောဟောခြင်းအားဖြင့် ပရိသတ်အလယ်တွင် စကားပြောခြင်း အတတ်ကို လေ့ကျင့်လေ့ရှိကြ၏။ ရီးဂျင့်ပန်းခြံတွင်ကား တရိစ္ဆာန်ရုံနှင့် ပန်းဥယျာဉ်ရှိလေသည်။
လန်ဒန်မြို့သည် ကုန်ပစ္စည်းများကို အကြီးအကျယ် ထုတ်လုပ် ဖြန့်ဖြူးသော မြို့ဖြစ်၍ စက်ရုံအလုပ်ရုံကြီးများမှ အလှကုန်ပစ္စည်းများ၊ အိမ် ထောင်ပရိဘောဂများ၊ အထည်အလိပ်များနှင့် စားကုန် သောက်ကုန်များ ထွက်ပြီးလျှင် မော်တော်ကားနှင့် အခြားအထည်ကြီးစက်ကိရိယာပစ္စည်းများ ကိုလည်း ထုတ်လုပ်လေသည်။ ဗဟိုဌာနကြီးဖြစ်၍ ဘဏ်လုပ်ငန်းမှာလည်း အလွန်ကြီးကျယ်လှပေသည်။ လန်ဒန်ဆိပ်ကမ်းမှာ သဘေ‡ာကြီးငယ်တို့ဖြင့် ကြက်ပျံမကျ စည်ကား၍ သဘေ‡ာကျင်းကြီးကိုးကျင်းမျှရှိ၏။ အဂ‡လန်ပြည်ရှိ မီးရထားလမ်းများ ဆုံရာဌာဖြစ်၍ ဝါးတာလူး၊ ချားရင်းကရော့စသော ဘူတာများမှာ မီးရထားလမ်းများဆုံသော နေရာဖြစ်ပြီးလျှင် လျှပ်စစ်မီးရထား များမှာ များသောအားဖြင့် မြေအောက်တွင်သွားလာကြ၏။ တူးမြောင်းများ လည်းရှိ၍ တာဝါဗရစ်ခေါ် မျှော်စင်တံတားရှိရာ တင်းမြစ်၏အောက်တွင် လူများPEMNISSSSSSSSSSSSSSSSSSSယာဉ်များသွားလာနိုင်သော ဥမင်လိုဏ်ခေါင်းများရှိလေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက လန်ဒန်မြို့သည် အပြင်းအထန်ဆုံး ဗုံး ကြဲတိုက်ခိုက်ခြင်းခံရသည်။ ဂျာမန်တို့က ဒလကြမ်းဗုံးကြဲချသဖြင့် လူပေါင်း နှစ်သောင်းကိုးထောင်ကျော်ကျော်မျှ သေဆုံး၍ လူပေါင်းငါးသောင်းကျော်ခန့် ဒဏ်ရာရကြသည်။ မီးလောင်ဗုံးများကြောင့်လည်း အဆောက်အအုံများ ပျက် စီးခဲ့ရလေသည်။
လန်ဒန်မြို့မ၏ လူဦးရေမှာ ၄၈၆၃ဝဝဝ ဖြစ်သည်။ ဂရိတ်တား လန်ဒန်(မဟာလန်ဒန်) ခေါ် လန်ဒန်ဒိစတြိတ်မှာ ၆၉၉ စတုရန်းမိုင်းကျယ်၍ လူဦးရေ ၈၂၅၁ဝဝဝ ခန့်ရှိလေသည်။
လန်ဒန်မြို့တော်ကို ရှေးဦးစွာတည်ဆောက်ခဲ့စဉ်က ရွှံ့နွံ့များ ထူ ထပ်သော တင်းမြစ်ကမ်းပေါ်တွင် တဲစုများဖြင့်ပြီးသော ရွာငယ်ကလေး တစ်ခုမျှသာဖြစ်ခဲ့၏။ ခရစ် ၄၃ ခုနှစ်ခန့်တွင် ရောမတို့ ရောက်ရှိလာခဲ့ပြီး နောက်၌ လန်ဒန်သည် အရေးပါသောနေရာတစ်ခုဖြစ်လာသည်။ ထိုစဉ်က လန်ဒီနီယမ်ဟု ခေါ်တွင်ခဲ့၏။ ဗြိတိန်ကို ရောမတို့အုပ်စိုးစဉ် ၃၆၉ ခုနှစ်မှ ၄၁၂ ခုနှစ်အထိမြို့တော်ဖြစ်ခဲ့သည်။ အရှေ့ဘက် ဇုံနိုင်ငံ၏မြို့တော် ဖြစ်ခဲ့ စဉ်ကလည်း ကုန်ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးခဲ့၏။ လန်ဒန်မြို့ကို ဒိန်း လူမျိုးတို့က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်တွင် အဲလဖရက်ဘုရင် ပြန်လည်တည် ဆောက်ခဲ့သည်။ နော်မန်တို့ ရောက်လာပြီးသည့်နောက်တွင်လည်း လန်ဒန် မြို့သည် ဗြိတိန်ကျွန်း၏ ကုန်သွယ်မှု ဗဟိုဌာနဖြစ်ခဲ့၏။ ကူးသန်းရောင်း ဝယ်ရေးသည် များစွာဖွံ့ဖြိုးတိုးတက်ခဲ့လေသည်။ လန်ဒန်မြို့သည် နှင်းဆီ စစ်ပွဲများအတွင်းက ယော့ဂိုဏ်းသားများဘက်မှလည်းကောင်း၊ အဂ‡လိပ်ပြည် တွင်းစစ်ပွဲအတွင်းက ပါလီမန်ဂိုဏ်းသားများဘက်မှလည်းကောင်း ပါဝင်ခဲ့ ၏။ လန်ဒန်မြို့တွင် ၁၆၆၅ ခုနှစ် ပလိပ်ရောဂါကပ်ကြီး ဆိုက်ရောက်ခဲ့၍ ၁၆၆၆ ခုနှစ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းခြင်းခံရသည်။ ရပ်ကွက် ပေါင်း ၁၅ ရပ်ကွက်၊ လမ်းပေါင်းး ၄ဝဝ၊ အိမ်ခြေပေါင်း ၁၃၄ဝဝ နှင့် ဘုရားရှိခိုးကျောင်း ၈၉ ကျောင်း မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုလေသည်။ သို့သော် မလျှော့သော ဇွဲသတ္တိဖြင့် မြို့ကိုပြန်လည်ထူထောင်ခဲ့ရာ မှန်မှန်ပင် တိုးတက်လာခဲ့၏။ ၁၈၁၅ ခုနှစ်တွင် နပိုလီယန်စစ်ပွဲများ ပြီးဆုံးသွားပြီး နောက်၌ လန်ဒန်မြို့သည် တိုးတက်ကြီးမားစည်ကားလာရာ ထိုစဉ်က လူဦးရေ တစ်သန်းကျော်ရှိခဲ့၍ ကမ္ဘာပေါ်တွင်အကြီးဆုံးမြို့လည်းဖြစ်၊ အကြီး ဆုံးသောစီးပွားရေးအချက်အခြာဌာနလည်း ဖြစ်နေခဲ့လေပြီ။ ဝိတိုရိယ ဘုရင် မကြီး လက်ထက်တွင် လန်ဒန်မြို့သည် တန်ခိုးအာဏာတိုးတက်လာ၍ ပိုမို စည်ပင်ဖွံ့ဖြိုးလာခဲ့၏။ မီးရထားလမ်းများ ဖောက်လုပ်ခဲ့ရာတွင် မီးရထား လမ်းဆုံကြီးဖြစ်လာသည်သာမက စီးပွားရေးနှင် နိုင်ငံရေးဆိုင်ရာမြို့တော် လည်းဖြစ်လာခဲ့လေသည်။ မြို့မတစ်ဝိုက်တွင် ဆင်ခြေဖုံးရပ်ကွက်များ ပေါ် ပေါက်လာ၍ နောင်အခါအဆက်မပြတ်သော မြို့တန်းရှည်သဖွယ် ဖြစ်လာပြီး လျှင် မဟာလန်ဒန်ဟူ၍ ဖြစ်ပေါ်လာလေသည်။[၁၅]
ကိုးကား [ပြင်ဆင်ရန်]
- ↑ London, United Kingdom Forecast : Weather Underground (weather and elevation at Heathrow Airport) (online). The Weather Underground, Inc.. Retrieved on 2008-06-06။
- ↑ Neighbourhood Statistics. Neighbourhood Statistics. Retrieved on 2008-04-29။
- ↑ Roman. The Museum of London. Retrieved on 2008-06-07။
- ↑ Mills, David (2001-02-22). Dictionary of London Place Names. Oxford Paperbacks. ISBN 978-0192801067. OCLC 45406491.
- ↑ Global Power City Index 2009. Institute for Urban Strategies – The Mori Memorial Foundation. Retrieved on 14 December 2010။
- ↑ Global Financial Centres 7. Z/Yen (2010). Retrieved on 21 April 2010။
- ↑ ""World's Most Economically Powerful Cities".", Forbes, 15 July 2008. Retrieved on 3 October 2010.
- ↑ Worldwide Centres of Commerce Index 2008. Mastercard.
- ↑ Global city GDP rankings 2008–2025. PricewaterhouseCoopers. Retrieved on 16 November 2010။
- ↑ "Chennai as a global finance hub?", The Financial Express, 20 July 2009. Retrieved on 18 October 2010.
- ↑ Bremner, Caroline. "Euromonitor International's Top City Destination Ranking", Euromonitor International, 10 January 2010. Retrieved on 18 October 2010.
- ↑ "Delta Expects New Slots To Foster Growth At Heathrow Airport", The Wall Street Journal, 23 February 2011. Retrieved on 7 March 2011.
- ↑ Number of international students in London continues to grow. Greater London Authority. Retrieved on 27 August 2010။
- ↑ IOC elects London as the Host City of the Games of the XXX Olympiad in 2012. International Olympic Committee (6 July 2005). Retrieved on 3 June 2006။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)