လူဇင်ဘတ်နိုင်ငံ
| The Grand Duchy of Luxembourg | |||||
| Großherzogtum Luxemburg | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - We want to remain what we are | |||||
| နိုင်ငံတော်သီချင်း - ငါတို့ အမိမြေ ("Our Homeland") | |||||
| ပထဝီ |
|||||
| မြို့တော် | လူဇင်ဘတ်မြို့ | ||||
| အကြီးဆုံးမြို့ | လူဇင်ဘတ်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၁ နွေရာသီ - +၂ |
||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | လွတ်လပ်သောနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
| ထူထောင်မှု | |||||
| စီးပွားရေး | |||||
| GDP(PPP) | US $၄၁.၀၉၁ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US $၈၁,၃၈၃ (အဆင့် - ) | ||||
| HDI | ၀.၈၅၂ (အမြင့်) (အဆင့် - ၂၄) | ||||
| ငွေ | ယူရို (EUR "€") | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .lu | ||||
| Calling code | +၃၅၂ | ||||
လူဇင်ဘတ်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် ရှိသည်။ လူဇင်ဘတ်သည် ၂၅၈၆ စတုရန်းကီလိုမီတာ (၉၉၉ စတုရန်းမိုင်) ခန့်မျှ ကျယ်ဝန်းသော နေရာတွင် လူဦးရေ သန်းတစ်ဝက်ကျော် ခန့်မျှ ရှိသည်။ ကိုယ်စားပြု ဒီမိုကရေစီစနစ်နှင့် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ပြီး အုပ်ချုပ်သူမှာ နယ်စားထက် မြင့်ပြီး ဘုရင်ထက် နိမ့်သော ဂရင်းန်းဒျု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဂရန်းဒျု အုပ်ချုပ်သည့် တစ်ခုတည်းသော အချုပ်အခြာအာဏာပိုင် ဖြစ်သည်။ ဤနိုင်ငံတွင် အလွန်ဖွံ့ဖြိုးသော စီးပွားရေး ရှိပြီး နိုင်ငံတကာငွေကြေးအဖွဲ့၏ အဆိုအရ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ အများဆုံးနိုင်ငံ ဖြစ်သည်။ သမိုင်းကြောင်းနှင့် မဟာဗျူဟာ အရ အရေးပါသော နေရာအဖြစ် ရှိခဲ့သည်မှာ ရောမခေတ်ကာလက ခံတပ်တည်ရှိရာနေရာနှင့် အလယ်ခေတ်အစောပိုင်းက ဖရန့်ကစ်ရှ် ကောင့်၏ ရဲတိုက် တည်ရှိရာနေရာ အဖြစ် ရှိခဲ့သည်။
စစ်ကြီးမဖြစ်မီအချိန်က ကမ္ဘာပေါ်တွင် အအေးချမ်း အသာယာဆုံးသော တိုင်းပြည်၏ အမည်ကိုမေးလျှင် လပ်ဇင်ဗူး ခေါ် လူဇင်ဘတ်နိုင်ငံ ကလေးကို ညွှန်ပြရပေမည်။ လက်နက်နိုင်ငံကြီး များ ဝိုင်းရံလျက်ရှိသော်လည်း တစ်ခါကမူ အလွန်အေးချမ်းသာယာသော နိုင်ငံငယ်တစ်ခု ဖြစ်ခဲ့၏။
လပ်ဇင်ဗူးသည် သာယာလှပသော တိုင်းပြည်ကလေးတစ်ပြည်ဖြစ် ၍ အကျယ်အဝန်းမှာ ၉၉၉ စတုရန်းမိုင်ဖြစ်၏။ မြေမျက်နှာပြင်မှာ မညီမညာဘဲ၊ သစ်တောများဖုံးလျက်ရှိသော ကုန်းမြင့်များဖြစ်၏။မြောက်ပိုင်း၌ မြင့်မားသော တောင်များရှိပြီးလျှင် တောင်ပိုင်း၌ မြေဩဇာကောင်းမွန်သော ဒေသများရှိလေသည်။ ဂျုံ၊ မြင်းစားဂျုံ၊ အာလူးနှင့် စပျစ်ပင်များ စိုက်ပျိုးကြ၏။ သံကိုတူးဖော်၍ အရည်ကျိုသည့်လုပ်ငန်းနှင့်အရက်ချက်သော လုပ်ငန်းများလည်းရှိ၏။ လူဇင်ဘတ်နိုင်ငံ၏ လူဦးရေမှာ ၄၃၉,၅၃၉ (၂၀၁၀) ဖြစ်၏။ ဗရင်ဂျီဂိုဏ်းဝင်များပြားသည်။ နိုင်ငံ၏အဓိပတိမှာ နတ်ဆောမြို့စားရိုးမှမြို့စားကြီး သို့မဟုတ် မြို့စားမကြီးဖြစ်၍ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့မှာ ယင်းကခန့်ထား၍ ဝန်ကြီးချုပ်ဦးဆောင်သည့် ကက်ဘိနက်အစိုးရအဖွဲ့ဖြစ် သည်။ ထို့အပြင် နိုင်ငံတော်ကောင်စီဟူသည့် အကြံပေးအဖွဲ့လည်းရှိသေး သည်။ ဥပဒေပြုအဖွဲ့ဖြစ်သော ပြည်သူ့လွှတ်တော်တွင် အသက် ၂၁ နှစ် ပြည့်ပြီး နိုင်ငံသူ နိုင်ငံသားများကရွေးကောက် တင်မြှောက်ထားသည့် ကိုယ် စားလှယ်တော် ၅၆ ဦးပါဝင်သည်။ ပြည်တွင်းရှိ မီးရထားလမ်းများမှာ မိုင် ၃ဝဝ ကျော်သာရှည်လျား၏။
လူဇင်ဘတ်နိုင်ငံသည် ယခုအခါ ဂျာမနီနှင့်ပြင်သစ်နိုင်ငံကို ခြား ထားသော တိုင်းကျပ်ပြည်ကျပ်ကလေး တစ်ခုမျှသာဖြစ်သော်လည်း ၁၃၄၇ ခုနှစ်မှ ၁၄၃၇ ခုနှစ်အထိ စိုးစံခဲ့သော လူဇင်ဘတ်မင်းများမှာ ဘိုဟီးမီးယား ဘုရင်များဖြစ်ကြ၍ ရောမသာသနာစောင့်နိုင်ငံတော်ကြီးကိုလည်း ထိုသူတို့ အုပ်စိုးခဲ့ရလေသည်။ ၁၅ ရာစုနှစ်မှစ၍ လူဇင်ဘတ်နိုင်ငံကို ဗာဂန်ဒီ၊ ဩစတြီးယား၊ ပြင်သစ်နိုင်ငံနှင့်ဒပ်ချ် တို့က အုပ်စိုးခဲ့ကြ၍ ၁၈၆၇ ခုနှစ်တွင် လွတ်လပ်သော ပြည်အဖြစ်ဖြင့် ကြေညာလိုက်သော်လည်း ပထမကမ္ဘာစစ် ဖြစ်သည်အထိ လပ်ဇင်ဗူးနိုင်ငံမှာ ဂျာမန်အကောက်တော် သမဂ္ဂ၌ ပါဝင်နေခဲ့ရ၏။ ပထမကမ္ဘာစစ်ဖြစ်ပွားသောအခါ ဂျာမနီ၏ သိမ်းပိုက်ခြင်းကို ခံရ ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ဂျာမနီလက်အောက်မှ လွတ်မြောက်ပြီးလျှင် ဗာဆေးစာချုပ်အရ လပ်ဇင်ဗူးနိုင်ငံ၏ လွတ်လပ်ရေးမှာ ပိုမိုခိုင်မြဲသွားလေ သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဂျာမနီတို့က ထပ်မံသိမ်းယူခဲ့ပြန်ရာ စစ်ကြီးပြီးမှ လွတ်မြောက်သွား၏။
တိုင်းပြည်၏ အဓိကဖြစ်သော စက်မှုလက်မှုလုပ်ငန်းများမှာ သိုး မွေးထည်၊ လက်အိတ်၊ စက္ကူ၊ အိုးခွက်၊ သားရေ၊ သကြား၊ အရက်ပျံ စသည်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြ၏။မြို့တော်မှာ လပ်ဇင်ဗူး (လပ်ဇင်ဗတ်)မြို့ဖြစ်၍ လူဦးရေ ၇၇၇၂၁ ယောက်ရှိပြီးလျှင် ဥရောပတိုက်တွင် အလှပဆုံးသော မြို့တစ်မြို့ဖြစ်၏။ မြို့မှာ နှစ်ထပ်ဆောက်ထားဘိသကဲ့သို့ အဆင့်နှစ်ဆင့်ရှိရာ ပထမအထပ်ကိုပေ ၂ဝဝ မြင့်သည့်တောင်စွန်းပေါ်၌ တည်ထား၍ အောက်ဒုတိယအဆင့်သို့ လှေကားထစ်များ၊ ဝင်္ကပါလမ်းများ၊ တံတားကြီးများဖြင့် ဆက်သွယ်ထား လေသည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)