ကျားသစ်ကွက်တောကြောင်

ဝီကီပီးဒီးယား မှ
ကျားသစ်ကွက် တောကြောင်
Ocelot (/ˈɒsəlɒt/)
An ocelot in Zooparque, Itatiba, ဘရာဇီးနိုင်ငံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Leopardus
မျိုးစိတ်:
L. pardalis
ဒွိနာမ
Leopardus pardalis
မျိုးစိတ် ခွဲ
  • L. p. mitis (Cuvier, 1820)
  • L. p. pardalis (Linnaeus, 1758)
Distribution of the ocelot (2016)[၁]
Synonyms[၂]

ကျားသစ်ကွက်တောကြောင်၏ သိပ္ပံအမည်မှာ လီယိုပါဒတ် ပါဒါလစ် ဖြစ်သည်။ ကြောင်ရိုင်းတစ်မျိုးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်း၊ မက္ကဆီကိုဗဟိုအမေရိကနှင့် တောင်အမေရိကတို့တွင် တွေ့ရသည်။ အမေရိ ကန် ပြည်ထောင်စုတွင် ယင်းတို့ကို တက္ကဆက်ပြည်နယ်တောင်ပိုင်းနှင့် အရီဇိုးနားပြည်နယ်တောင်ပိုင်းတို့တွင် တွေ့ရသည်။[၃]

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

ကျားသစ်ကွက်တောကြောင် (ခ) တောင်အမေရိက တောကြောင် (Ocelot) ၏အသွင်သဏ္ဌာန်မှာ အိမ်မွေးကြောင်နှင့် အတူတူဖြစ်သည်။ အပြင်က အရေခွံကသာ ကျားသစ်တစ်ကောင်ဖြစ်ကြောင်း အဆင်းကြောင်းနှင့် ထင်သာမြင်သာ ရှိစေသွားသည်။ အိုဆီလော့ (The ocelot) ဟုခေါ်ပြီး Dwarf leopard (ကျားသစ်ပု/တောကြောင်ပု) ဟူ၍လည်း ခေါ်တွင်သည်။ အရွယ် အစားအားဖြင့် ၂၇ ကနေ ၃၉ လက်မကြား အထိ အရှည်ရှိပြီး အသက် ၂၀ တန်းအထိ နေနိုင်သည်။ ဖားယုန်ပုတက်ငါးဖွတ်ငှက်တို့ကဲ့သို့သော သားကောင်အသေးစားများကိုသာ အမဲလိုက်ဖမ်းဆီး စားသောက်နိုင်သည်။

တွေ့ရှိရာဒေသနှင့် ပျံ့နှံ့ကျက်စားခြင်း[ပြင်ဆင်ရန်]

ကျားသစ်ကွက်တောကြောင်ကို တောင်အမေရိကတိုက်တစ်ခုလုံးတွင် တွေ့ရ သည်။ မာဂရီတားကျွန်းနှင့် ထရီနီဒက်ကျွန်းတို့တွင်လည်း တွေ့ရသည်။ ယင်းအပြင် ဗဟိုအမေရိက၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတောင်ပိုင်းတို့ တွင်လည်း တွေ့ရသည်။ ကျားသစ်ကွက်တောကြောင်ကို တွေ့ရသော နိုင်ငံများမှာ အာဂျင်တီးနားဘလိဇ့်ဘိုလီးဗီးယားဘရာဇီးကိုလံဘီယာကော်စတာရီကာအီကွေဒေါအယ်လ်ဆာဗေဒိုဂွာတီမာလာဂိုင်ယာနာဟွန်ဒူရပ်စ်မက္ကဆီကိုနီကာရာဂွာပနားမားပါရာဂွေးပီရူးဆူရီနမ်ထရီနီဒက်နှင့် တိုဘာဂိုအမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားတို့ ဖြစ်သည်။ ဥရုဂွေးနိုင်ငံတွင်မူ မျိုးပြုန်းတီးပျောက်ကွယ်သွားပြီ ဟု ယူဆရသည်။ [၄]

ကြုံတွေ့ရသောဘေးအန္တရာယ်များ[ပြင်ဆင်ရန်]

ကျားသစ်ကွက်တောကြောင်၏ အပြင်အရေခွံသည် ကမ္ဘာ့ ဈေးကြီး သားရေအမျိုးအစားထဲတွင် ပါဝင်သောကြောင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အမဲလိုက်အဖမ်းဆီးသတ်ဖြတ်ခံရသော တိရစ္ဆာန်များ ဖြစ်သည်။ အိမ်မွေးအနေနှင့်လည်း ဈေးကြီးပေး အိမ်မွေးတဲ့ အလေ့အထလည်း ရှိပါသေးသည်။ ထို့ကြောင့် ၁၉၇၂ ခုနှစ်မှ စ၍ ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန်၊ မထိခိုက်ရ တိရစ္ဆာန်အဖြစ် ယနေ့တိုင် သတ်မှတ်ထား သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Leopardus pardalis" (2015). IUCN Red List of Threatened Species 2015. IUCN. 
  2. "Leopardus pardalis" (1997). Mammalian Species (548): 1–10. doi:10.2307/3504082. 
  3. Paviolo, A.; Crawshaw, P.; Caso, A.; de Oliveira, T.; Lopez-Gonzalez, C.A.; Kelly, M.; De Angelo, C. & Payan, E. (2015). "Leopardus pardalis". IUCN Red List of Threatened Species. Version 2017-3. International Union for Conservation of Nature. doi:10.2305/IUCN.UK.2015-4.RLTS.T11509A50653476.en
  4. Paviolo, A.; Crawshaw, P.; Caso, A.; de Oliveira, T.; Lopez-Gonzalez, C.A.; Kelly, M.; De Angelo, C. & Payan, E. (2015). "Leopardus pardalis". IUCN Red List of Threatened Species. Version 2017-3. International Union for Conservation of Nature. doi:10.2305/IUCN.UK.2015-4.RLTS.T11509A50653476.en