ကူဂါ
| ကူဂါ တောင်ခြင်္သေ့ | |
| သဘာဝထိန်းသိမ်းခြင်းအခြေအနေ | |
| သိပ္ပံနည်းကျမျိုးခွဲခြင်း | |
| လောက | သတ္တလောက |
| မျိုးပေါင်းစု | Chordata |
| မျိုးပေါင်း | နို့တိုက်သတ္တဝါ |
| မျိုးစဉ် | Carnivora |
| မျိုးရင်း | |
| မျိုးစု | ကြောင်မျိုးရင်း |
| မျိုးစိတ် | ပူးမား |
| ဒွိနာမ | |
| ပူးမား ကွန်ကိုလာ (Linnaeus, 1771) |
|
| အမည်ကွဲ | |
| Cougar range | |
'ကူဂါ (ပူးမားကွန်ကိုလာ)၊( ပူမာ၊ တောင်ခြင်္သေ့၊ တောင်ကြောင်၊ ကတ်တမောင့် သို့ ပန်သာ ဟု နေရာဒေသအလိုက် သိကြသည်။) သည် အမေရိကန် မျိုးစိတ် ကြောင်မျိုးနွယ်ဝင် ဖြစ်သည်။ ဤကြီးမားသော ကြောင်သည် ကမ္ဘာ့အနောက်ခြမ်း၏ ကြီးမားသော တောရဲတိရစ္ဆာန်များအတွင်း အများဆုံးတွေ့နိုင်သော အမျိုးဖြစ်သည်။ ယုကွန်ပြည်နယ်၊ ကနေဒါမှ တောင်အမေရိကရှိ တောင်ဘက်အန်းဒီးစ်အတွင်း တွေ့ရှိနိုင်သည်။ ၎င်းသည် ကမ္ဘာ့အနောက်ခြမ်းတွင်ရှိသော ကြောင်မျိုးစိတ်များအနက် ဂျဂွာ (ကျားသစ်မျိုးတစ်မျိုး)၏ အနောက် ဒုတိယအလေးဆုံး ကြောင်မျိုးစိတ်ဖြစ်သည်။ ကူဂါသည် ကြီးမားသော်လည်း သေးငယ်သောကြောင်မျိုးစိတ် များနှင့် ပိုမိုတူညီ၍ ခြင်္သေ့ထက် ကြောင်များနှင့် ပိုနီးစပ်သည်။
အဓိက အစာမျိုးများမှာ သမင်၊ဒရယ်၊မားလား၊ဆတ်၊သိုး၊ဆိတ်၊ဂျိုကောက်သိုး တို့နှင့် မြင်းများဖြစ်သည်။ ၎င်းသည် သေးငယ်သော အင်းစက်များနှင့် တောကောင်များ (ရှဉ့်၊ယုန် စသည်တို့)ကိုလည်း အမဲလိုက်သည်။ ဤကြောင်သည် ခြုံပုတ်များနှင့် ကျောက်တောင် ထူထပ်သောဒေသများတွင် ကျက်စားရသည်ကို နှစ်သက်သည်။ မြေပြန့်တွင်လည်း နေထိုင်နိုင်သည်။
|
|||||