သစ်ကြောင်

ဝီကီပီးဒီးယား မှ
သစ်ကြောင်
အိန္ဒိယ သစ်ကြောင် (P. b. bengalensis)
အေမွာ သစ်ကြောင် (P. b. euptilura)
both at the Parc des Félins
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Prionailurus
မျိုးစိတ်:
P. bengalensis
ဒွိနာမ
Prionailurus bengalensis
(Kerr, 1792)
Distribution of leopard cat, 2015[၁]

သစ်ကြောင်(Prionailurus bengalensis)သည် တောင်အာရှ၊ ‌အရှေ့တောင်အာရှနှင့် အရှေ့အာရှ ၏ ကုန်းပိုင်းဒေသတွင် နေထိုင်ကျက်စားသော တောကြောင်အငယ်စား ဖြစ်သည်။ ၂၀၀၂ ကတည်းက ၎င်းကြောင်မျိုးသည် ကျယ်ပြန့်စွာ နေထိုင်နိုင်သောကြောင့် အိုင်ယူစီအင် စာရင်းနီတွင် စိုးရိမ်စရာ အနည်းဆုံး အဖြစ် စာရင်းသွင်း ခံရသော်လည်း၊ နေထိုင်ရာ ဘုံ ပျောက်ဆုံးခြင်း၊ အချို့ မျိုးအုပ်စုများ အမဲလိုက်ခံရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံ နေရသည်။[၂]

အာရှတိုက်နှင့် ဆန်ဒါကျွန်းများရှိ ‌သစ်ကြောင်ကို မျိုးစိတ် တခုတည်းအဖြစ် သမိုင်းကြောင်းအရ ယူဆကြသည်။ ၂၀၁၇ တွင် ဆန်းဒါးကျွန်း၌ တွေ့ရသော သစ်ကြောင်ကို သီးခြားမျိုးစိတ် ပရိုင်ယိုနေးလရပ် ဂျာဗနစစ် (Prionailurus javanensis) အဖြစ် အသိအမှတ် ပြုလိုက်သည်။[၃]

သစ်ကြောင်မျိုးစိတ်ခွဲများသည် သားမွေးအရောင်၊ အမြီးအရှည်၊ ဦးခေါင်းခွံ ပုံသဏ္ဌာန်နှင့် သွားအရွယ်အစားနှင့် ကျယ်ပြန့်စွာ ကွဲပြားသည်။[၄] တရုတ်ပြည်မှ ရှေးဟောင်း သက်သေအရ သစ်ကြောင်သည် အိမ်မွေးတိရစ္ဆာန် အဖြစ် စတင် ယဉ်ပါးသော ပထမဆုံး ကြောင်မျိုးစိတ် ဖြစ်သည်ဟု ညွှန်ပြနေသည်။[၅]

တွေ့ရှိရာအရပ်များ[ပြင်ဆင်ရန်]

သစ်ကြောင်သည် အာရှတိုက်ရှိကြောင်ရိုင်းအငယ်စားများအနက် တွေ့ရှိရာအရပ် အကျယ်ပြန့်ဆုံး ဖြစ်သည်။ ၎င်းတို့ကို ရုရှားအရှေ့ဖျားရှိ အေမွာဒေသမှသည် ကိုရီးယားကျွန်းဆွယ်တရုတ်ပြည်အင်ဒိုချိုင်းနား၊ အိန္ဒိယတိုက်ငယ်တို့တွင် တွေ့ရသည်။ ယင်းတို့ကို ပါကစ္စတန်မြောက်ပိုင်းအထိ တွေ့ရသည်။[၆]ဂျပန်ပြည်တွင် ယင်းတို့ကို အီရီယိုမိုတေးကျွန်းနှင့် ကျူရှီးမားကျွန်းတို့တွင်သာ တွေ့ရသည်။ [၇][၈]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Ross, J. (2015). "Prionailurus bengalensis". IUCN Red List of Threatened Species 2015. IUCN. 
  2. Ross, J.; Brodie, J.; Cheyne, S.; Hearn, A.; Izawa, M.; Loken, B.; Lynam, A.; McCarthy, J.; Mukherjee, S.; Phan, C.; Rasphone, A. & Wilting, A. (2015). "Prionailurus bengalensis". IUCN Red List of Threatened Species. Version 2016.2. International Union for Conservation of Nature.
  3. Ross, J.; Brodie, J.; Cheyne, S.; Hearn, A.; Izawa, M.; Loken, B.; Lynam, A.; McCarthy, J.; Mukherjee, S.; Phan, C.; Rasphone, A. & Wilting, A. (2015). "Prionailurus bengalensis". IUCN Red List of Threatened Species. Version 2016.2. International Union for Conservation of Nature.
  4. Groves, C. P. (1997). "Leopard-cats, Prionailurus bengalensis (Carnivora: Felidae) from Indonesia and the Philippines, with the description of two new subspecies". Zeitschrift für Säugetierkunde. 62: 330–338.
  5. Groves, C. P. (1997). "Leopard-cats, Prionailurus bengalensis (Carnivora: Felidae) from Indonesia and the Philippines, with the description of two new subspecies". Zeitschrift für Säugetierkunde. 62: 330–338.
  6. Sunquist, M.; Sunquist, F. (2002). Wild cats of the World. Chicago: University of Chicago Press. pp. 225–232. ISBN 0-226-77999-8.
  7. Imaizumi, Y. (1967). A new genus and species of cat from Iriomote, Ryukyu Islands. Journal of Mammalian Society Japan 3(4): 74.
  8. Ministry of the Environment, Tsushima Wildlife Conservation Center (2005). National Endangered Species Tsushima Leopard Cat - English Version.