အာကာသခေတ်
အာကာသခေတ် (အင်္ဂလိပ်: Space Age) ဆိုသည်မှာ အာကာသနည်းပညာ၊ အာကာသ စူးစမ်းရှာဖွေခြင်း၊ အာကာသပြိုင်ပွဲများနှင့်စပ်ဆက်သော လုပ်ဆောင်မှုများကို ခြုံငုံနိုင်သော ခေတ်ကာလတစ်ခုဖြစ်၍ ဤအာကာသဆိုင်ရာဖြစ်ရပ်များမှ လွှမ်းမိုးထားသော ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်ခြင်းများကို လွှမ်းခြုံနိုင်သော ခေတ်တစ်ခေတ်လည်းဖြစ်သည်။ အာကာသခေတ်သည် ၁၉၅၇ စပွတ်နစ် ၁ ဂြိုဟ်တုယာဉ် နှင့်အတူ စတင်ခဲ့သည်ဟု ယေဘုယျအားဖြင့်ဆိုနိုင်ကာ ယင်းအချိန်မှစ၍ မျက်မှောက်ခေတ်ကာလအထိဖြစ်သည်။
စတင်ခြင်း
[ပြင်ဆင်ရန်]ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံက ၁၉၅၇ အောက်တိုဘာ ၄ တွင် စပွတ်နစ် ၁ ဂြိုဟ်တုကို လွှတ်တင်ခြင်းနှင့်အတူ ဆင်တူသော နည်းပညာအချို့ဖြစ်ပေါ်တိုးတက်လာခြင်းများနှင့်အတူ စတင်ခဲ့သည်။ စပွတ်နစ်သည် ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုဖြစ်ကာ ၈၃ ကီလ်ုဂရမ် (၁၈၃ ပေါင်) အလေးချိန်ရှိပြီး ကမ္ဘာကို ၉၈.၁ မိနစ်ဖြင့် တစ်ပတ်ပတ်နိုင်ခဲ့သည်။ အာကာသခေတ်ဟူ၍ သိရှိလာမည့် နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများ၏ ခေတ်သစ်တစ်ခုကို ဤစပွတ်နစ် လွှင့်တင်ခြင်းက အစပြုပေးခဲ့သည်။[၂] အထူးသဖြင့် ဆိုဗီယက် နှင့် အမေရိကန်တို့ကြား အောင်မြင်မှုအတွက် ပြိုင်ပွဲတစ်ခု၊ နည်းပညာသစ် လျင်မြန်စွာ ပြောင်းလဲတိုးတက်လာခြင်း အနေအထားဖြင့် အစပြုပေးခြင်းဖြစ်သည်။ ဒုံးပျံနည်းပညာ၊ ဒြပ်ဝတ္ထုပစ္စည်းဗေဒနှင့် အခြားသောနယ်ပယ်များတွင် လျင်မြန်သော တိုးတက်မှုများဖြစ်ထွန်းပေါ်ပေါက်လာကြသည်။ အာကာသဆိုင်ရာ လက်တွေ့အသုံးချခြင်းများအတွက် မူလကရည်ရွယ်ဖော်ဆောင်ခဲ့သော နည်းပညာများစွာသည် ဘေးပန်းရလဒ်များအနေဖြင့် အကျိုးရှိခဲ့ပြီး နောက်တိုးအသုံးချနိုင်မှု များလည်း တွေ့ရှိခဲ့ကြသည်။ ဤသို့ ဥပမာတစ်ခုမှာ အဓိက polyurethane ဖြင့် ပြုလုပ်သော 'မှတ်ဉာဏ်ရေမြှပ်' (memory form) ဖြစ်သည်။
ကမ္ဘာ့လူသားများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော 'အပိုလို (/အပေါလို/) အစီအစဉ်'နှင့်အတူ အာကာသခေတ်သည် ၎င်း၏ထိပ်ဆုံးအနေအထားကို ရောက်ရှိခဲ့သည်။ အပိုလို ၁၁ ကမ္ဘာသို့ ဆင်းသက်ခြင်းကို ကမ္ဘာတလွှားမှ လူသန်း (၅၀၀) ကျော် ကြည့်ရှုခဲ့ကြပြီး ၂၀ ရာစုကာလ၏ အရေးပါသော အဖြစ်အပျက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ထိုအချိန်မှစ၍ လူတို့၏ အာရုံကျရာသည် အခြားနယ်ပယ်များသို့ အများအားဖြင့် ရွေ့သွားခဲ့သည်။[၃]
အမေရိကန်ပြည်ထောင်စုတွင် အာကာသလွန်းပျံယာဉ် 'ချဲလင်ဂျာ' ပေါက်ကွဲမှုဖြစ်စဉ် သည် ၁၉၈၆ တွင် ကပ်ဆိုးသဖွယ်ဖြစ်ပျက်ခဲ့ရပြီး လူလိုက်ပါသော လွန်းပျံယာဉ်လွှတ်တင်မှုများ စတင်ကျဆင်းခဲ့ရသည်။ ထိုအဖြစ်အပျက်ပြီးနောက် နာဆာက အာကာသလွန်းပျံယာဉ်များကို ဘေးအန္တရာယ်လုံခြုံမှုအကြောင်းများဖြင့် ၁၉၈၈ အထိ ပိတ်သိမ်းခဲ့သည်။[၄] ၁၉၉၀ နှစ်များအတွင်း အာကာသဆိုင်ရာ အစီအစဉ်များအတွက် ရန်ပုံငွေရှာဖွေခြင်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။ အကြောင်းမှာ ယခု မရှိတော့သော ဆိုဗီယက်အကာသ(စခန်း) နှင့် နာဆာ တို့ကြား တိုက်ရိုက်ယှဉ်ပြိုင်မှု မရှိတော့ခြင်းဖြစ်သည်။
တစ်ဖက်တွင် ၁၉၉၀ ကာလများမှ စတင်၍ အာကာသ လွှတ်တင်ခြင်းများ၌ ပါဝင်ရန်အတွက် နိုင်ငံအစိုးရများစွာနှင့် စီးပွားရေးအကျိုးအမြတ်များ ပါဝင်လာသည်အထိ ကျယ်ပြန်ခဲ့သည်။ သာမန်ပြည်သူပြည်သားတို့၏ အာကာသ စူးစမ်းခြင်းနှင့် ဆက်နွယ်နည်းပညာရပ်များ အပေါ်ထားရှိသည့် အမြင်များမှာ ဤသို့ အာကာသဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသည် အဆန်းတကျယ်မဟုတ်တော့သည့် အမြင်များဖြစ်လာကြသည်။
နာဆာသည် အမေရိကန် လွန်းပျံယာဉ်များကို ၂၀၁၁ ၌ မပျံသန်းရဟူ၍ ပိတ်သိမ်းခဲ့သည်။ ထိုစဉ်ကာလမှစ၍ နိုင်ငံတကာ အာကာသစခန်းသို့ အမေရိကန် အာကာသယာဉ်မှူးများခေါ်ဆောင်ရန် ရုရှားအပေါ်တွင် မှီခိုခဲ့ရသည်။[၅]
မျက်မှောက်ကာလ
[ပြင်ဆင်ရန်]၂၁ ရာစုအစောပိုင်းတွင် အစိုးရမဟုတ်သော ကိုယ်ပိုင် (ကုမ္ပဏီ/အဖွဲ့) အာကာသယာဉ်နယ်ပယ်ကို ထပ်တိုးတွန်းအားပေးကူညီရန်အတွက် 'အန်စာရီ အက်ခ်စ် ဆု' (Ansari X Prize) ပြိုင်ပွဲတစ်ခုကို ဖန်တီးခဲ့ကြသည်။ ၂၀၀၄ ၌ ထိုပြိုင်ပွဲအနိုင်ရသူ 'အာကာသယာဉ် တစ်' (lit - အာကာသ သင်္ဘော တစ်) (Space Ship One) သည် အစိုးရအဖွဲ့အစည်းမှ ကူညီထောက်ပံ့ထားခြင်းမရှိသော ပထမဆုံး အကာသယာဉ်ဖြစ်လာခဲ့သည်။[၆]
တိုင်းပြည်အနည်းငယ်၌ ယခုဆိုလျှင် အာကာသနှင့်ပတ်သက်သော အစီအစဉ်များရှိကြရာ ဆက်စပ်နည်းပညာ တီထွင်စွန့်စားလုပ်ကိုင်မှုများမှသည် အာကာသထဲသို့ အပြည့်အဝ လွှတ်တင်နိုင်သည်အထိ အစီအစဉ်များပါဝင်သည်။ [၇]ကမ္ဘာပတ်လမ်းထဲတွင် ဂြိုဟ်တုပေါင်း မြောက်မြားစွာပတ်လျက် ရှိပြီး သိပ္ပံနယ်ပယ်၊ စီးပွားရေးနယ်ပယ် ဂြိုဟ်တုများစွာလည်း ရှိကြကာ[၈] နိုင်ငံအချို့၌ အာကာသသို့ လူသားများ လွှတ်ရန်အစီအစဉ်လည်းပါရှိသည်။[၉][၁၀] ပြိုင်ပွဲအသစ်ဟုဆိုနိုင်သော ပြိုင်ဆိုင်မှုထဲသို့ ပါဝင်ယှဉ်ပြိုင်နေသော နိုင်ငံအချို့မှာ ပြင်သစ်၊ အိန္ဒိယ၊ တရုတ်၊ အစ္စရေးနှင့် ယူနိုက်တက်ကင်းဒမ်း တို့ဖြစ်ကြပြီး ယင်းနိုင်ငံအားလုံးတွင် လေ့လာရေး ဂြိုဟ်တုများရှိကြသည်။ အထက်ပါနိုင်ငံများကဲ့သို့မကျယ်ပြန့်သော်လည်း အာကာသအစီအစဉ်များရှိသော နိုင်ငံအနည်းငယ်တွင် ဘရာဇီး၊ ယူကရိန်းနှင့် စပိန် တို့ပါဝင်ကြသည်။[၁၁]
အမေရိကန်ပြည်ထောင်စု အာကာသအစီအစဉ်နီင့်ဆက်လျှင်း၍ နာဆာသည် လက်ရှိတွင် 'အရိုင်းယန်' (Orion) ဟုအမည်ပေးထားသော ယာဉ်မှူး(လူသား) လိုက်ပါစီးနင်းနိုင်သည့် (ဆေးတောင့်သဏ္ဌာန်) အာကာသယာဉ်အခန်း တစ်ခုကိုတည်ဆောက်လျက် ရှိသည်။ ဤယာဉ်အခန်းနှင့်အတူ နာဆာ၏ ပန်းတိုင်သည် လူသားများကို အင်္ဂါဂြိုဟ်ပေါ်သို့ ခေါ်ဆောင်ရန်ဖြစ်သည်။ အရိုင်းယန် အာကာသယာဉ်ကို ၂၀၂၀ အစောပိုင်းနှစ်များ၌ ပြီးစီးရန် မျှော်လင့်ထား၏ ။ ဤခရီးစဉ်သည် အာကာသစူးစမ်းလေ့လာခြင်း၏ ကန့်လန့်ကာအသစ်တစ်ခု (ခေတ်သစ် တစ်ခေတ်) ၏ အစဟူ၍လည်း နာဆာက မျှော်လင့်ထားသည်။ [၁၁]
လက်ရှိအာကာသခေတ်ကို အကျိုးသက်ရောက်စေသော အခြားအဓိကကျသည့် အချက်တစ်ခုမှာ အာကာသယာဉ်များ ပုဂ္ဂလိကသဘောပိုင်ဆိုင်ခြင်းဖြစ်ပေသည်။ အဓိက ကုမ္ပဏီကြီးနှစ်ခုမှာ 'ဘိုးယင်း' (Boeing) နှင့် 'စပေ့စ်အက်ခ်စ်' (SpaceX) ကုမ္ပဏီများဖြစ်ကြပြီး သုတေသနနီင့် တီထွင်ဆန်းသစ်ခြင်းအပိုင်းများ၌ ခြေလှမ်းကြဲကြဲဖြင့် လုပ်ဆောင်နေကြ၏ ။ စပေ့စ်အက်ခ်စ် ပိုင်ရှင် အီးလောန် မာ့စ်ခ်က လူတစ်သန်းခန့်ကို အင်္ဂါဂြိုဟ်ပေါ်သို့ ပို့ဆောင်ရန်သည် ၎င်း၏ အဆုံးစွန် ပန်းတိုင်ဖြစ်သည်ဟု ဆိုထား၏ ။ ၂၀၁၈ တွင် ၎င်းကုမ္ပဏီ၏ အကြီးဆုံး ဒုံးပျံကို လွှတ်တင်ခဲ့ပြီး ယင်းပန်းတိုင်မျှော်မှန်းချက်သည် လက်တွေ့အခြေအနေနှင့် ပို၍ နီးကပ်လာခဲ့သည်။[၁၂] ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော 'ဘလူး အောရစ်ဂျင်' (Blue Origin)ကို အမေဇုံ (ကုမ္ပဏီ) (/အာဲမဇန်/ သို့ /အဲမဇောန်/) ပိုင်ရှင် ဂျက်ဖ် ဘေးဇို့စ် (Jeff Bezos) က ငွေကြေးထောက်ပံ့ပေးထား၍ ထိုကုမ္ပဏီက အာကာသခရီးသွားလာရေး၊ စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုများ လွှတ်တင်ခြင်း၊ နောက်ဆုံးအနေဖြင့် လနှင့် လအလွန် ခရီးစဉ်များ၌ အသုံးချရန် ဒုံးပျံယာဉ်များတည်ဆောက်ခြင်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက် ရှိသည်။[၁၃] ရစ်ချက် ဘရန်းဆန်၏ ကုမ္ပဏီ 'ဗာဂျင် ဂလဲခ်တစ်ခ်' (Virgin Galactic) သည်လည်း အာကာသခရီးသွားလာရေးအတွက် လွှတ်တင်နိုင်ရန် ယာဉ်များကို အာရုံထားတည်ဆောက်လျက် ရှိကြသည်။
အချိန်မှတ်တမ်း
[ပြင်ဆင်ရန်]ရက်စွဲ | ပထမ ... | ခရီးစဉ် | လူပုဂ္ဂိုလ်(များ) | နိုင်ငံ |
---|---|---|---|---|
၁၉၄၄ ဇန် ၂၀ | အာကာသ၌ ပထမဆုံး လူလုပ်အရာဝတ္ထု၊ ကားမာန်မျဉ်း အလွန်သို့ ရောက်ရှိ | V-2 ဒုံးပျံ၊ အစမ်းပျံသန်းခြင်း | – မရှိ | ဂျာမနီ |
၁၉၄၆ အောက်တိုဘာ ၂၄ | အာကာသမှ ဓာတ်ပုံများ (၁၀၅ ကီလိုမီတာ)[၁၄][၁၅][၁၆] | သဲဖြူ ဒုံးနယ်မြေမှ ယူအက်စ် လွှတ်တင်သော V-2 ဒုံးပျံ၊ နယူးမက္ကဆီကိုပြည်နယ် | – မရှိ | အမေရိကန်ပြည်ထောင်စု |
၁၉၄၇ ဖေဖော်ဝါရီ ၂၀ | အကာသသို့ တိရစ္ဆာန်များ | သဲဖြူ ဒုံးနယ်မြေမီ ယူအက်စ် လွှတ်တင်သော V-2 ဒုံးပျံ၊ နယူးမက္ကဆီကို ၊ ၁၉၄၇ ဖေဖော်ဝါရီ ၂၀[၁၇][၁၈][၁၉] | - သစ်သီးစား ယင်ကောင်များ | အမေရိကန်ပြည်ထောင်စု |
၁၉၅၇ အောက်တိုဘာ ၄ | လူလုပ် ဂြိုဟ်တု | စပွတ်နစ် ၁ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၅၇ နိုဝင်ဘာ ၃ | ကမ္ဘာပတ်လမ်းတွင် တိရစ္ဆာန် | စပွတ်နစ် ၂ | 'လိုက်ကာ' ဟုခေါ်သော ခွေး | ဆိုဗီယက်ပြည်ထောင်စု |
၁၉၅၉ ဇန်နဝါရီ ၂ | လချဉ်းကပ်ယာဉ်၊ ပထမဆုံး ဟီးလီယိုစန်းထရစ်ခ် ပတ်လမ်းသို့ ရောက်ရှိခြင်း | လူန ၁ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၅၉ စက်တင်ဘာ ၁၂ | လမျက်နှာပြင်နှင့် ထိတွေ့ခြင်း၊ ထို့ကြောင့် လူသားပြုလုပ်သည့် အရာဝတ္ထုတစ်ခုသည် အာကာသရှိ အရာဝတ္ထုတစ်ခုကြီးတစ်ခုပေါ်သို့ ပထမဆုံး ရောက်ရှိသွားသောယာဉ်ဖြစ်လာခြင်း။ | လူန ၂ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၅၉ အောက်တိုဘာ ၇ | လ၏ ဝေးကွာသောဘက်အခြမ်းမှ ဓာတ်ပုံများ | လူန ၃ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၁ ဧပြီ ၁၂ | အာကာသသို့ ပထမဆုံး လူသား | ဗော့စတော့ ၁ | ယူရီ ဂါဂါရင် | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၁ မေ ၅ | လူလိုက်ပါသော အာကာသယာဉ်ကို လူထိန်းချုပ်မောင်းနှင်၍ အနေအထားတစ်ခုသို့ဖြစ်စေရန် ပြုလုပ်ခြင်းနှင့် ယာဉ်အတွင်း ယာဉ်မှူးနှင့်အတူ ပထမဆုံး လူသား၏ အာကာသ ခရီးစဉ်၊ ထို့ကြောင့် 'နိုင်ငံတကာ အာကာသ အဖွဲ့ချုပ်' အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပြီးပြည့်စုံသော ပထမဆုံး အာကာသယာဉ် ဖြစ်ခြင်း။[၂၀][၂၁] | ဖရီးဒမ်း ၇ | အလန် ရှက်ပါ့ဒ် | အမေရိကန်ပြည်ထောင်စု |
၁၉၆၂ ဒီဇင်ဘာ ၁၄ | အင်္ဂါဂြိုဟ် ချဉ်းကပ်ယာဉ် (အနီးဆုံး ရောက်ရှိသည်မှာ ၃၄,၇၇၃ ကီလိုမီတာ) | မာရစ်မာ ၂ | – မရှိ | အမေရိကန်ပြည်ထောင်စု |
၁၉၆၅ မတ် ၁၈ | အကာသတွင် လမ်းလျောက်ခြင်း | ဗော့စ်ဟော့ ၂ | အလက်ဇေး လီယွန်နာ့ဖ် | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၅ ဒီဇင်ဘာ ၁၅ | အာကာသ၌ ယာဉ်နှစ်စင်း တူညီသော ပတ်လမ်းတွင် အချိန်းအချက်လုပ်ဆောင်ခြင်း (ချိတ်ခြင်း၊ ဆင်းကပ်ခြင်း...) | ဂျက်မစ်နီ ၆အေ နှင့် ဂျက်မစ်နီ ၇ | ရှီးယာရား၊ စတဲဖာ့ဒ်၊ ဘော်မန်း၊ လပ်ဗာ | အမေရိကန်ပြည်ထောင်စု |
၁၉၆၆ ဖေဖော်ဝါရီ ၃ | အကာသယာဉ်သည် လပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ခြင်း | လူန ၉ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၆ မတ် ၁ | လူလုပ် အရာဝတ္ထု ပထမဆုံး အခြားဂြိုဟ်တစ်ခုနှင့် တိုက်မိခြင်း | ဗစ်နရာ ၃ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၆ မတ် ၁၆ | ယာဉ်နှစ်စီး ချိတ်ဆက်ခြင်း | ဂျက်မစ်နီ ၈ နှင့် အဂျီနာ တားဂစ် ယာဉ် | နေးလ် အမ်းစထရောင်း၊ ဒေးဗစ် စကော့ | အမေရိကန်ပြည်ထောင်စု |
၁၉၆၆ ဧပြီ ၃ | အခြားအကာသအရာဝတ္ထုမှ (လ/ဂြိုဟ်) လူလုပ် ဂြိုဟ်တု | လူန ၁၀ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၇ အောက်တိုဘာ ၁၈ | အခြားဂြိုဟ်တစ်ခု၏ လေထုအတွင်းမှ အချက်လက် ပေးပို့နိုင်သော ပထမဆုံး အာကာသယာဉ် | ဗစ်နရာ ၄ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၆၈ ဒီဇင်ဘာ ၂၁-၂၇ | လ၏ ဆွဲအားအတွင်းသို့ ပထမဆုံး ဝင်ရောက်နိုင်သော၊ ပတ်လမ်းတွင် ပတ်နိုင်သော ပထမဆုံးလူသားများ | အပိုလို ၈ | [ဘော်မန်း၊ လပ်ဗဲ၊ အန်ဒါစ် | အမေရိကန်ပြည်ထောင်စု |
၁၉၆၉ ဇူလိုင် ၂၀ | လပေါ်သို့ လူသားများ ဆင်းသက်၍ လမ်းလျောက်ခြင်း | အပိုလို ၁၁ | နေးလ် အမ်းစထရောင်း၊ ဘာ့ဇ် အယ်လ်ဒရင် | အမေရိကန်ပြည်ထောင်စု |
၁၉၇၀ ဒီဇင်ဘာ ၁၅ | အခြားဂြိုဟ်မျက်နှာပြင်မှ အချက်လက် ဖမ်းယူ၍ ထုတ်လွှင့်ပေးနိုင်ခြင်း | ဗစ်နရာ ၇ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၇၁ ဧပြီ ၁၉ | အာကာသစခန်း အသုံးပြုနိုင်ခြင်း | ဆဲလ်ယူးတ် ၁ | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၇၁ ဇွန် ၇ | နေထိုင်သော အာကသယာဉ်မှူး | ဆွိုင်းယူးဇ် ၁၁ (ဆဲလ်ယူးတ် ၁) | Georgy Dobrovolsky ၊ Vladislav Volkov ၊ Viktor Patsayev | ဆိုဗီယက်ပြည်ထောင်စု |
၁၉၇၆ ဇူလိုင် ၂၀ | အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ဓာတ်ပုံများ | ဗိုက်ကင်း ၁ | – မရှိ | အမေရိကန်ပြည်ထောင်စု |
၁၉၈၁ ဧပြီ ၁၂ | ပြန်လည်ပြင်ဆင်ထပ်မံအသုံးပြုနိုင်သော ပတ်လမ်း အာကာသယာဉ် | STS-1 | ဂျွန်ယန်း၊ ရောဘတ် ခရစ်ပန် | အမေရိကန်ပြည်ထောင်စု |
၁၉၈၆ ဖေဖော်ဝါရီ ၁၉ | နှစ်ရှည်ကြာခဲ့သည့် အာကာသစခန်း | မီယာအာကာသစခန်း | – မရှိ | ဆိုဗီယက်ပြည်ထောင်စု |
၁၉၉၀ ဖေဖော်ဝါရီ ၁၄ | နေအဖွဲ့အစည်းတစ်ခုလုံး၏ ဓာတ်ပုံ [၂၂] | ဗွိုင်ယေဂျာ ၁ | – မရှိ | အမေရိကန်ပြည်ထောင်စု |
၁၉၉၈ နိုဝင်ဘာ ၂၀ | လက်ရှိ အာကာသစခန်း | နိုင်ငံတကာ အာကာသစခန်း | – မရှိ | ရုရှား |
August 25, 2012 | လူလုပ် အာကာသစူးစမ်းယာဉ် ( ဂလက်ဆီအတွင်း) | ဗွိုင်ယေဂျာ ၁ | – မရှိ | အမေရိကန်ပြည်ထောင်စု |
၂၀၁၄ နိုဝင်ဘာ ၁၂ | ကြယ်တံခွန်တစ်ခုပေါ်သို့ ညင်သာစွာဆင်းရန် ရည်ရွယ်သည့် စူးစမ်းယာဉ် (en:67P/Churyumov–Gerasimenko)[၂၃] | ရိုဆက်တာ | – မရှိ | ဥရောပအာကာသအေဂျင်စီ |
၂၀၁၅ ဇူလိုင် ၁၄ | ၁၉၈၁ တွင် အသိအမှတ်ပြုထားသော ဂြိုဟ်ကိုးလုံးကို လေ့လာမည့် စူးစမ်းယာဉ်များ[၂၄] | နူးဟာရိုက်ဇန် | – မရှိ | အမေရိကန်ပြည်ထောင်စု |
၂၀၁၅ ဒီဇင်ဘာ ၂၀ | မြေပြင်ကွင်းတစ်ခုပေါ်သို့ ပတ်လမ်းပတ် ဒုံးပျံဘူစတာယာဉ် ဒေါင်လိုက် ဆင်းသက်ခြင်း [၂၅] | ဖော်လ်ကန် ၉ ၏ ဖလိုက် ၂၀ | – မရှိ | အမေရိကန်ပြည်ထောင်စု |
၂၀၁၆ ဧပြီ ၈ | ပင်လယ်မှ ရေပေါ်ကွင်းပေါ်သို့ ပတ်လမ်းဒုံးပျံ ဘူစတာယာဉ် ဒေါင်လိုက်ဆင်းသက်ခြင်း[၂၆] | SpaceX CRS-8 | – မရှိ | အမေရိကန်ပြည်ထောင်စု |
၂၀၁၇ မတ် ၃၀ | အသုံးပြုပြီးထားသော ပတ်လမ်း ဒုံးပျံ ဘူစတာယာဉ် လွှတ်တင်ခြင်းနှင့် ဒုတိယအကြိမ် ဆင်းသက်ခြင်း[၂၇] | SES-10 | – မရှိ | အမေရိကန်ပြည်ထောင်စု |
၂၀၁၉ ဇန်နဝါရီ ၃ | လ၏ အခြားအခြမ်းဘက်သို့ ယာဉ် ညင်သာစွာ ဆင်းသက်နိုင်ခြင်း | Chang'e 4 | – မရှိ | တရုတ်နိုင်ငံ |
၂၀၂၀ မေ ၃၀ | ပထမဆုံးအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက လူလိုက်ပါယာဉ်ကို လွှတ်တင်ခြင်း | SpaceX Demo-2 | ဘော့ဘန်ကန်၊ ဒါ့ခ် ဟားလီ | အမေရိကန်ပြည်ထောင်စု |
ပို၍စောသောခေတ်မှ အာကာသယာဉ်များ
[ပြင်ဆင်ရန်]အကာသခေတ်သည် ၁၉၅၇ အောက်တိုဘာ ၄ ရက်စွဲထက် အများအပြားပို၍စောသည်ဟု ယူဆနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဂျာမန်လုပ် V-2 ဒုံးပျံယာဉ်သည် အကာသ၌ ချိန်အားဖြင့် တိုတောင်းလှသော်လည်း အာကာသသို့ ပထမဆုံးဝင်ရောက်ခဲ့သော လူလုပ်ယာဉ်ဖြစ်သည်။[၂၈] အချို့ကလည်း ၁၉၂၆ မတ်လကို အာကာသခေတ်၏ အစဟူ၍ ယူဆကြရာ ထိုကာလတွင် အမေရိကန်နိုင်ငံသား ဦးဆောင်တီထွင်သူ ရောဘတ် အေးချ် ဂေါ့ဒါ့ဒ်သည် ကမ္ဘာ့ပထမဆုံး အရည်စနစ်သုံး လောင်စာဖြင့်မောင်းနှင်သော ဒုံးပျံကို တီထွင်ခဲ့ပြီး ထိုယာဉ်သည် အာကာသသို့ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။[၂၉]
ဂျာမန်တို့၏ V-2 ဒုံးယာဉ်ကို တိတ်တဆိတ်ဆောင်ရွက်ခဲ့သောကြောင့် ထိုအကြောင်းကို နှစ်ပေါင်းများစွာကြသည်အထိ အများပြည်သူများ သိရှိခြင်းမရှိခဲ့ပေ။ ဂျာမန်တို့နောက် ၁၉၄၀ နှောင်းပိုင်းနှင့် ၁၉၅၀ အစောပိုင်းကာလများ၌ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က သုတေသနဒုံးပျံယာဉ်များကို ဆောင်ရွက်ခဲ့ကြသော်လည်း ခေတ်တစ်ခေတ်ပေါ်ပေါက်လာနိုင်စေရန် လုံလောက်သည့် အရေးပါမှုမရှိဟုလည်း သတ်မှတ်ကြသည်။ အကြောင်းမှာ ထိုယာဉ်များသည် အာကာသပတ်လမ်းထဲ့သို့ မဝင်ရောက်နိုင်ခဲ့သောကြောင့်ဖြစ်၏ ။ အာကာသပတ်လမ်းထဲသို့ ဝင်ရောက်နိုင်သော စွမ်းအားပြည့် ဒုံးပျံတစ်စင်းကို ပိုင်ဆိုင်ခြင်း၏ အဓိပ္ပာယ်မှာ နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာဂြိုဟ်အတွင်းရှိ မည်သည့်နေရာကိုမဆို ဒုံးလက်နက်ပစ်ခတ်နိုင်သည်ဟု ဆိုလိုရာရောက်သည်။ တစ်နည်းဆိုရလျှင် တိုက်ချင်းပစ် ဒုံးလက်နက်များပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။ ထိုကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်ပြီးနောက် ကမ္ဘာမြေပေါ်တွင် နျူကလီးယားထိပ်ဖူးလက်နက်များအန္တရာယ်နှင့် ကင်းလွတ်သောနေရာမရှိဟူသော အချက်ကြောင့် အာကာသခေတ်စတင်ခဲ့သောအခါ အာကာသဆိုင်ရာ စည်းမျဉ်များ (ပတ်လမ်းဆိုင်ရာ စံစည်းမျဉ်းများ) ကို အများသဘောတူ သတ်မှတ်ခဲ့ကြသည်။[၃၀]
အခြားကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ McDougall၊ Walter A (Winter 2010)၊ "Shooting the Moon"၊ American Heritage.
- ↑ Garber၊ Steve။ Sputnik and The Dawn of the Space Age။ History။ NASA။ 18 November 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 May 2013 တွင် ပြန်စစ်ပြီး။
- ↑ National Aeronautics and Space Administration။ 1996-12-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-11-20 တွင် ပြန်စစ်ပြီး။
- ↑ Challenger: Shuttle Disaster That Changed NASA။ 4 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2018 တွင် ပြန်စစ်ပြီး။
- ↑ The New American Space Age: A Progress Report on Human SpaceFlight။ Aerospace Industries Association။ 25 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 March 2018 တွင် ပြန်စစ်ပြီး။
- ↑ SpaceShipOne: The First Private Spacecraft | The Most Amazing Flying Machines Ever။ 2015-11-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-11-27 တွင် ပြန်စစ်ပြီး။
- ↑ Global Space Programs | Space Foundation။ 2015-11-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-11-27 တွင် ပြန်စစ်ပြီး။
- ↑ Satellites - Active Satellites in Earth's Orbit။ 2016-10-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-11-27 တွင် ပြန်စစ်ပြီး။
- ↑ Japan Wants Space Plane or Capsule by 2022။ 2015-12-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-11-27 တွင် ပြန်စစ်ပြီး။
- ↑ India takes giant step to manned space mission။ 2015-11-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-11-27 တွင် ပြန်စစ်ပြီး။
- ↑ ၁၁.၀ ၁၁.၁ The New Space Race – Who Will Take the Lead?။ 2018-05-08 တွင် ပြန်စစ်ပြီး။
- ↑ "A NASA Astronaut Stays In Orbit With SpaceX And Boeing" (in en)၊ NPR.org။
- ↑ "Blue Origin: everything you need to know about the Amazon.com of space"၊ TechRadar။
- ↑ Chronology: Cowboys to V-2s to the Space Shuttle to lasers။ 13 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 May 2018 တွင် ပြန်စစ်ပြီး။
- ↑ Archived copy။ 2014-02-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-01-17 တွင် ပြန်စစ်ပြီး။
- ↑ Reichhardt၊ Tony။ First Photo From Space။ 4 May 2018 တွင် ပြန်စစ်ပြီး။
- ↑ Post War Space။ postwar.com။ 2011-07-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ The Beginnings of Research in Space Biology at the Air Force Missile Development Center, 1946–1952။ History of Research in Space Biology and Biodynamics။ NASA။ 25 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 January 2008 တွင် ပြန်စစ်ပြီး။
- ↑ V-2 Firing Tables။ White Sands Missile Range။ 25 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 January 2008 တွင် ပြန်စစ်ပြီး။
- ↑ Geek Trivia: A leap of fakes။ 5 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2016 တွင် ပြန်စစ်ပြီး။
- ↑ Manned Space Firsts။ 2013-10-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-06-30 တွင် ပြန်စစ်ပြီး။
- ↑ See Archived copy။ 2009-03-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-07-21 တွင် ပြန်စစ်ပြီး။ under "Extended Mission"
- ↑ Chang၊ Kenneth။ "European Space Agency's Spacecraft Lands on Comet's Surface"၊ Nov 12, 2014။ Nov 12, 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 2014-11-12။
- ↑ Talbert၊ Tricia (25 March 2015)။ New Horizons: The First Mission to the Pluto System and the Kuiper Belt။ 15 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 May 2018 တွင် ပြန်စစ်ပြီး။
- ↑ Chang၊ Kenneth။ "SpaceX Successfully Lands Rocket after Launch of Satellites into Orbit"၊ December 21, 2015။ December 22, 2015 တွင် ပြန်စစ်ပြီး။
- ↑ Drake၊ Nadia။ "SpaceX Rocket Makes Spectacular Landing on Drone Ship"၊ April 8, 2016။ April 8, 2016 တွင် ပြန်စစ်ပြီး။ Archived from the original on April 8, 2016။ "To space and back, in less than nine minutes? Hello, future."
- ↑ Grush၊ Loren။ "SpaceX makes aerospace history with successful landing of a used rocket"၊ The Verge၊ March 30, 2017။ March 30, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on March 30, 2017။
- ↑ Schefter၊ James (1999)၊ The Race: The Uncensored Story of How America Beat Russia to the Moon၊ New York, New York: Doubleday၊ pp. 3–49၊ ISBN 0-385-49253-7
- ↑ Goddard launches space age with historic first 85 years ago today။ 31 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-04-29 တွင် ပြန်စစ်ပြီး။
- ↑ Schefter၊ James (1999)၊ The Race: The Uncensored Story of How America Beat Russia to the Moon၊ New York, New York: Doubleday၊ pp. 3–49၊ ISBN 0-385-49253-7