မာတိကာသို့ ခုန်သွားရန်

အီလွန် မက်စ်

ဝီကီပီးဒီးယား မှ
Elon Musk
၂၀၂၅ ခုနှစ်တွင် တွေ့ရသော အီလွန် မက်စ်
မွေးဖွားElon Reeve Musk
(1971-06-28) ဇွန် ၂၈၊ ၁၉၇၁ (အသက် ၅၅)
ပရီတိုးရီးယား ၊ ထရန်စဗားနယ် ၊ တောင်အာဖရိကနိုင်ငံ
ဌာနေဘယ်လ်အဲ ၊ လော့စ်အိန်ဂျယ်လိစ်မြို့ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ အမေရိကန်ပြည်တောင်စု [၁][၂]
နိုင်ငံသား
မိခင်ကျောင်း
  • ကွင်း တက္ကသိုလ်
  • ပင်နဆင်ဗေးနီးယားတက္ကသိုလ်[၃][၄]
အလုပ်အကိုင်စွန့်ဦးတီထွင်သူ နှင့် ရင်းနှီးမြုပ်နှံသူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၅–လက်ရှိ
ကြွယ်ဝမှုUS$ 1.1 trillion

2026

[၅]
ဘွဲ့
  • SpaceX တည်တောင်သူ ၊ ဗိသုကာဒီဇိုင်း ခေါင်းဆောင်
  • Tesla, Inc ၏စီအီးအို
  • Neuralink ပူးတွဲတည်ဆောင်သူ ၊ စီအီးအို
  • ဘိုးရင်း တည်တောင်သူ
  • Zip2 ပူးတွဲတည်တောင်သူ
  • X.com (နောင် PayPal)တည်တောင်သူ
  • OpenAI ပူးတွဲတည်တောင်သူ
  • SolarCity ဥက္ကဋ္ဌ
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂိုလ
အိမ်ထောင်ဖက်(များ)
  • Justine Musk (လက်ထပ် 2000; ကွာရှင်း 2008)
  • Talulah Riley (လက်ထပ် 2010; ကွာရှင်း 2012)
    (m. 2013; div. 2016)[၆]
သားသမီး၆ဦး (တစ်ဦး ကွယ်လွန်)
မိဘ(များ)
  • Maye Musk (မိခင်)
  • Errol Musk (ဖခင်)
ဆွေမျိုးသားချင်း
  • Kimbal Musk (ညီ)
  • Tosca Musk (ညီမ)
  • Lyndon Rive (ဝမ်းကွဲ)
ရရှိသည့်ဆုများဗြိတိန် တော်ဝင်လူ့အဖွဲ့အစည်း အဖွဲ့ဝင်
လက်မှတ်
Elon Musk

အီလွန် မက်စ် (Elon Reeve Musk, ၂၈ ဇွန် ၁၉၇၁ မွေးဖွား) သည် စွန့်ဦးတီထွင်သူနှင့် ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်သည်။[၇][၈][၉] သူသည် တောင်အာဖရိက၊ ကနေဒါနှင့် အမေရိကန်နိုင်ငံသားဖြစ်ပြီး SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိနှင့် ခေါင်းဆောင်ဒီဇိုင်နာဖြစ်ပြီး[၁၀] Tesla ကုမ္ပဏီ၏ ထုတ်ကုန် ဗိသုကာပညာရှင်လည်းဖြစ်ကာ[၁၁] Paypal နှင့် Neuralink ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏စာရင်းတွင် ၂၁ ယောက်မြောက် ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။[၁၂] မတ်စ်ခ်သည် ၂၀၂၅ ခုနှစ်ကတည်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်လာခဲ့သူဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လအထိ ဖို့စ် (Forbes) မဂ္ဂဇင်း၏ ခန့်မှန်းချက်အရ ၎င်း၏ အသားတင်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ထရီလျံ ရှိသည်။ ၎င်းသည် အမေရိကန်ဒေါ်လာတန်ဖိုးဖြင့် တွက်ချက်မှုအရ ကမ္ဘာ့ပထမဆုံးနှင့် တစ်ဦးတည်းသော ထရီလျံနာ ဖြစ်သည်။

အီလွန် မက်စ်ကို ကနေဒါသူ မိခင်နှင့် တောင်အာဖရိကသား ဖခင် တို့မှ ၁၉၇၁ ဇွန် ၂၈ တွင် ဖွားမြင်ခဲ့သည်။ မက်စ် သည် သူ၏ ငယ်စဉ်ဘဝကို တောင်အာဖရိကနိုင်ငံ ၊ ပရီတိုးရီးယားဒေသ ၌ ကုန်ဆုံးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် ကနေဒါနိုင်ငံသို့ ရွေ့ပြောင်းခဲ့ကာ Queen's University သို့ တက်ရောက်ခဲ့ကာ ၂ နှစ်ကြာသော် ပင်နဆင်ဗေးနီးယားတက္ကသိုလ်သို့ ပြောင်းခဲ့သည်။ စတန်းဖို့တက္ကသိုလ်တွင် အသုံးချရူပဗေဒနှင့်သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို တက်ရောက်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းအတွက် ထွက်လိုက်သည်။ မက်စ်သည် X.com ဟူသော အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယင်းအား eBay မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် ဝယ်ယူလိုက်သည်။ ယင်းသည် နောင်တွင် နာမည်ကြီး အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်း PayPal ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ် မေလတွင် SpaceX ဟူသော လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေးနှင့် အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအား ထူထောင်လိုက်သည်။ သူသည် လျှပ်စစ်ကားများ ထုတ်လုပ်သော Tesla ကုမ္ပဏီအားလည်း ထောက်ပံ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထုတ်ကုန်ဗိသုကာရှင် ဖြစ်လာခဲ့ပြီး ၂၀၀၈ အောက်တိုဘာလတွင် CEO ဖြစ်လာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် မက်စ်သည် SolarCity ဟူသည့် နေရောင်ခြည်စွမ်းအင်သုံး ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (ယခုတက်စလာ၏လက်အောက်ခံကုမ္ပဏီ)အား ထူထောင်ခဲ့သည်။ ၂၀၁၅ တွင် မက်စ် သည်အကျိုးအမြတ်မယူသည့်သုတေသနကုမ္ပဏီဖြစ်သော OpenAI ကိုပူးတွဲတည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သောဉာဏ်ရည်တုကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် သူသည် ဉာဏ်ရေးတု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ်ဆောင်နေသော Neuralink ကုမ္ပဏီ ကိုပူးတွဲတည်ထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အဆောက်အဦနှင့် လှိုဏ်ခေါင်းဖောက် ကုမ္ပဏီ ဘိုရင်းကုမ္ပဏီအားလည်း ထူထောင်လိုက်သေးသည်။ မက်စ် သည် သူ၏ ပင်မစီပွားရေး လုပ်ငန်းများ အပြင် Hyperloop ဟု ခေါ်သော မြန်နှုန်းမြင့် သယ်သူပို့ဆောင်ရေး စနစ် ကို အောင်မြင်ဖို့ရာ မျှော်လင့်နေသည်။ Hpyerloop သည် တစ်ဖြောင့်တည်း ရှိနေသော (သို့မဟုတ်) အထူးပြုထားသော ပြွန်ခေါ် အထူးကြီးမားသော ပိုက်ကြီးမှ အတွင်းမှ ဖိအား တစ်ခုကို အသုံးချကာ လူလိုက်ပါနိုင်သော ယာဉ်ကို အထူးမြန်နှုန်းဖြင့် တွန်းပို့နိုင်သော ခေတ်သစ် သယ်ယူပို့ဆောင်ရေး စနစ် တစ်မျိုးဖြစ်သည်။

မတ်စ်ခ် (Musk) သည် ကမ္ဘာတစ်ဝန်းရှိ လက်ယာစွန်းနိုင်ငံရေး (Far-right politics)၊ လက်ယာစွန်းနိုင်ငံရေးသမားများနှင့် ပါတီများကို ထောက်ခံအားပေးသူတစ်ဦး ဖြစ်သည်။ ၎င်းသည် ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့သည့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အလှူငွေအများဆုံး ထည့်ဝင်ခဲ့သူ ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထရမ့်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မတ်စ်ခ်သည် သမ္မတ၏ အကြီးတန်းအကြံပေးအဖြစ်လည်းကောင်း၊ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ အမှန်တကယ် ဦးဆောင်မောင်းနှင်သူ (de facto head) အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် သမ္မတထရမ့်နှင့် လူသိရှင်ကြား အခြေအတင် အငြင်းပွားမှုများ မဖြစ်ပွားမီ မရှေးမနှောင်း၊ ၂၀၂၅ ခုနှစ် မေလတွင် မတ်စ်ခ်သည် ထရမ့်အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး ၎င်း၏ ကုမ္ပဏီများကို ပြန်လည်ဦးစီးလုပ်ကိုင်ခဲ့သည်။

သူသည် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန် လိုလားသူဖြစ်ပြီး လူသားမျိုးနွယ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှာ ရှောင်လွဲနိုင်ရန်အတွက် အင်္ဂါဂြိုဟ်တွင် ကိုလိုနီနယ်ချဲထွင်ရန် နှင့် ကျွန်ပြုရန် ရည်မှန်းထားသူလည်းဖြစ်သည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ "Billionaire Tesla CEO Elon Musk Buys Neighbor's Home in Bel Air For Million"၊ Forbes။ November 1, 2013 တွင် ပြန်စစ်ပြီး။
  2. ↑ "Inside Elon Musk's M Bel Air Mansion"၊ Bloomberg News။ August 21, 2013 တွင် ပြန်စစ်ပြီး။ Archived from the original on February 7, 2015။
  3. ↑ Hull၊ Dana။ "Timeline: Elon Musk's accomplishments"၊ April 11, 2014။ June 11, 2015 တွင် ပြန်စစ်ပြီး။
  4. ↑ Zanerhaft၊ Jaron (2013)။ Elon Musk: Patriarchs and Prodigies။ C-Suite Quarterly။ June 11, 2015 တွင် ပြန်စစ်ပြီး။
  5. ↑ Elon Musk။ Forbes။ July 14, 2020 တွင် ပြန်စစ်ပြီး။
  6. ↑ "Actor Talulah Riley files to divorce billionaire Elon Musk, again"၊ The Guardian၊ March 21, 2016။ April 20, 2016 တွင် ပြန်စစ်ပြီး။ ""The pair first married in 2010 and divorced in 2012. They remarried 18 months later.""
  7. ↑ Curtis၊ Sophie။ "Elon Musk 'to launch fleet of internet satellites'"၊ The Daily Telegraph၊ November 10, 2014။ June 23, 2015 တွင် ပြန်စစ်ပြီး။ ""Elon Musk, inventor and business magnate""
  8. ↑ Vance၊ Ashlee (September 13, 2012)။ Elon Musk, the 21st Century Industrialist။ April 26, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 23, 2015 တွင် ပြန်စစ်ပြီး။
  9. ↑ Engineer in Focus: Elon Musk။ asme.org။ November 4, 2015 တွင် ပြန်စစ်ပြီး။
  10. ↑ Elon Musk (in en) (March 27, 2017)။ 31 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 17, 2017 တွင် ပြန်စစ်ပြီး။
  11. ↑ Elon Musk | Tesla။ 2018-09-07 တွင် ပြန်စစ်ပြီး။
  12. ↑ "The World's Most Powerful People"၊ December 2016။ December 14, 2016 တွင် ပြန်စစ်ပြီး။
  13. ↑ Ross Andersen (September 30, 2014)။ Elon Musk puts his case for a multi-planet civilisation။ 13 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 21, 2016 တွင် ပြန်စစ်ပြီး။