မာကျူရီ ၃

ဝီကီပီးဒီးယား မှ
မာကျူရီ ၃

၁၉၆၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မာကျူရီ ၃ (အင်္ဂလိပ်: Mercury-Redstone 3) အမေရိကန် အာကာသ လွန်းပြန်ယာဉ်သည် အာကာသသို့ ပထမဦးဆုံးအနေဖြင့်စတင် ခရီးနှင်ခဲ့သည်။ အဆိုပါလွန်းပြန်ယာဉ်တွင် အာကာသယာဉ်မှူး Alan Shepard လိုက်ပါခဲ့သည်။ ၎င်းယာဉ်သည်အလေးချိန် ၄ ဒသမ ၂၆၅ ပေါင်ရှိပြီး တစ်နာရီလျှင် မိုင် ၅၁၀၀ အရှိန်နှုန်းဖြင့် အမြင့် ၁၁၅ မိုင်သို့ ခရီးဆန့်နိုင်ခဲ့သည်။ မာကျူရီ ရှိအကာသယာဉ်မှူးများက ယခုလွန်းပြန်ယာဉ်အား (Freedom 7) ဟုအမည်ပေးထားပြီးစတင်လွှတ်တင်ခဲ့သည်။ Cape Canaveral မှ မိုင်ပေါင်း ၃၀၀ ဝေးသော အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ပြန်လည်ဆင်းသက်ခဲ့သည်။ မာကျူရီ ၃ အတွက်စုစုပေါင်းပေါင်း ခရီးစဉ်မှာ ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပေသည်။