နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများသည် ၂၀၁၀ခုနှစ် အောက်တိုဘာလ၂၁ရက်နေ့က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) သီဟသူရတင်အောင်မြင့်ဦးမှ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သော နည်းဥပဒေများဖြစ်သည်။ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးကာ ပြဋ္ဌာန်းလိုက်သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့်အတူ ထုတ်ပြန်ထားခြင်းဖြစ်သည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နည်းလမ်းတကျဖြစ်စေရန် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပါ လုပ်ပိုင်ခွင့်နှင့်အညီ ထုတ်ပြန်ထားသော နည်းဥပဒေများဖြစ်သည်။[၁]
အခန်း (၁)
[ပြင်ဆင်ရန်]အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်
[ပြင်ဆင်ရန်]၁။ ဤနည်းဥပဒေများကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းပဒေများတွင် ပါရှိသော စကားရပ်များသည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။
အခန်း (၂)
[ပြင်ဆင်ရန်]နိုင်ငံတော်အထိမ်းအမှတ်တံတိပ်ကို အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ
[ပြင်ဆင်ရန်]၃။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို-
- (က) နိုင်ငံတော်သမ္မတရုံးအဆောက်အအုံ၌ တပ်ဆင်အသုံးပြုနိုင်သည်။
- (ခ) နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသော ယာဉ်များ၌ အသုံးပြုနိုင်သည်။
- (ဂ) ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အဆောက်အအုံများ၊ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၏ရုံးများ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အဆောက်အအုံများတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်း၏ရုံးများ၊နေပြည်တော်ကောင်စီရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။
- (ဃ) ဝန်ကြီးဌာနအသီးသီးနှင့် ယင်း၏လက်အောက်ရှိ ဝန်ထမ်းရုံးအဆင့်ဆင့်တွင်လည်းကောင်း၊တရားရုံးအဆင့်ဆင့်တွင်လည်းကောင်း၊ပြည်ထောင်စုအစိုးရအဖွဲ့မှ တပ်ဆင်ရန်ခွင့်ပြုထားသော ဌာန၊အဖွဲ့အစည်းများ၏ ရုံးများတွင်လည်းကောင်း တပ်ဆင်အသုံးပြုနိုင်သည်။
- (င) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သံရုံးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။
- (စ) နိုင်ငံတော်ဧည့်ခံအခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များက ပြုလုပ်သောအခမ်းအနားများတွင် အသုံးပြုသော ပစ္စည်းများတွင် ရိုက်နှိပ်၍ အသုံးပြုနိုင်သည်။
- (ဆ) နိုင်ငံတော်ထုတ်ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင် ရိုက်နှိပ်၍အသုံးပြုနိုင်သည်။
- (ဇ) နိုင်ငံတော်သမ္မတကခွင့်ပြုထားသော အဖွဲ့အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း အသုံးပြုနိုင်သည်။
- (ဈ) ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရမှခွင့်ပြုထားသော ဌာန၊အဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများပေါ်တွင် ရိုက်နှိပ်အသုံးပြုနိုင်သည်။
- (ည) နိုင်ငံတော်အစည်းအဝေးများနှင့် အခမ်းအနားများတွင် အသုံးပြုနိုင်သည်။[၁]
အခန်း (၃)
[ပြင်ဆင်ရန်]အထွေထွေ
[ပြင်ဆင်ရန်]နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ (၁၉၇၄ခုနှစ် ပြည်သူ့လွှတ်တော်နည်းဥပဒေများ အမှတ်၂)ကို ဤနည်းဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ) သီဟသူရတင်အောင်မြင့်ဦး
အတွင်းရေးမှူး (၁)
နိုင်ငံတော်အေးချမ်းသာယာရေးနင့်ဖွံ့ဖြိုးရေးကောင်စီ
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့် နည်းဥပဒေများ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။