ချမ်းမြေ့မောင်ချို
ချမ်းမြေ့မောင်ချို | |
---|---|
၂၀၁၉ မတ်လက သူမ၏ ဖျော်ဖြေပွဲ | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | ချမ်းမြေ့မောင်ချို |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၂၀ စက်တင်ဘာ၊ ၁၉၉၉
ဂီတဟန် | ပေါ့ပ်ဂီတ |
အလုပ်အကိုင် | အဆိုတော်၊ တေးရေး |
တူရိယာ | အဆို • ဂစ်တာ |
ချမ်းမြေ့မောင်ချို (၂၀ စက်တင်ဘာ ၁၉၉၉ မွေးဖွား) သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်သည်။ Myanmar Idol ၏ တတိယရာသီတွင် ဒုတိယရခဲ့ပြီးနောက် ထင်ရှားကျော်ကြားလာခဲ့သည်။[၁][၂]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ချမ်းမြေ့မောင်ချိုကို ၁၉၉၉ စက်တင်ဘာ ၂၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် သင်္ဘောသားမောင်မောင်ချိုနှင့် ၁၉၉၀ ဆယ်စုနှစ်တွင် ကျော်ကြားခဲ့သော အဆိုတော် အိအိတို့၏ အငယ်ဆုံးသမီးဖြစ်၍ အစ်ကိုဖြစ်သူ သူရမောင်ချိုမှာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှအထက်တန်းပညာ ပြီးစီးခဲ့ပြီး ဒဂုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်သင်ကြားလျက်ရှိသည်။[၃]
အလုပ်အကိုင်
[ပြင်ဆင်ရန်]အလုပ်အကိုင်အစ
[ပြင်ဆင်ရန်]မောင်ချိုသည် ၁၀ နှစ်သမီးအရွယ်တွင် သီချင်းများ စတင်သီဆိုခဲ့၏ ။ ပြန်ဆိုသီချင်းများကို သူမ၏ ကိုယ်ပိုင်စာသားများဖြည့်စွက်၍ ထည့်သွင်းသီဆိုခဲ့သည်။ ကိုယ်ပိုင်ဗီဒီယိုအတိုများကို ဖန်တီးခဲ့ပြီး (ယခင်အဆိုတော်များ၏)အချို့သီချင်းများပြန်ဆိုကာ လူမှုကွန်ယက်တွင် ဖြန့်ချိခဲ့သည်။ စင်္ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် သွားရောက်လည်ပတ်စဉ်က လမ်းများပေါ်တွင် သီချင်းဆိုခြင်း အတွေ့အကြုံများ ရှိခဲ့သည်။ ကျောင်းပွဲများ၌ ပါဝင်ခဲ့ပြီး သူမ၏ဆရာသမားများ၊ သူငယ်ချင်းများအတွက်လည်း သီဆိုပေးမှုများရှိခဲ့သည်။[၃]
အသက် (၁၈) နှစ်အရွယ် (၂၀၁၇) ခုနှစ်တွင် မိခင်နှင့်အတူတွဲဖက်၍ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ထက်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် သူမ၏ ပထမဆုံးစိန်ခေါ်မှုဖြစ်သော Myanmar Idol တတိယရာသီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၃]
၂၀၁၉- လက်ရှိ: တစ်ကိုယ်တော် လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၂၀၁၉ ခုနှစ်တွင် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ဖြစ်သည့် အိပ်မက် သီချင်းကို[၄] ဖြန့်ချိခဲ့ပြီး JOOX နားထောင်သူများအကြား လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။[၅]
သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် Eleven ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၆] [၇]
တေးသီချင်းနှင့်အခွေများ
[ပြင်ဆင်ရန်]တစ်ကိုယ်တော်အယ်လ်ဘမ်များ
[ပြင်ဆင်ရန်]Eleven ဟု နာမည်ပေးထားပြီး တေးသီချင်း (၁၁)ပုဒ်ပါဝင်သော သူမ၏ ပထမဆုံးတေးစီးရီးအခွေအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ပြီး သီချင်းအသစ် ၇ ပုဒ်ပါဝင်သည်။ တေးစီးရီးတွင် ပြိုင်ပွဲတုန်းက သူမကိုပရိသတ်များမှတ်မိစေခဲ့သည့် သီချင်းများနှင့် သူမ၏အမေအဆိုတော် အိအိ ၏ သီချင်းများပါဝင်သည်။
တေးစီးတွင် ပါဝင်သောသီချင်းများ-
- King
- သင့်အတွက်မနက်ဖြန်
- သူ့ကိုအချစ်ဆုံးပဲ
- မြတ်မြတ်နိုးနိုး
- ဒဏ္ဍာရီ
- Loser
- ရွာသာရွာပါမိုး
- ချစ်သောမောမြေ
- ရေတစ်လှည့်မီးတစ်လှည့်
- ထွက်သွားတော့
- မောင်နားလည်ပေးပါ
တစ်ကိုယ်တော်သီချင်းဖြန့်ချိမှု
[ပြင်ဆင်ရန်]- အိပ်မက် (၂၀၁၉) တေးရေး - ဝေကြီး
- Falling (၂၀၂၀) တေးရေး - Daniel Saw
စုံတွဲသီဆိုမှုများ
[ပြင်ဆင်ရန်]- အိပ်မက်ထဲမှာဆုံချင်တယ် (၂၀၁၈) စည်သူလွင်နှင့်အတူ
- We are one (၂၀၁၉) Y3llO နှင့်အတူ
- အချစ်ရှိသောနေ့စွဲများ (၂၀၁၉) မျိုးကျော့မြိုင်နှင့်အတူ
- အိမ်ပြန်ချိန် (၂၀၂၀) PAST12/Daniel Saw တို့နှင့်အတူ
- အငွေ့အသက်များ (၂၀၂၀) Ah Boyနှင့်အတူ
တေးရေး-သားသား
- သမီးချော့တေး (၂၀၂၀) အိအိနှင့်အတူ
တေးရေး-ဖိုးစည်
- Virus (၂၀၂၀)
Esther Dawt Chin Sung , Benjamin Sum , Saw Htet Naing Soe , David Lai တို့နှင့်အတူ တေးရေး-စောထက်နိုင်စိုး
သီချင်းဟောင်း ပြန်လည်သီဆိုမှု
[ပြင်ဆင်ရန်]- မွန်တို့ဌာနေ (၂၀၂၀)
- စွယ်တော်နှလုံးသား (၂၀၂၀၊ မိခင်ဖြစ်သူ တေးသံရှင် အိအိနှင့်အတူသီဆိုသည်။
- မောင်ဘဦး (၂၀၂၀)
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ထူးထူးခြားခြားတဦးတည်းပြိုင်ပြီး Winner ဖြစ်ခဲ့ရတဲ့ Myanmar Idol Season 3 ရဲ့ Final ည" (in my)၊ The Irrawaddy၊ 12 August 2018။
- ↑ "ချမ်းမြေ့မောင်ချိုလာရောက် မယှဉ်ပြိုင်သဖြင့် Myanmar Idol Season 3 Winner ဆု ဖြိုးမြတ်အောင် ရရှိ" (in my)၊ The Myanmar Times၊ 11 August 2018။ 2 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 25 September 2019။
- ↑ ၃.၀ ၃.၁ ၃.၂ "အားပေးရကျိုးနပ်အောင် ကြိုးစားမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို" (in my)၊ Mizzima၊ 17 January 2019။
- ↑ "Myanmar Idol တေးသံရှင် ချမ်းမြေ့မောင်ချိုရဲ့ သီချင်းသစ်-အိပ်မက် (ရုပ်သံ)" (in my)၊ Democratic Voice of Burma၊ 1 March 2019။
- ↑ "ပထမဆုံးတစ်ကိုယ်တော်သီချင်းအတွက် စိတ်လှုပ်ရှားနေတဲ့ ချမ်းမြေ့မောင်ချို" (in my)၊ 7Day News၊ 1 March 2019။ 2 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 25 September 2019။
- ↑ "ချမ်းမြေ့မောင်ချို၏ ELEVEN တေးစီးရီးသစ် မိတ်ဆက်(ဓာတ်ပုံ)" (in my)၊ Democratic Voice of Burma၊ 23 December 2019။ 2 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 1 January 2020။
- ↑ "မြန်မာအိုင်ဒေါတေးသံရှင် ချမ်းမြေ့မောင်ချို တကိုယ်တော် အယ်လ်ဘမ်ထွက်မည်" (in my)၊ Democratic Voice of Burma၊ 12 December 2019။