တူရိယာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တူရိယာဟူသည်မှာ သာယာ‌သောအသံများ ထွက်‌ပေါ်လာ ‌အောင် တီးအပ်မှုတ်အပ်‌သော ကရိယာဖြစ်သည်။ တီးခြင်း မှုတ်ခြင်းကိုအ‌ခြေပြု၍ တူရိယာကို ပိုင်းခြားကြည့်လျှင် တီးရ‌သော တူရိယာ မှုတ်ရ‌သော တူရိယာဟူ၍ နှစ်မျိုးရနိုင် သည်။ အတီးနှင့်ဆိုင်‌သော တူရိယာတို့မှာ ဗုံ၊ ‌စောင်း‌ကောက်၊ ပတ္တလားစသည်တို့ဖြစ်သည်။ အမှုတ်နှင့်ဆိုင်‌သော တူရိယာ တို့မှာ နှဲ၊ ‌ပလွေ စသည်တို့ဖြစ်သည်။

သို့ရာတွင် အ‌နောက်တိုင်းသားတို့အလိုမှာ ခတ်၍အသံမြည် ‌သော တူရိယာ၊ မှုတ်၍အသံမြည်‌သော တူရိယာ၊ တီး၍အသံ မြည်‌သောတူရိယာဟူ၍ သုံးမျိုးခွဲခြားထားသည်။ ကြိုးတစ် ‌ချောင်းကို တင်းတင်းဆွဲ၍ လက်ဖြင့်ခတ်လျှင် ကြိုး၏တုန်ခါ မှု‌ကြောင့် အသံမြည်သည်။ ကျူရိုးကို တစ်ဘက်ပိတ်၍ ‌လေကို မှုတ်လျှင်လည်း ‌လေ၏တုန်ခါမှု‌ကြောင့် အသံမြည်သည်။ အိုး တစ်ခု၏ အဝတွင် သား‌ရေကိုကျက်၍ ထိုသား‌ရေကို လက်ဖြင့် တီးလျှင် တင်း‌နေ‌သောသား‌ရေ၏ တုန်ခါမှုကြောင့် အသံမြည် သည်။ ဤသဘာဝကို စွဲ၍ ကြိုးတပ်တူရိယာ၊ ‌လေမှုတ်တူရိ ယာ၊ တီးခတ်တူရိယာဟု တူရိယာသုံးပါးကို ပြဆို‌ပေသည်။

အ‌နောက်နိုင်ငံ ကြိုးတပ်တူရိယာတို့တွင် စန္ဒရားသည် ကြိုး တပ်တူရိယာ အကြီးစားဖြစ်သည်။

စန္ဒရားအဖုံး ကိုဖွင့်ကြည့်လျှင် အက်ခြင်း၊ ကွဲခြင်း၊ လိမ်ခြင်းမရှိ‌သော သစ်သားအံ၏ မျက်နှာဝကို ဖြတ်၍ ‌ကြေးနန်းကြိုး များတင်း အောင် တပ်ဆင်ထားသည်ကို ‌တွေ့ရလိမ့်မည်။ စန္ဒရားလက်နှိပ် ခလုတ်ကို နှိပ်လိုက်‌သောအခါ အဖျားတွင် သား‌မွေးခံ‌သော ရိုက်တံသည် ထို‌ကြေးနန်းကြိုးကို လာ၍ရိုက်သည်။ ထိုအခါ တူရိယာသံဖြစ်‌ပေါ်လာသည်။ ကြိုးတပ် တူရိယာတစ်မျိုး ဖြစ်‌သော ‌စောင်း၌မူ တပ်ထား‌သောကြိုးမှာ သား‌ရေကြိုးဖြစ် သည်။ ‌ရှေး‌ခေတ် အီဂျစ်နိုင်ငံ၌ ‌တွေ့ရ‌သော ကြိုးတစ်‌ချောင်း တပ် ‌စောင်းမှသည် ‌ရှေး‌ခေတ် ဂရိ ‌ရောမနိုင်ငံတို့တွင် ‌တွေ့ရ ‌သော စန္ဒရား‌ကြေးနန်းကြိုးအ‌ရေအတွက် အတိုင်းရှိ‌သော သား‌ရေကြိုးတပ်ဆင်‌သော ‌စောင်းအထိအမျိုးမျိုးရှိကြသည်။

‌စောင်းအပြင် တ‌ယောမှာလည်း ကြိုးတပ်တူရိယာတွင် ပါဝင် သည်။ သို့‌သော် တ‌ယောကို ‌စောင်းတီးသကဲ့သို့ တီးရသည် မဟုတ်။ မြင်းမြီးဖြင့်ပြုလုပ်ထား‌သော လက်တံဖြင့်တ‌ယောကြိုး ကိုထိုးရသည်။ ထို့‌ကြောင့် ‌စောင်းတီးသည်။တ‌ယောထိုးသည်ဟု ‌ခေါ်ဆို၏။ အ‌နောက်နိုင်ငံ တူရိယာတို့တွင်တ‌ယောရိုးရိုးအပြင်၊ တ‌ယောလတ်၊ တ‌ယောကြီး ဗယ်သံတ‌ယောဟူ၍ ခွဲခြားထားသည်။

အခြားကြိုး တပ်တူရိယာတို့မှာ ဂီတာ၊ မယ်ဒလင်၊ ဘင်ဂျို၊ ဇစ်သာတို့ဖြစ်ကြသည်။

‌လေမှုတ်တူရိယာ၌ ‌ပလွေနှင့်နှဲတို့ပါဝင်ကြသည်။ အ‌နောက် နိုင်ငံသုံး အသံအလွန်‌သေး‌သော ‌ပလွေကို ပစ်ကိုလို ဟု‌ခေါ်သည်။ ခရာဟူသည်မှာ ပလွေတံရှည်ကို ရစ်‌ခွေထား‌သော ‌ပလွေတစ်မျိုးဖြစ် သည်။ ခရာရှည်ကြီးဟု‌ခေါ်‌သော ‌ပြွေတို့တွင် ‌ပြွေတံတစ်ခုထဲ တွင် အခြား‌ပြွေတံ အပိုတစ်ခုကို ထည့်သွင်းထား၍၊ ‌ပြွေမှုတ် သည့်အခါ လိုရာတူရိယာသံကို ဖြစ်‌စေခြင်းငှာ ‌ပြွေတံအပိုကို ဆွဲထုတ်ဆွဲသွင်းပြု၍ ‌ပြွေမှုတ်ရသည်။ ‌ပြွေနှင့်နှဲ ခြားနားချက်မှာ အခင်မပါဘဲမှုတ်၍ရသည့် တူရိယာကို ‌ပြွေဟု‌ခေါ်၍၊ အခင်နှင့် မှုတ်ရ‌သော တူရိယာမှာ နှဲဖြစ်သည်။

အ‌နောက် နိုင်ငံနှဲတို့တွင် အိုးဘို၊ ကလဲရီနက်၊ ဆက်ဆိုဖုန်းတို့သည် အများသိ‌သော တူရိယာဖြစ်‌လေသည်။

တီးခတ်တူရိယာတွင် အဓိကနှစ်မျိုးမှာ အ‌နောက်နိုင်ငံ စံနစ်အရ ဗုံနှင့်ဆည်းလည်းဖြစ်သည်။ ဆည်းလည်းဟူ‌သော အမျိုးအစားတွင် ဇိုင်လိုဖုန်း၊ လင်းကွင်းစသည်တို့ကို ထည့် သွင်းသည်။ တြိဂံ‌ခေါ် သုံး‌ထောင့်‌ကွေး သံ‌ချောင်းသည်လည်း ဆည်းလည်းနှင့် သ‌ဘောတူ‌သော တီးခတ်တူရိယာဖြစ်သည်။

မြန်မာ့စံနစ်အရမှာမူ တူရိယာကို ‌ကြေး၊ ကြိုး၊ သား‌ရေ၊ ‌လေ၊ လက်ခုပ်ဟူ‌သော ဆိုရိုးစကားအတိုင်း ‌ကြေးဖြင့် လုပ် ‌သောတူရိယာ၊ ကြိုးဖြင့်လုပ်‌သောတူရိယာ၊ သား‌ရေဖြင့်ကျက်၍ ရ‌သော တူရိယာ၊ ‌လေဖြင့်မှုတ်ရ‌သော တူရိယာ၊ လက်ခုပ်ကဲ့သို့ တီးရ‌သောတူရိယာဟူ၍ ငါးမျိုးပိုင်းခြားထားသည်။ မြန်မာ‌ကြေး တူရိယာများတွင် ‌ကြေးဝိုင်း၊ ‌မောင်းဆိုင်း၊ လင်းကွင်း၊ သံလွင် စသည်တို့ပါဝင်သည်။ ကြိုးတူရိယာတို့တွင် ‌စောင်း‌ကောက်မှာ အဓိကဖြစ်သည်။

မိ‌ကျောင်း၊ တ‌ယောနှင့် ဒုံမင်းတို့သည်လည်း ကြိုး တူရိယာများဖြစ်ကြ၏။သား‌ရေကျက်တူရိယာကား မြန်မာဆိုင်းဝိုင်းတွင် အခရာ ဖြစ်၏။

ဆိုင်းဝိုင်းတွင် ပတ်ဟု‌ခေါ်‌သော ဗုံ က‌လေးများပါဝင်သည်။ပတ်မကြီး၊ ဒိုး၊ စာခွံ့ စသည်တို့အပြင်အိုးစည်နှင့် စသည်တို့သည်လည်း မြန်မာတို့ အလွန်နှစ်သက် ‌သော သား‌ရေကျက်တူရိယာများဖြစ်ကြ၏။

မြန်မာသုံး ‌လေမှုတ်တူရိယာ၌ အရင်းခံဖြစ်‌သော ‌ပလွေနှင့်နှဲ တို့ ပါဝင်ကြသည်။ ဆိုင်းဝိုင်းအလို့ငှာ နှဲကြီး နှဲက‌လေးတို့ကို ထားရှိရသည်။

လက်ခုပ်ကား ဝါးဖြင့်လုပ်‌သော ဝါးလက်ခုပ်ပင်ဖြစ်သည်။ ဆိုင်းဝိုင်းကြီးပါလျှင် ဝါးလက်ခုပ် သုံး‌လေးလက် ထား‌ပေးရ သည်။ ဝါးလက်ခုပ်သ‌ဘောပါဝင်‌သော ချပ်၊ အုန်း‌မောင်း စသည်တို့လည်း ရှိ‌သေးသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)