မာတိကာသို့ ခုန်သွားရန်

ချမ်းမြေ့မောင်ချို

ဝီကီပီးဒီးယား မှ
ချမ်းမြေ့မောင်ချို
၂၀၁၉ မတ်လက သူမ၏ ဖျော်ဖြေပွဲ
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းချမ်းမြေ့မောင်ချို
မွေးဖွား (1999-09-20) ၂၀ စက်တင်ဘာ၊ ၁၉၉၉ (အသက် ၂၆)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
ဂီတဟန်ပေါ့ပ်ဂီတ
အလုပ်အကိုင်အဆိုတော်၊ တေးရေး
တူရိယာအဆို • ဂစ်တာ

ချမ်းမြေ့မောင်ချို (၂၀ စက်တင်ဘာ ၁၉၉၉ မွေးဖွား) သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်သည်။ Myanmar Idol ၏ တတိယရာသီတွင် ဒုတိယရခဲ့ပြီးနောက် ထင်ရှားကျော်ကြားလာခဲ့သည်။[][]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ချမ်းမြေ့မောင်ချိုကို ၁၉၉၉ စက်တင်ဘာ ၂၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် သင်္ဘောသားမောင်မောင်ချိုနှင့် ၁၉၉၀ ဆယ်စုနှစ်တွင် ကျော်ကြားခဲ့သော အဆိုတော် အိအိတို့၏ အငယ်ဆုံးသမီးဖြစ်၍ အစ်ကိုဖြစ်သူ သူရမောင်ချိုမှာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှအထက်တန်းပညာ ပြီးစီးခဲ့ပြီး ဒဂုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်သင်ကြားလျက်ရှိသည်။[]

အလုပ်အကိုင်

[ပြင်ဆင်ရန်]

အလုပ်အကိုင်အစ

[ပြင်ဆင်ရန်]

မောင်ချိုသည် ၁၀ နှစ်သမီးအရွယ်တွင် သီချင်းများ စတင်သီဆိုခဲ့၏ ။ ပြန်ဆိုသီချင်းများကို သူမ၏ ကိုယ်ပိုင်စာသားများဖြည့်စွက်၍ ထည့်သွင်းသီဆိုခဲ့သည်။ ကိုယ်ပိုင်ဗီဒီယိုအတိုများကို ဖန်တီးခဲ့ပြီး (ယခင်အဆိုတော်များ၏)အချို့သီချင်းများပြန်ဆိုကာ လူမှုကွန်ယက်တွင် ဖြန့်ချိခဲ့သည်။ စင်္ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် သွားရောက်လည်ပတ်စဉ်က လမ်းများပေါ်တွင် သီချင်းဆိုခြင်း အတွေ့အကြုံများ ရှိခဲ့သည်။ ကျောင်းပွဲများ၌ ပါဝင်ခဲ့ပြီး သူမ၏ဆရာသမားများ၊ သူငယ်ချင်းများအတွက်လည်း သီဆိုပေးမှုများရှိခဲ့သည်။[]

အသက် (၁၈) နှစ်အရွယ် (၂၀၁၇) ခုနှစ်တွင် မိခင်နှင့်အတူတွဲဖက်၍ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ထက်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် သူမ၏ ပထမဆုံးစိန်ခေါ်မှုဖြစ်သော Myanmar Idol တတိယရာသီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[]

၂၀၁၉- လက်ရှိ: တစ်ကိုယ်တော် လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]
အိပ်မက် သီချင်းကာဗာ

၂၀၁၉ ခုနှစ်တွင် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ဖြစ်သည့် အိပ်မက် သီချင်းကို[] ဖြန့်ချိခဲ့ပြီး JOOX နားထောင်သူများအကြား လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။[]

သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် Eleven ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[] []

တေးသီချင်းနှင့်အခွေများ

[ပြင်ဆင်ရန်]

တစ်ကိုယ်တော်အယ်လ်ဘမ်များ

[ပြင်ဆင်ရန်]

Eleven ဟု နာမည်ပေးထားပြီး တေးသီချင်း (၁၁)ပုဒ်ပါဝင်သော သူမ၏ ပထမဆုံးတေးစီးရီးအခွေအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ပြီး သီချင်းအသစ် ၇ ပုဒ်ပါဝင်သည်။ တေးစီးရီးတွင် ပြိုင်ပွဲတုန်းက သူမကိုပရိသတ်များမှတ်မိစေခဲ့သည့် သီချင်းများနှင့် သူမ၏အမေအဆိုတော် အိအိ ၏ သီချင်းများပါဝင်သည်။

တေးစီးတွင် ပါဝင်သောသီချင်းများ-

  1. King
  2. သင့်အတွက်မနက်ဖြန်
  3. သူ့ကိုအချစ်ဆုံးပဲ
  4. မြတ်မြတ်နိုးနိုး
  5. ဒဏ္ဍာရီ
  6. Loser
  7. ရွာသာရွာပါမိုး
  8. ချစ်သောမောမြေ
  9. ရေတစ်လှည့်မီးတစ်လှည့်
  10. ထွက်သွားတော့
  11. မောင်နားလည်ပေးပါ

တစ်ကိုယ်တော်သီချင်းဖြန့်ချိမှု

[ပြင်ဆင်ရန်]

စုံတွဲသီဆိုမှုများ

[ပြင်ဆင်ရန်]
  • အိပ်မက်ထဲမှာဆုံချင်တယ် (၂၀၁၈) စည်သူလွင်နှင့်အတူ
  • We are one (၂၀၁၉) Y3llO နှင့်အတူ
  • အချစ်ရှိသောနေ့စွဲများ (၂၀၁၉) မျိုးကျော့မြိုင်နှင့်အတူ
  • အိမ်ပြန်ချိန် (၂၀၂၀) PAST12/Daniel Saw တို့နှင့်အတူ
  • အငွေ့အသက်များ (၂၀၂၀) Ah Boyနှင့်အတူ

တေးရေး-သားသား

  • သမီးချော့တေး (၂၀၂၀) အိအိနှင့်အတူ

တေးရေး-ဖိုးစည်

  • Virus (၂၀၂၀)

Esther Dawt Chin Sung , Benjamin Sum , Saw Htet Naing Soe , David Lai တို့နှင့်အတူ တေးရေး-စောထက်နိုင်စိုး

သီချင်းဟောင်း ပြန်လည်သီဆိုမှု

[ပြင်ဆင်ရန်]
  • မွန်တို့ဌာ‌နေ (၂၀၂၀)
  • စွယ်တော်နှလုံးသား (၂၀၂၀၊ မိခင်ဖြစ်သူ တေးသံရှင် အိအိနှင့်အတူသီဆိုသည်။
  • ‌မောင်ဘဦး (၂၀၂၀)

ကိုးကား

[ပြင်ဆင်ရန်]
  1. "ထူးထူးခြားခြားတဦးတည်းပြိုင်ပြီး Winner ဖြစ်ခဲ့ရတဲ့ Myanmar Idol Season 3 ရဲ့ Final ည" (in my)၊ The Irrawaddy၊ 12 August 2018။
  2. "ချမ်းမြေ့မောင်ချိုလာရောက် မယှဉ်ပြိုင်သဖြင့် Myanmar Idol Season 3 Winner ဆု ဖြိုးမြတ်အောင် ရရှိ" (in my)၊ The Myanmar Times၊ 11 August 2018 2 January 2020 တွင် ပြန်စစ်ပြီး Archived from the original on 25 September 2019။
  3. 1 2 3 "အားပေးရကျိုးနပ်အောင် ကြိုးစားမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို" (in my)၊ Mizzima၊ 17 January 2019။
  4. "Myanmar Idol တေးသံရှင် ချမ်းမြေ့မောင်ချိုရဲ့ သီချင်းသစ်-အိပ်မက် (ရုပ်သံ)" (in my)၊ Democratic Voice of Burma၊ 1 March 2019။
  5. "ပထမဆုံးတစ်ကိုယ်တော်သီချင်းအတွက် စိတ်လှုပ်ရှားနေတဲ့ ချမ်းမြေ့မောင်ချို" (in my)၊ 7Day News၊ 1 March 2019 2 January 2020 တွင် ပြန်စစ်ပြီး Archived from the original on 25 September 2019။
  6. "ချမ်းမြေ့မောင်ချို၏ ELEVEN တေးစီးရီးသစ် မိတ်ဆက်(ဓာတ်ပုံ)" (in my)၊ Democratic Voice of Burma၊ 23 December 2019 2 January 2020 တွင် ပြန်စစ်ပြီး Archived from the original on 1 January 2020။
  7. "မြန်မာအိုင်ဒေါတေးသံရှင် ချမ်းမြေ့မောင်ချို တကိုယ်တော် အယ်လ်ဘမ်ထွက်မည်" (in my)၊ Democratic Voice of Burma၊ 12 December 2019။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]