အိအိ

ဝီကီပီးဒီးယား မှ
အိအိ
မွေးဖွား (1965-11-14) ၁၄ နိုဝင်ဘာ၊ ၁၉၆၅ (အသက် ၅၈)
မန္တလေးမြို့မြန်မာနိုင်ငံ
ဂီတဟန်ပေါ့ပ်ဂီတ
အလုပ်အကိုင်အဆိုတော်၊ တေးရေး
တူရိယာအဆို
တက်ကြွသည့်နှစ်များ၁၉၉၀–၁၉၉၅
၂၀၁၇–လက်ရှိ
ပူးတွဲ ပါဝင်မှုဇာလီနိုင်၊ သီရိကိုကို

အိအိ (၁၄ နိုဝင်ဘာ ၁၉၆၅ မွေးဖွား) သည် မြန်မာ အမျိုးသမီး အဆိုတော်တစ်ဦးဖြစ်သည်။ သူမသည် ၁၉၉၀ ဆယ်စုနှစ်များက ကျော်ကြားခဲ့သူဖြစ်ပြီး ကာရာအိုကေဂီတလုပ်ငန်းတွင် နာမည်ကြီးခဲ့သည်။[၁] [၂] အဆိုတော် ဇာလီနိုင်နှင့် သီရိကိုကိုတို့နှင့်အတူ သီဆိုခဲ့ပြီး "မြားသုံးစင်း" အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။ [၃]

သူမသည် အိမ်ထောင်ကျပြီးနောက် ၂၃ နှစ်လုံးလုံး ဂီတလုပ်ငန်းမှ ပျောက်ကွယ်နေခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူမှာ မောင်မောင်ချိုဖြစ်ပြီး၊ သမီးတစ်ဦးနှင့် သားတစ်ဦး ရှိသည်။ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ဇာလီနိုင်၊ သီရိကိုကိုတို့နှင့်အတူ "မြားသုံးစင်း" အယ်လ်ဘမ်၏ ဗားရှင်းသစ်ကို ဖြန့်ချိကာ ဂီတလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။[၄] သူမ၏သား သူရမောင်ချိုသည် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမ၏သမီးဖြစ်သူ ချမ်းမြေ့မောင်ချို သည် အဆိုတော်တစ်ဦး ဖြစ်သည်။[၅]

Discography[ပြင်ဆင်ရန်]

တစ်ကိုယ်တော်အယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • မြားသုံးစင်း (၁၉၉၃)
  • မြားသုံးစင်း (ဗားရှင်းအသစ်) (၂၀၁၈)

ကိုးကား[ပြင်ဆင်ရန်]

  1. "နှစ် ၂၀ ကျော်ကြာမှာ ပြန်ထွက်ပေါ်လာတဲ့ မြားသုံးစင်း" (in my)၊ Duwun Media။ 15 July 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 3 June 2018။ 
  2. "သီရိကိုကို၊ အိအိနှင့် ဇာလီနိုင်တို့ ခေတ်ပြိုင်သုံးဦး၏ ‘မြားသုံးစင်း’ ကာရာအိုကေထွက်ရှိ" (in my)၊ 7Day News၊ 1 June 2018။ 5 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 4 June 2018။ 
  3. "သားနဲ့သမီးအတွက် ဂီတကိုစွန့်လွှတ်ခဲ့တဲ့ အဆိုတော်အိအိ" (in my)၊ Popular News Journal။ 15 July 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 8 July 2018။ 
  4. Yu Phyu Han။ "တိတ်ခွေခေတ်မှာ အောင်မြင်ခဲ့တဲ့ “မြားသုံးစင်း” သီချင်းခွေ ပြန်လည် ထွက်ရှိ" (in my)၊ The Irrawaddy၊ 31 May 2018။ 5 August 2018 တွင် ပြန်စစ်ပြီး 
  5. "တစ်ကျော့ပြန်ဂီတလောကထဲဝင်လာတဲ့ အိအိ၊ဇာလီနိုင် နဲ့ သီရိကိုကို" (in my)၊ MyanmarCelebrity၊ 31 May 2018။ 15 July 2018 တွင် ပြန်စစ်ပြီး