မာတိကာသို့ ခုန်သွားရန်

မြန်မာတိုင်း(မ်)

ဝီကီပီးဒီးယား မှ
(The Myanmar Times မှ ပြန်ညွှန်းထားသည်)
The Myanmar Times
အမျိုးအစားအပတ်စဉ်ထုတ် သတင်းစာ
ပုံစံအချိုးအစားBerliner
ပိုင်ဆိုင်သူMyanmar Consolidated Media Co. Ltd. (MCM)
တည်ထောင်သူရော့စ် ဒန်ကလေ နှင့် ဦးဆန်နီဆွေ
အယ်ဒီတာဒေါက်တာတင်ထွန်းဦး (မြန်မာဘာသာ)
Bill Clough (အင်္ဂလိပ်ဘာသာ)
ဘာသာစကားမြန်မာ၊ အင်္ဂလိပ်
ဌာနချုပ်များအမှတ် ၃၇၉/၃၈၃၊ ဗိုလ်အောင်ကျော်လမ်းကျောက်တံတားမြို့နယ်ရန်ကုန်မြို့
ဝက်ဘ်ဆိုဒ်mmtimes.com
ရန်ကုန်မြို့ရှိ မြန်မာတိုင်း(မ်) ရုံးဌာနချုပ်

မြန်မာတိုင်း(မ်) (အင်္ဂလိပ်: The Myanmar Times) သည် မြန်မာနိုင်ငံတွင် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် အပတ်စဉ်ဂျာနယ်တစ်စောင် ဖြစ်သည်။ မြန်မာဘာသာဖြင့် မျက်နှာ ၆၈ မျက်နှာပါ ဂျာနယ်ကို သောကြာနေ့တွင် ထုတ်ဝေပြီး အင်္ဂလိပ်ဘာသာဖြင့် မျက်နှာ ၄၀ မျက်နှာပါ ဂျာနယ်ကို တနင်္လာနေ့တွင် ပုံနှိပ်ထုတ်ဝေသည်။

မြန်မာတိုင်း(မ်)သည် အပတ်စဥ် ဂျာနယ်များအပြင် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီ ၁၂ရက်တွင် မြန်မာဘာသာဖြင့် နေ့စဥ်သတင်းစာကိုပါ ထုတ်ဝေခဲ့သည်။[]

တည်ထောင်ခြင်း

[ပြင်ဆင်ရန်]

မြန်မာတိုင်း(မ်)ကို ဩစတြေးလျနိုင်ငံသား ရော့စ် ဒန်ကလေ (Ross Dunkley) နှင့် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သိန်းဆွေ၏သား ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ Myanmar Consolidated Media Co. Ltd. (MCM) ပိုင်ဆိုင်သည့် မြန်မာတိုင်း(မ်)သည် လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် တစ်ဦးတည်းသော ဂျာနယ်ဖြစ်သည်။[] သို့သော်လည်း Myanmar Consolidated Media ရှယ်ယာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၄၉ % သာရှိပြီး ကျန် ၅၁ % မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ဦးဆန်နီဆွေအဖမ်းခံရပြီးနောက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၅၁ % ကို မီဒီယာလုပ်ငန်းရှင် ဒေါက်တာ တင်ထွန်းဦးမှ ဆက်ခံခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဝါရင့်အဖျော်ယမကာလုပ်ငန်းရှင်ဖြစ်သော ဦးသိန်းထွန်း က ''The Myanmar Times'' သတင်းစာတိုက်ကို ဝယ်ယူခဲ့သည်။ ထိုသို့ ဝယ်ယူရာတွင် စွယ်စုံမီဒီယာဂရုပိုင်ရှင်ဖြစ်သော ဒေါက်တာတင်ထွန်းဦးနှင့် သတင်းစာတည်ထောင်သူတစ်ဦးဖြစ်သော ရော့စ်ဒန်ကလေတို့ ပိုင်ဆိုင်ထားသည့် ရှယ်ယာများအားလုံးကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် ဦးသိန်းထွန်းသည် သတင်းစာ၏ တစ်ဦးတည်းပိုင်ရှင် ဖြစ်လာခဲ့သည်။[]

ရပ်ဆိုင်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၂ ရက်နေ့တွင် မြန်မာတိုင်းမ်က ထုတ်ဝေနေသည့် မီဒီယာလုပ်ငန်းများအားလုံးကို ၇ ရက်ကြာ ယာယီရပ်ဆိုင်းခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မြန်မာတိုင်းမ်နေ့စဉ် မြန်မာဘာသာ၊ ''The Myanmar Times Daily English''၊ မြန်မာတိုင်းမ် အပတ်စဉ်ဂျာနယ်၊ ''The Myanmar Times'' Facebook Page (မြန်မာနှင့် အင်္ဂလိပ်)၊ ''The Myanmar Times'' Website (မြန်မာနှင့် အင်္ဂလိပ်)၊ ''The Myanmar Times'' Twitter Page၊ ''The Myanmar Times News App'' နှင့် ''The Myanmar Times TV'' တို့၏ လုပ်ငန်းလည်ပတ်မှုများကို အပြီးတိုင် ရပ်ဆိုင်းခဲ့သည်။[]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. သတင်းစာများ ရုန်းကန်နေရချိန်တွင် အသစ်တစ်စောင် ထပ်မံ ထွက်ပေါ် Myanmar Now (၁၀ ဇန်နဝါရီ ၂၀၁၇)။ ၁၆ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. Burma: Co-founder of Myanmar Times On Trial 20 November 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Centre for Independent Journalism, February 8, 2005.
  3. ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ မြန်မာတိုင်း(မ်) သတင်းစာတိုက်ပိုင်ရှင် ကွယ်လွန် Myanmar Now (၁၈ ဧပြီ ၂၀၂၂)။ ၁၆ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. မြန်မာတိုင်းမ်က ထုတ်ဝေတာတွေအားလုံး ၃ လကြာ ယာယီရပ်ဆိုင်း VOM (၂၂ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၆ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။