ကမ္ဘာ့အမွေအနှစ် ကော်မတီ
ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းကို ရွေးချယ်သတ်မှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ကော်မတီသည် ကမ္ဘာ့အမွေအနှစ် ညီလာခံ ပြုလုပ်ခြင်း၊ ရန်ပုံငွေသုံးစွဲမှု စီမံခန့်ခွဲခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုမှုများအရ ဘဏ္ဍာရေးအကူအညီများ ခွဲဝေသတ်မှတ်ခြင်း စသည်တို့ကို ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး[၁] လေးနှစ်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံမှ ရွေးချယ်သည်။[၂]
ကမ္ဘာ့အမွေအနှစ် ညီလာခံအရ ကော်မတီအဖွဲ့ဝင်နိုင်ငံတစ်ခု၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံအများစုမှာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆန္ဒအလျောက် လေးနှစ်အဖြစ် ပါဝင်ရွေးချယ်ကြသည်။[၂] ၁၅ ကြိမ်မြောက် အထွေထွေညီလာခံ (၂၀၀၅) တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ကော်မတီအဖွဲ့ဝင်သက်တမ်းကို ခြောက်နှစ်မှ လေးနှစ်သို့ လျော့ချရန် ဆုံးဖြတ်ခဲ့သည်။[၂]
အစည်းအဝေးများ
[ပြင်ဆင်ရန်]ကမ္ဘာ့အမွေအနှစ် ကော်မတီသည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ရှိနှင့်ပြီးသော ကမ္ဘာ့အမွေအနှစ်နေရာများ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံများမှ တင်သွင်းသော စာရင်းကို ရွေးချယ်သတ်မှတ်ခြင်းတို့ကို ပြုလုပ်သည်။[၂]
အစည်းအဝေး[၃] | နှစ် | ရက်စွဲ | လက်ခံကျင်းပသည့်မြို့ | နိုင်ငံ |
---|---|---|---|---|
၁ | ၁၉၇၇ | ၂၇ ဇွန် - ၁ ဇူလိုင် | ပါရီမြို့ | ပြင်သစ် |
၂ | ၁၉၇၈ | ၅ စက်တင်ဘာ - ၈ စက်တင်ဘာ | ဝါရှင်တန်ဒီစီ | အမေရိကန် |
၃ | ၁၉၇၉ | ၂၂ အောက်တိုဘာ - ၂၆ အောက်တိုဘာ | ကိုင်ရိုမြို့ နှင့် Luxor | အီဂျစ် |
၄ | ၁၉၈၀ | ၁ စက်တင်ဘာ - ၅ စက်တင်ဘာ | ပါရီမြို့ | ပြင်သစ် |
၅ | ၁၉၈၁ | ၂၆ အောက်တိုဘာ - ၃၀ အောက်တိုဘာ | ဆစ်ဒနီမြို့ | ဩစတြေးလျ |
၆ | ၁၉၈၂ | ၁၃ ဒီဇင်ဘာ - ၁၇ ဒီဇင်ဘာ | ပါရီမြို့ | ပြင်သစ် |
၇ | ၁၉၈၃ | ၅ ဒီဇင်ဘာ - ၉ ဒီဇင်ဘာ | ဖလောရင့်မြို့ | အီတလီ |
၈ | ၁၉၈၄ | ၂၉ အောက်တိုဘာ - ၂ နိုဝင်ဘာ | ဗျူနိုအေးရိစ်မြို့ | အာဂျင်တီးနား |
၉ | ၁၉၈၅ | ၂ ဒီဇင်ဘာ - ၆ ဒီဇင်ဘာ | ပါရီမြို့ | ပြင်သစ် |
၁၀ | ၁၉၈၆ | ၂၄ နိုဝင်ဘာ - ၂၈ နိုဝင်ဘာ | ပါရီမြို့ | ပြင်သစ် |
၁၁ | ၁၉၈၇ | ၇ ဒီဇင်ဘာ - ၁၁ ဒီဇင်ဘာ | ပါရီမြို့ | ပြင်သစ် |
၁၂ | ၁၉၈၈ | ၅ ဒီဇင်ဘာ - ၉ ဒီဇင်ဘာ | ဘရာစေးလေးယားမြို့ | ဘရာဇီး |
၁၃ | ၁၉၈၉ | ၁၁ ဒီဇင်ဘာ - ၁၅ ဒီဇင်ဘာ | ပါရီမြို့ | ပြင်သစ် |
၁၄ | ၁၉၉၀ | ၇ ဒီဇင်ဘာ - ၁၂ ဒီဇင်ဘာ | ဘန်းဖ်မြို့ | ကနေဒါ |
၁၅ | ၁၉၉၁ | ၉ ဒီဇင်ဘာ - ၁၃ ဒီဇင်ဘာ | ကားသေ့မြို့ | တူနီးရှား |
၁၆ | ၁၉၉၂ | ၇ ဒီဇင်ဘာ - ၁၄ ဒီဇင်ဘာ | ဆန်တာဖီမြို့ | အမေရိကန် |
၁၇ | ၁၉၉၃ | ၆ ဒီဇင်ဘာ - ၁၁ ဒီဇင်ဘာ | ကာတာဂျီးနားမြို့ | ကိုလံဘီယာ |
၁၈ | ၁၉၉၄ | ၁၂ ဒီဇင်ဘာ - ၁၇ ဒီဇင်ဘာ | ဖူးခက်မြို့ | ထိုင်း |
၁၉ | ၁၉၉၅ | ၄ ဒီဇင်ဘာ - ၉ ဒီဇင်ဘာ | ဘာလင်မြို့ | ဂျာမနီ |
၂၀ | ၁၉၉၆ | ၂ ဒီဇင်ဘာ - ၇ ဒီဇင်ဘာ | မရီဒါမြို့ | မက္ကဆီကို |
၂၁ | ၁၉၉၇ | ၁ ဒီဇင်ဘာ - ၆ ဒီဇင်ဘာ | နေပလီမြို့ | အီတလီ |
၂၂ | ၁၉၉၈ | ၃၀ နိုဝင်ဘာ - ၅ ဒီဇင်ဘာ | ကျိုတိုမြို့ | ဂျပန် |
၂၃ | ၁၉၉၉ | ၂၉ နိုဝင်ဘာ - ၄ ဒီဇင်ဘာ | မာရာကဲမြို့ | မော်ရိုကို |
၂၄ | ၂၀၀၀ | ၂၇ နိုဝင်ဘာ - ၂ ဒီဇင်ဘာ | ကိန်းမြို့ | ဩစတြေးလျ |
၂၅ | ၂၀၀၁ | ၁၁ ဒီဇင်ဘာ - ၁၆ ဒီဇင်ဘာ | ဟယ်လ်ဆင်ကီမြို့ | ဖင်လန် |
၂၆ | ၂၀၀၂ | ၂၄ ဇွန် - ၂၉ ဇွန် | ဗူးဒပက်မြို့ | ဟန်ဂေရီ |
၂၇ | ၂၀၀၃ | ၃၀ ဇွန် - ၅ ဇူလိုင် | ပါရီမြို့ | ပြင်သစ် |
၂၈ | ၂၀၀၄ | ၂၈ ဇွန် - ၇ ဇူလိုင် | ဆူချောင်မြို့ | တရုတ် |
၂၉ | ၂၀၀၅ | ၁၀ ဇူလိုင် - ၁၇ ဇူလိုင် | ဒါဘန်မြို့ | တောင်အာဖရိက |
၃၀ | ၂၀၀၆ | ၈ ဇူလိုင် - ၁၆ ဇူလိုင် | ဗီလနီးယပ်မြို့ | လစ်သူယေးနီးယား |
၃၁ | ၂၀၀၇ | ၂၃ ဇွန် - ၁ ဇူလိုင် | ခရစ်ချပ်ချ်မြို့ | နယူးဇီလန် |
၃၂ | ၂၀၀၈ | ၂ ဇူလိုင် - ၁၀ ဇူလိုင် | ကီဘတ်စီးတီး | ကနေဒါ |
၃၃ | ၂၀၀၉ | ၂၂ ဇွန် - ၃၀ ဇွန် | ဆာဗေးလ်မြို့ | စပိန် |
၃၄ | ၂၀၁၀ | ၂၅ ဇူလိုင် - ၃ ဩဂုတ် | ဘရာစေးလေးယားမြို့ | ဘရာဇီး |
၃၅ | ၂၀၁၁ | ၁၉ ဇွန် - ၂၉ ဇွန် | ပါရီမြို့ | ပြင်သစ် |
၃၆ | ၂၀၁၂ | ၂၅ ဇွန် - ၅ ဇူလိုင် | စိန့်ပီတာစဘတ်မြို့ | ရုရှား |
၃၇ | ၂၀၁၃ | ၁၇ ဇွန် - ၂၇ ဇွန် | ဖနွမ်းပင်မြို့ | ကမ္ဘောဒီးယား |
၃၈ | ၂၀၁၄ | ၁၅ ဇွန် - ၂၅ ဇွန် | ဒိုဟာမြို့ | ကာတာ |
၃၉ | ၂၀၁၅ | ၂၈ ဇွန် - ၈ ဇူလိုင် | ဘွန်းမြို့ | ဂျာမနီ |
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ အဖွဲ့ဝင်နိုင်ငံများ
အဖွဲ့ဝင်[၄] | ကိုယ်စားပြု | မှတ်စု |
---|---|---|
အယ်လ်ဂျီးရီးယား | ||
ကမ္ဘောဒီးယား | ||
ကိုလံဘီယာ | ||
အက်စတိုးနီးယား | ||
အီသီယိုးပီးယား | ||
ပြင်သစ် | Vice-chairperson | |
ဂျာမနီ | ||
အိန္ဒိယ | ||
အီရတ် | ||
ဂျပန် | ||
မလေးရှား | Vice-chairperson | |
မာလီ | ||
မက္ကဆီကို | Beatriz Hernández Narváez | Rapporteur/Vice-chairperson |
ကာတာ | ||
ရုရှား | Mitrofanova Eleonora | Chairperson |
ဆီနီဂေါ | ||
ဆားဘီးယား | ||
တောင်အာဖရိက | Vice-chairperson | |
ဆွီဒင် | ||
ဆွစ်ဇာလန် | ||
ထိုင်း | ||
အာရပ်စော်ဘွားများပြည်ထောင်စု | Vice-chairperson | |
စုစုပေါင်း | ၂၁ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ According to the UNESCO World Heritage website, States Parties are countries that signed and ratified The World Heritage Convention. As of March 2013, there are a total of 190 State Parties.
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ The World Heritage Committee။ UNESCO World Heritage Site။ 2006-10-14 တွင် ပြန်စစ်ပြီး။
- ↑ Sessions။ UNESCO World Heritage Site။
- ↑ UNESCO World Heritage Centre - 36th session of the Committee
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Wikimedia Commons ရှိ ကမ္ဘာ့အမွေအနှစ်နေရာများ နှင့်ပတ်သက်သော မီဒီယာများ
- UNESCO World Heritage portal — တရားဝင်ဝက်ဘ်ဆိုဒ်
- The World Heritage List — Official searchable list of all Inscribed Properties