ဟယ်လ်ဆင်ကီမြို့
| ဟယ်လ်ဆင်ကီ ဟယ်လ်ဆင်ကီ – Helsingfors | ||
|---|---|---|
| မြို့ | ||
| Helsingin kaupunki Helsingfors stad | ||
| ||
| နာမည်ပြောင်(များ): Stadi, Hesa[၁] | ||
| Location of ဟယ်လ်ဆင်ကီ in Finland | ||
| ကိုဩဒိနိတ်: 60°10′15″N 024°56′15″E / 60.17083°N 24.93750°Eကိုဩဒိနိတ်: 60°10′15″N 024°56′15″E / 60.17083°N 24.93750°E | ||
| Country | Finland | |
| Region | ဦးဆီမား | |
| Sub-region | Helsinki | |
| Charter | 1550 | |
| Capital မြို့ | 1812 | |
| အစိုးရ | ||
| • Mayor | Jussi Pajunen | |
| • သိပ်သည်းမှု | ၀/km၂ (၀/sq mi) | |
| အချိန်ဇုန် | EET (UTC+2) | |
| • နွေရာသီ (DST) | EEST (UTC+3) | |
| ဝက်ဘ်ဆိုဒ် | www.hel.fi | |
ဟယ်လ်ဆင်ကီမြို့ သည် ဖင်လန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ဟယ်လ်ဆင်ကီမြို့သည် ဖင်းလန်နိုင်ငံ၏မြို့တော်ဖြစ်၍ဖင်းလန်ပင်လယ်ကွေ့မြောက်ဘက် ကမ်းခြေပေါ်တွင်တည်ရှိသည်။ ရုရှနိုင်ငံရှိ လီနင်ဂရက်မြို့မှ အနောက်ဘက်သို့မီးရ ထားလမ်းဖြင့် မိုင် ၂၅ဝ ကွာဝေးသည်။ ဟဲလဆင်းကီးမြို့သည် သင်္ဘောဆိပ်ကမ်းရှိသဖြင့် ဖင်းလန်နိုင်ငံ၏ ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်သည်။ ဆောင်းရာသီတွင်ဆိပ်ကမ်းသည် ရက်သတ္တလေးပတ် ခန့်မျှရေခဲဖြင့်ပိတ်ဆို့လျက်ရှိတတ်သည်။ ဂရိတ်ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဆွီဒင်နိုင်ငံတို့နှင့် ကုန်အရောင်းအဝယ် ဆက်သွယ်လျက်ရှိ၍ သစ်စက္ကူ၊ ဆဲလျူလို့တို့ကိုတင်ပို့ရောင်းချသည်။ သကြားစက်၊ အရက်ချက်စက်၊ စက်ကရိယာထုတ်လုပ်သည့်စက်၊ ကောဇော ရက်လုပ်သည့်စက်စသောစက်မှုလုပ်ငန်းများလည်းရှိသည်။ ဟဲလဆင်းကီးမြို့သည်ဖင်းလန်နိုင်ငံတွင်ပညာရေးနှင့် ယဉ်ကျေးမှုထွန်းကားရာ ဗဟိုဌာနဖြစ် သည်။ ၁၉၅၂ ခုနှစ် အိုလင်းပစ်အားကစားပွဲကို ဟယ်လ်ဆင်ကီမြို့၌ ကျင်းပခဲ့သည်။ လူဦးရေ ၅၂၆၈၉၆ ယောက်(၁၉၆၇)နေထိုင်သည်။ ဆွီဒင်လူမျိုးတို့က ထိုမြို့ကို ၁၅၅ဝ ပြည့်နှစ်တွင် တည်ခဲ့ကြသည်။ မူလမြို့ကွက်သည်လက်ရှိမြို့တည်ရာမှ အရှေ့မြောက်ဘက်ငါးမိုင်အကွာတွင်ဖြစ်၍ ၁၆၄၂ ခုတွင် လက်ရှိနေရာသို့ပြောင်းရွှေ့ခဲ့ကြ သည်။ ၁၉၁၉ ခုနှစ်တွင် ဖင်လန်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်လာသည်။ ၁၉၃၉-၄ဝ ပြည့်နှစ်အထိဖြစ်ပွားသောရုရှား ဖင်လန်စစ်ပွဲတွင် ဟယ်လ်ဆင်ကီမြို့သည် ရုရှလေတပ်မှ ဗုံးကြဲတိုက်ခိုက် ခြင်းကိုခံခဲ့ရသည်။ ထိုနောက် ၁၉၄၁ ခုနှစ်တွင် ဖင်လန်နိုင်ငံသည် ဂျာမနီနိုင်ငံနှင့်ပူးပေါင်း၍ ရုရှနိုင်ငံကို တိုက်ခိုက်သည်။ ၁၉၄၄ ခုနှစ်တွင် ရုရှနိုင်ငံနှင့် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြ လေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Ainiala၊ Terhi (2009)။ Place Names in the Construction of Social Identities: The Uses of Names of ဟယ်လ်ဆင်ကီ။ Research Institute for the Languages of Finland။ 22 September 2011 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)